Chapter-17

257 22 0
                                    

Fifty Shades OF Mafia
[🌴2Jae🌞_👑Jackbam🐍]
:::::::::::::::::                ::::::::::::::::::

[Zawgyi]

Ratchada Rot Fai Night Market
(Ratchada Train Night Market)

ထိုင်းနိုင်ငံကိုရောက်ရင် မဖြစ်မနေ လုပ်သင့်တာတခုရှိတယ်။ ဘာလဲဆိုတော့ ညဈေးတန်းက Street Food စားရဖို့ပဲ ။ဘန်ကောက်ရဲ့ ညဈေးတန်းတွေက တကယ်မိုက်တာ။အဲ့တာကြောင့် အခု သူတို့အားလုံး လတ်ချဒါ(ratchada rot fai)ညဈေးတန်းကို သွားဖို့ပြင်ဆင်နေကြတယ်။rot faiဆိုတာက ထိုင်းစကားမှာ မီးရထားဖြစ်တာမို့ သူတို့အဲ့နေရာကို ရထားစီးသွားရမှာပဲဖြစ်တယ်။အဲ့marketမှာက ချင်းမိုင်စတိုင်ရိုးရာမုန့်တွေအစုံရှိသလို အသုံးအဆောင် အ၀တ်အစားအပြင် barလည်း ရှိသေးတော့ ပိုစုံသည်။

ဟိုတယ်ကနေ ရထားဘူတာကို တက္ကစီပဲ စီးသွားကြသည်။ညနေက ကမ်းခြေမှာ ရေမကူးပဲ ပလူးခဲ့ကြတဲ့ သူတို့အတွဲကိုယ်စီဟာ ခုတော့ရထားပေါ်မှာ သီချင်းလေးတညည်းညည်းနဲ့ ညဈေးသွားဖို့ တက်ကြွနေကြတယ်။

Thailand Culture ဘူတာမှာဆင်းကြပြီးလမ်းဆက်လျှောက်ကြသည်။ညလေအေးက တဖြူးဖြူးနဲ့ မြူးလို့ကောင်းသည်။ယောင်းဂျယ်ကတော့ စိတ်ကောက်နေပြီ။ကလေးက အားအားယားယားတော့မကောက်ပါလေ။ဘာကိုကောက်သလဲမေး။

ဒီကိုမလာခင် သူ့လူကြီးနဲ့သူနဲ့ဟာ အ၀တ်အစားကိစ္စတော်တော်ပြသာနာတက်ခဲ့ကြတာ။ညဈေးမို့ ပေါ့ပေါ့ပါးပါးဖြစ်အောင် တီရှပ်ပါးပါးလေးနဲ့ ဒူးအထက်ဘောင်းဘီတိုအမဲလေးဝတ်ထားတဲ့ သူ့ကို အတင်းပြန်လဲခိုင်းတာ။အေးတယ် ညဘက်အေးတယ်ဆိုပြီး ဟိုဒီကြီးတွေကောက်စွပ်ပေးပြီး ဂျင်းဘောင်းဘီရှည်ကြီးနဲ့မှ အပြင်ထွက်ခွင့်ပေးတယ်။သူကျတော့ စွပ်ကြယ်ချိုင်းပြက်နဲ့ထွက်လာတာ။

ကြည့်အုံး ပခုံးကလဲ အကျယ်ကြီး
လက်မောင်းကြီးနှစ်ဖက်ကလည်း အကြီးကြီး
အသားတွေကလဲ ဖွေးစွတ်နေတာပဲ။
ဒါလားမာဖီးယား❓
သူစိတ်ကောက်တာ မလွန်ဖူး
ဟုတ်တယ် သူကျတော့ ဖော်ချင်တိုင်းဖော်
ဗလကြွားပြနေပြီး သူ့ကျမှ လုံလုံခြုံခြုံကြီးကို ဆင်ထားတာကြီးက
ဘာအထာလဲ❓
ချီးအထာ ‼️
ငါယိုးမာဖီးယားကြီး❗️
ငါယိုးမျက်မှေးကြီး ❗️

Fifty Shades Of Mafia [Completed]Where stories live. Discover now