Final

248 17 0
                                    

Fifty Shades Of Mafia
[🌴2Jae🌻_👑Jackbam🐍]
::::::::::::::::    :::::::::::::::::

(Unicode)

၂၀၂၀ခုနှစ်ရဲ့ နို၀င်ဘာဖြစ်တယ်။

ချစ်ဦးသူဟာ နို၀င်ဘာမှာ ထွက်သွားခဲ့ပြီ။ဘယ်တော့မှ ပြန်မလာနိုင်ခြင်းတွေနဲ့ပေါ့။
အချစ်မရှိတဲ့ နို၀င်ဘာဟာ ပန်းတိုင်ပျောက်လို့ အသည်းတွေကြွေမွရပါသည်။ရှင်သန်ခြင်းတွေဟာ အဓိပ္ပာယ်မဲ့လို့ အလွမ်းတွေဟာ ဆောင်းလေကြားကနေ ကူလူးကာ သာမန်ထက် ပိုချမ်းအေးလို့ နေတယ်။ဆောင်းဦးက စရောက်ကတည်းကနေ ကလေးတွေကို ညှာတာခြင်းမရှိခဲ့ပေ။

ငါမယုံဖူး တဲ့။ ယောင်းဂျယ်ဟာ ပြီးခဲ့တဲ့ ဆောင်းတွင်းကာလလုံး ဒီစကားကိုသာ အသွင်သွင်ရွတ်လို့ အခန်းထောင့်မှာ ညတိုင်းငိုကြွေးနေတယ်။အိပ်ယာထဲ လဲနေပြီး ဝှီးချဲအကူညီယူနေရတဲ့ bambamကို တွေ့လိုက်ရချိန် သူထပ်ပြီး ကြေကွဲရသည်။သူ့မှာက မိဘနှစ်ပါးရှိသေးပေမယ့် bambamမှာတော့ ဘာတစ်ခုမရှိတော့ဖူးမလား??

ဒီကနေ့ဟာ ၂၀၂၁ခုနှစ်ရဲ့ မတ်လ ပထမအပတ်ဖြစ်တယ်။နွေဦးက လေနွေးနွေးတွေနဲ့ ကြိုဆိုသည်။ဒီချိန်ဟာ နေရောင်ခြည်ကို မျက်နှာတော်မူတဲ့ နေကြာတွေ အစွမ်းကုန် ပွင့်လန်းတဲ့ မတ်လဖြစ်တယ်။ပြီးတော့ ချစ်သူမရှိတဲ့ ရက်ပေါင်း ၁၀၀ ဖြစ်တယ်။

ယောင်းဂျယ်ဟာ အိပ်ခန်းထဲကနေ အပြင်ကို စတင်ခြေလှမ်းချခဲ့ပြီး ထူထူထောင်ထောင်ဖြစ်လာသည်။၀မ်အိမ်တော်ကလူတွေက ၀မ်းပန်းတသာ ကြိုဆိုခဲ့ပြီး မိဘနှစ်ပါးကတော့ ပျော်ရွှင်မဆုံးပေါ့။သူကပဲ အခန်းထဲ ပျော့ခွေနေတဲ့ ဘမ်းဘမ်းကို နေရောင်ခြည်စတင် ထိတွေ့ပေးတယ်။ခုထိတော့ အဲ့ကောင်လေးက ဘီးပါတဲ့အဲ့ထိုင်ခုံ အကူညီနဲ့ပဲ။၀မ်အိမ်တော်ရဲ့ ဥယျာဥ်ခင်းထဲ သူကိုယ်တိုင် အဲ့ထိုင်ခုံကိုတွန်းလို့ ခေါ်သွားတယ်။

"မင်းယုံလား? "
ပန်းခင်းထဲ ခြေဆင်းထိုင်လိုက်တဲ့ ယောင်းဂျယ်က ပြောသည်။အခု သူတို့နှစ်ယောက်ဟာ မျက်နှာချင်းဆိုင်အနေအထားမှာ။

"ငါ့ကိုကိုက အသက်ရှင်နေသေးတယ် "

Bambam ကခေါင်းမော့လာပြီး ယောင်းဂျယ်ကိုငေးတယ်။မျက်နှာက အတော်ချောင်ကျသွားပြီး မျက်လုံးတွေက အရောင်ဖျော့လို့။

Fifty Shades Of Mafia [Completed]Where stories live. Discover now