Chapter-20

215 16 4
                                    

Fifty Shades OF Mafia
[🌴2Jae🌙_👑Jackbam🐍]
:::::::::::::::        :::::::::::::::

[Zawgyi]

ဒီနေ့ယောင်းဂျယ်တို့အစောကြီးနိုးသည်။အိပ်မက်ထဲမှာ လူကြီးကသူ့ကို ဖက်ထားပြီး အိပ်ပျော်နေတာတဲ့။တညလုံးနွေးထွေးပီး သူလည်းအိပ်လို့ကောင်းခဲ့သည်။အော် တကယ် လူကြီးကို လွမ်းနေတာပဲ။

အစောကြီး နိုးနေတာနဲ့ပဲ cocoမနဲ့ လမ်းလျှောက်ထွက်ဖြစ်တော့ မရောက်တာကြာပီဖြစ်တဲ့ ပတ်ဝန်းကျင်ကြောင့် လန်းဆန်းသွားရသည်။ဒီအိမ်တော် ဒီဂိုဏ်းရောက်တည်းက အပြင်ကို သိပ်မထွက်ဖြစ်ခဲ့တာ။ ခုမှ သဘာဝလေအေးကြောင့် ကြည်လင်နေရောပဲ။ဒီနေ့တော့ ယောင်းဂျယ်မပျင်းရတော့ပေ။

အိမ်တော်ပြန်ရောက်တော့ ခြံထဲ အပင်တွေ ရေလောင်းပေါင်းသင်နေတဲ့ ဖခင်ကို တွေ့လိုက်ရတော့ ခြေလှမ်းတွေတုံ့ဆိုင်းကုန်သည်။

"အာပါး ? "

ရေပိုက်ကိုင်ထားတဲ့အဖေကလှမ်းကြည့်ပြီး ရယ်ပြသည်။

"သားပြန်ရောက်ပြီလား? "

"အာပါး ဘယ်တုန်းကပြန်ရောက်တာလဲ? "

"အာ "

"ဒါဆို ဟိုလူကြီးကော ရောက်ပီပေါ့ "

"အင်း အခန်းထဲမှာ အော် သားငယ် ဟိတ်ကောင်လေး ဖြေးဖြေး "

အဖေစကားကို ဆုံးအောင်တောင် နားမထောင်သွားဖူး။အိမ်ထဲပြေးဝင်သွားတာများ ချော်လဲကုန်မြှဖင့်။သူ့လက်က ကြိုးလွှတ်သွားတဲ့ cocoမလေးက ကြောင်တောင်တောင်ကလေး ကျန်ခဲ့ရှာသည်။

"ဒဏ်ရာရထားတာ ဘာလို့ ညတည်းကမပြောလဲကွ? ဟိုအသေးလေးနားတောင်ဝင်အိပ်လိုက်သေးတယ်ပေါ့ မင်းက  သေတော့ဘယ်လိုလုပ်မလဲ!!!"

"ဒီဒဏ်ရာလောက်လေးနဲ့ ဘာမှမဖြစ်ပါဖူး hyungရာ အားးး!!!! "

"အဲ့တာလား ဘာမှမဖြစ်တာ ? "

အခုပဲ ရှစ်ချက်လောက်ချုပ်ထားတဲ့ ဗိုက်ကဒဏ်ရာကို ဖိပေးလိုက်တော့ သကောင့်သားက ထအော်တယ်။ဒါတောင်ဘာမှမဖြစ်ပါဖူးနဲ့ ။

"မင်း ပေကပ်ကပ်နဲ့ "

ဒုန်း !! ဒုန်း !!!

တံခါးကို ဒုန်းဒိုင်းထုသံကြောင့် သူတို့စကားစတြွေပတ်သွားကြပြီး တယောက်မျက်နှာတယောက် ပြန်ကြည့်နေကြသည်။တံခါးကို ဒီလို လက်လွတ်စပ္ပါယ်ဘယ်သူက လုပ်ရဲမှာလဲ? markက တံခါးထဖွင့်ပေးပြီး jbက သူ့ဗိုက်ကို စောင်နဲ့ အမြန်ကွယ်ထားလိုက်သည်။တံခါးဖွင့်ပေးနေတာပဲကို အသေးလေးက အလုအယက် တိုးဝင်လာတော့တာ။ကုတင်ပေါ်က သူ့ကိုလည်းတွေ့ရော ခြေစုံရပ်သွားသည်။

Fifty Shades Of Mafia [Completed]Where stories live. Discover now