Chapter-9

352 27 3
                                    

Fifty Shades OF Mafia
[🌴2jae🌙_👑Jackbam🐍]
::::::::::::::::::::::::: ::::::::::::::::::::::::::

Zawgyi ::::

Wedding Day..

wedding ကို ဂျေဝိုင်ပီအိမ်တော်ထဲမှာပဲ ရိုးရိုးလေးကျင်းပဖြစ်သည်။ခင်မင်ရသည့် လူကြီးလူကောင်းများနဲ့ ဂိုဏ်းထဲအကြီးအကဲများကိုသာ တက်ရောက်ခွင့်ပေးထားပြီး ရိုးရိုးလေးသာ ကျင်းပဖြစ်သည်။ခုဆို ဂျေဝိုင်ပီ အိမ်တော်ထဲ ဧည့်သည်များနဲ့ ပွဲစည်နေပြီဖြစ်သည်။

သတို့သားငယ်လေးကတော့ အခန်းထဲမှာ ပြင်ဆင်ပေးကြသည့် အလှဖန်တီးရှင်ကြားမှာ စိတ်လှုပ်ရှားစွာ ရှိနေသည်။အလှဖန်တီးရှင်ဆိုတော့လည်း သတို့သမီးလို မိတ်ကပ်အလှတွေပြင်ပေးနေခြင်းတော့မဟုတ်။မျက်နှာကြည်လင်အောင် ပေါင်းတင်ပေးခြင်းနဲ့ အဝတ်အစား အဆင်ပြေကြည့်ကောင်းအောင် ပြုပြင်ပြင်ဆင်ပေးနေခြင်းသာ။ဒီလောက် ကြည့်ကောင်းအောင် ပြုပြင်ပေးနေတာတောင်  make-up artis တွေကို ဟိုလိုလုပ်ပေး ဒီလိုလုပ်ပေးနဲ့ ဘေးနားမှာ အထွန့်တက်နေသည့် အစ်ကိုကြီးကလည်း ရှိနေသေးသည်။

ခန္ဓာကိုယ်ထက် red suit ဝတ်ဆင်လိုက်သည်နဲ့ ကလေးပေါက်စကနေ လူကြီးလူကောင်းလေးတစ်ယောက်လို ဖြစ်သွားသည့် ညီငယ်လေးကို ကြည့်ရင်း သူနှမြောလွန်းနေသည်။အောက်ခံအဖြူလက်ရှည်ပေါ် ကုတ်အနီရောင် ထပ်ဝတ်လိုက်ပြီး လည်တိုင်မှာ နက်ခ်တိုင်အစား ဖဲပြားနီလေးကို ချည်လိုက်သည်။ပြီးနောက် ဘယ်ဘက်ရင်ဘက်ပေါ်မှာ နှင်းဆီပွင့်လေး ထပ်ထိုးပေးလိုက်သည်။Bambam ခုဆို အလွန်ကြည့်ကောင်းသွားပြီဖြစ်သည်။

သန့်ပြန့်ကာ ချောမောနေသည့် ညီငယ်လေးကို ကြည့်ရင်း သူပိုနှမြောလာမိသည်။ဒီလူမမယ် ကလေးငယ်ကို ခန်းမထဲထိ သူလက်တွေနဲ့ တွဲခေါ်ပြီး သူများလက်ထဲ ထည့်ပေးရတော့မှာတဲ့လား...?။တွေးကြည့်ရင် ခဏအတွင်း ဖြစ်ပျက်ခဲ့တာတွေချည်း။တသက်လုံးစောက်ရှောက်လာခဲ့ရတဲ့ ကလေးကို အချိန်တိုအတွင်း တပါးသူလက်ထဲ ထိုးအပ်လိုက်ရမည်က စိတ်မကောင်းနိုင်။ဒီက အစ်ကိုကြီးကသာ သူစိမ်းလက်ထဲ စိတ်မချနိုင်ဖြစ်ပြီး စိုးရိမ်လွန်နေရတာ ကလေးငယ်ကတော့ ပြုံးပျော်နေလိုက်တာများ စိတ်တွေ အတော်ချမ်းသာနေပုံရသည်။

Fifty Shades Of Mafia [Completed]Where stories live. Discover now