Chapter-13

305 24 6
                                    

Fifty Shades OF Mafia
[🌴2Jae🌞_👑Jackbam🐍]
:::::::::::::::      :::::::::::::::::

Zawgyi

အင်ညီအကိုသုံးယောက်နဲ့ ယောက်ဖဖြစ်သူ jacksonတို့ အတူ ထမင်းစားသောက်နေကြခြင်းဖြစ်သည်။ဇွန်းသံခက်ရင်းအသံကလွဲ တိတ်ဆိတ်နေတဲ့ ထမင်းဝိုင်းကို jin youngကစတင်ဖြိုခွဲလိုက်သည်။

"hyung bangkokကို ကိုယ်ပိုင်လေယာဉ်နဲ့ပဲသွားမှာမလား ?"

"အင်းပေါ့ "

ဒေါက် ! ဒေါက် !

ထမင်းစားခန်းတံခါးကို လာခေါက်ခြင်းဖြစ်သည်။ပြိုင်တူ ကြည့်မိတော့ တံခါးဝမှာ ယောင်းဂျယ်က ဦးညွှတ်ပြသည်။JBက တချက်သာကြည့်ပြီး ထမင်းကိုသာ အာရုံစိုက် ဆက်စားတော့သည်။

"Nyoung Hyungက ခေါ်တယ်ဆိုလို့ပါ "

"အာ ဟုတ်တယ် အဆင့်သင့်ဖြစ်ပြီမလား ? "

"ဟုတ် ဟုတ်ကဲ့ အဆင့်သင့်ပြင်ထားပြီးပါပြီ ဟီး"

"ဒီည ခြောက်နာရီ ထွက်မှာနော် "

"ဟီးဟီး ဟုတ်ကဲ့ hyung " 

"ဘာတွေပြောနေကြတာလဲ? "

တချိန်လုံးတိတ်ဆိတ်နေတဲ့ Jbက တာဝါတစ်ခုနဲ့ ပါးစပ်သုတ်ကာ မေးလာသည်။ထမင်းစားလို့ပြီးသွားထင်သည်။

"ဒီအသေးလေးကို ဘန်ကောက်ခေါ်သွားမလို့လေ hyung ရဲ့ "

jin young က ရွှန်းရွှန်းစားစားထပြောသည်။စရောက်တည်းက သူ့လူကြီးမျက်နှာကို ငေးမောနေရသည့် ယောင်းဂျယ်ဟာ အခုလည်း ဂျင်းယောင်းပြောတဲ့စကားကြောင့် သိသိသာသာ မျက်မှောင်ကြုတ်သွားသည်ကို သူမြင်လိုက်ရသေးသည်။

ဘာအဓိပ္ပါယ်လဲ ဒါက ?

ငါလိုက်မှာကို ဘ၀င်မကျတာလား ?

"ဘယ်သူ့သဘောနဲ့လဲ ?
မင်းပြောတော့ family trip ဆို
ဘာလို့ သူစိမ်းတွေပါ လျှောက်ခေါ် ? "

"Hyung !!! "

"မင်းကကော ဘာကိစ္စ လိုက်မလို့လဲ? "

"Hyung !!! "

သူစိမ်း ... သူစိမ်း ...?
မနေ့က သူ့ကို မြွတ်မြွတ်သိပ်သိပ်နမ်းခဲ့တဲ့ လူက
အခု သူ့ကို သူစိမ်းတဲ့
ဟုတ်သားပဲ သူတို့နှစ်ဦးသားက ဘာသွေးတော်သားစပ်လို့လဲ ?
ချစ်တယ်လို့တောင် အပြောမခံရပဲ
ချစ်သူတွေတောင်မဖြစ်ရသေးပဲ
သူ့အချစ်ဦး ကိုယ့်အချစ်ဦးသာ ဖြစ်နေခဲ့ပြီး
အချိန်တွေကြာမှ ပြန်တွေ့ရလို့
ဝမ်းသာအားရ ပြေးဖက်ခဲ့ကြတဲ့
မိတ်ဆွေသာသာပဲ ။

Fifty Shades Of Mafia [Completed]Where stories live. Discover now