Chapter-3

459 31 3
                                    

Fifty Shades OF Mafia
[🌴2jae🌙_🐞Jackbam🐍]
:::::::::::::::::: ::::::::::::::::::

Zawgyi :::

🏘 ဂျေဝိုင်ပီ စံအိမ်တော်နှင့် Wolf -Hound ဂိုဏ်း၏တည်နေရာ...🏤

စံအိမ်တော်မှာ ဘူဆန်မြို့ ရှိ  ဆောင်းဘို့ဒုံ တွင် တည်ရှိနေခြင်းဖြစ်သည်။ပေငါးရာကျော် ကျယ်ဝန်းသော ခြံ၏အလယ်ဗဟိုတွင် စံအိမ်တည်ဆောက်ထားခြင်းဖြစ်ရာ အရှေ့ ဘက်တွင်
ကွန်ကရစ်လမ်းတစ်သွယ်ရှိပြီး ကျန်သည့်မြေမှာ မြက်ခင်းပေါက်ရောက်သည့်မြေသာဖြစ်သည်။

(ဂျေဝိုင်ပီ စံအိမ်တော်...🏘)

ဘေးတစ်ဖက်တွင် မကြီးမသေး တိုက်အိမ်ငယ်လေးတစ်လုံးရှိပြီး ထိုအိမ်ငယ်၏ အနောက်ဘက်ခြမ်းတွင်မူ အဝာရောင် နှင်းဆီပွင့်တွေ ဖူးပွင့်ဝေဆာရာ ပန်းခင်းတစ်ခု တည်ရှိရာဖြစ်သည်။

ထို စံအိမ်ငယ်သည် ခေါင်းဆောင်ကြီး၏ တစ်ဦးတည်းသော ညီငယ်လေး နေထိုင်ပျော်ပါးရာဖြစ်ပြီး ထို နှင်းဆီစိုက်ခင်းကြီးဟာလည်း
ကလေးငယ်ရဲ့ မြတ်နိုးတွယ်တာရာ ဖြစ်သည်။
သူတို့အခေါ် နာဘီ ဘီလာ (လိပ်ပြာစံအိမ်) နာဘီယောင်းယော့ (လိပ်ပြာရပ်ဝန်း )။

( 나비 빌라 -လိပ်ပြာစံအိမ် 🏠)

(나비 영역 - လိပ်ပြာရပ်ဝန်း 🌷)

စံအိမ်၏ အနောက်ဘက် အရပ်တွင်တော့
မိုးပြာရောင်ရှိ ကြည်လဲ့ သန့်ရှင်းသော လေးထောင့်သဏ္ဍန် ရေကန်ငယ်တစ်ခုနဲ့အတူ

စိမ်းစိုရောင် မြက်ခင်းမြေတို့ရှိပြီး ပန်းမျိုးစုံ စိုက်ပျိုးသည့် အလှပန်းအိုးပေါင်းများစွာနဲ့ ပနံသင့်လို့နေသည်။

ထိုအနောက်အရပ်သည် ဟင်းလင်းပြင်ဖြစ်သည်မို့ မိုးကောင်းကင်ကို ဒူးနဲ့ ပြေးတိုက်နိုင်အောင်ထိ နီးစပ်နေသည်ဟု ထင်လောက်အောင်  ကောင်းကင်ကျယ်၏ အလှအပကို အပြည့်အဝ ရှူ စားနိုင်ပေသည်။

ထိုအရပ်သည် ခေါင်းဆောင်ကြီး၏ နှလုံးသည်းပွတ် ယဉ်ကျေးမှု တစ်ခုဖြစ်သည်။

(စံအိမ်ကြီး၏အနောက်ဘက်ခြမ်း...)

စံအိမ်၏ ကျန်ဘေးတစ်ဖက်ခြမ်းတွင်တော့ ဥယျာဉ်တစ်ခုထပ်ရှိနေပြီး ပန်းမျိုးစုံတွေ စိုက်ပျိုးသည့်အတွက် လိပ်ပြာငယ်များနဲ့ ငှက်ပေါင်းသတင်းတို့ လာရောက်ဝဲခိုကြသည့်အခာ နတ်ဗိမာန်သဖွယ် လှပလို့နေပြန်သည်။

Fifty Shades Of Mafia [Completed]Where stories live. Discover now