Chapter-14

352 21 2
                                    

Fifty Shades OF Mafia
[🌴2Jae🌞_👑Jackbam🐍]
::::::::::::::: :::::::::::::::::

[Zawgyi ]

Wat Arun Pagoda :

သူတို့ရဲ့ ခရီးစဉ်အရ ပထမဦးဆုံးလည်ပတ်မည့်နေရာက famous in bangkokထဲက တခုအပါအ၀င်ဖြစ်တဲ့ တချို့က အာရုံတက်ဘုရားဟုခေါ်ဝေါ်သည့် wat arun ဘုရားသို့ပင်ဖြစ်သည်။

paskaniကနေ သူတို့အားလုံး ထွက်လာဖြစ်ကြပြီး ရထားစီးကြသည်။Sanam Chai (စနန်းချိုင်ဘူတာ)မှာဆင်းကြရသည်။အာရုံတက်ဘုရားဟာ ကျောက်ဖရားမြစ်ကမ်းနဖူးမှာ တည်ထားခြင်းမို့ သူတို့ ကုန်းကြောင်းနဲ့ မပြီးသေးပဲလှေထပ်စီးကြရတော့သည်။လမ်းညွှန်တွေခေါ်ရင် ရှုပ်ရှုပ်ယှက်ယှက်အပိုလူပါမယ်ဆိုပြီး JBက လက်မခံပြန်တော့ သူတို့ google ကိုပဲ အားကိုးရတော့သည်။

boat နဲ့ကူးပြီး မကြာမီ ဘုရားသို့ရောက်ကြသည်။ကြွေထည်ပစ္စည်းရောင်စုံတွေနဲ့သာလျင် တည်ထားသော ထိုwat arunသည် ထိုင်းနိုင်ငံရဲ့ တခြားစေတီတွေနဲ့ မတူကွဲပြားစွာ ထင်ရှားလျက်ရှိသည်။

တရုတ်ပြည်မှ ထိုင်းဘုရင်အတွက် လက်ဆောင်ပဏ္ဍာပေးသည့်ကြွေထည်ပစ္စည်းတွေဟာ
လမ်းခုလပ်မှာ မုန်တိုင်းမိပြီး အပိုင်းအစဖြစ်သွားခဲ့သည်။ထိုအပိုင်းအစတွေနဲ့ စေတီတည်ထားသည်ဟုလည်း ဆိုကြသည်။

ဘုရားကျောင်းတခုလုံးရဲ့ အနုစိတ်လက်ရာတွေကို ကြည့်မယ်ဆို ရှေးခေတ်ထိုင်းလူမျိုးတွေရဲ့ ဗိသုကာလက်ရာ အဆင့်တန်းမြင့်မားပုံကို တွေ့ရမည်။

ဘုရားကျောင်းတခုလုံးရဲ့ အနုစိတ်လက်ရာတွေကို ကြည့်မယ်ဆို ရှေးခေတ်ထိုင်းလူမျိုးတွေရဲ့ ဗိသုကာလက်ရာ အဆင့်တန်းမြင့်မားပုံကို တွေ့ရမည်။

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.

"hyung, bammieတို့လည်းမီးပူဇော်ရအောင်လေ "

Bambamရဲ့ အစချီမှုနဲ့ပဲ သူတို့အတွဲကိုယ်စီ ဘုရားမီးပူဇော်ဖို့ လုပ်ကြတော့သည်။ကိုယ်ယုံကြည်ကိုးရာက ဒီဘာသာမဟုတ်သော်လည်း ကြည်ညိုမှုနဲ့လေးစားမှုထားကာ သူတို့အားလုံး ဂါရ၀ပြုကြသည်။နံ့သာမွှေးတိုင်အရှည်များ မီးညှိထွန်းကာ ဘုရားမီးပူဇော်ပြီး လက်အုပ်ချီရှိခိုးကန်တော့ကြသည်။

Fifty Shades Of Mafia [Completed]Tempat cerita menjadi hidup. Temukan sekarang