Chapter-12

282 25 7
                                    

Fifty Shades OF Mafia
[🌴2Jae🌞_👑Jackbam🐍]
:::::::::::::::::::::::::: :::::::::::::::::::::::::

[ Zawgyi::::]
_____________

သက္ကရာဇ် ၂၀၀၃ ခုနှစ် ၊ ဇန်နဝါရ်ီလ  ၆ ရက်

အာပါးအင်ထက်ခ်ဂွန်း ဦးစီးတည်ထောင်သော Wolf Hound ဂိုဏ်း အဆင့်သုံး နေရာမှ ရာထူးတိုးကာ အဆင့်နှစ်သို့ ရောက်သော အချိန်။
သူ့အသက် ရှစ်နှစ်ပြည့်သော မွေးနေ့လည်းဖြစ်သည်။

"မင်းကရုပ်ဆိုးတယ်.."

"မင်းက အရမ်းဝတာပဲ သွား ငါတို့နဲ့ လာမဆော့နဲ့..."

"ငါ ဘယ်မှာ ဝလို့လဲကွ..?မင်းကမှ ပိန်နေတာ.."

"မင်းက ဝက်နဲ့ တူတယ်သွား..."

ထိုကလေးက ပြောပြောဆိုဆိုနဲ့ ဆောင့်တွန်းထုတ်လိုက်တော့ ထိုပုသေးသေးကောင်လေးက မြက်ခင်းပေါ် ဖင်ထိုင်လျက် လှဲကျတော့သည်။အိုး ဘယ်ပြောကောင်းမလဲ..? အော်ငိုလိုက်တာမှ စူးနေရောပဲ..။

"အီးဟီး..ပါးပါးရေ...အီးဟီး ဘေဘီကို အနိုင်ကျင့်နေကြတယ်...အီးဟီး..ပါး.. ပါး... အီးဟီး...."

"ဟိတ် ကလေးတွေ အဲ့လို မလုပ်ရဖူးလေ...သူငယ်ချင်းတွေ အချင်းချင်းတွေပဲ... "

ကိုယ့်ထက် ငယ်တဲ့ သူတွေမို့ ကိုယ်ကပဲ အကြီးပီသစွာ ဖြန်ဖြေတော့ လဲကျနေတဲ့ ကောင်လေးက အငိုရပ်သွားပြီး ကျန်တဲ့ ကလေးသုံးယောက်ကတော့ သူ့ကို ဂြိုလ်ကစ်နေသည်။ဘယ်ဧည့်သည်လူကြီးမင်းတွေရဲ့ ကလေးတွေလည်း မသိ။အကြောလေးတွေက တင်းမယ့်ပုံ။

"အဲ့လို ရန်မဖြစ်ရဖူးလေ မင်းတို့က ချင်းကူးတွေမလား...? "

"မဟုတ်ပါဖူး..."

"အဲ့ဝက်နဲ့ ချင်းကူးမလုပ်ပါဖူး..."

စွာတေးလန်တာမှ ကတ်ကတ်လန်အောင်ကိုပင်။
သူတို့ပြောသလောက် အဲ့ကလေးလေးက အဲ့လောက်လည်း မဝသေးပါ။ကလေးသေးသေးလေးပဲ ရှိသေးတာကို ခုလို လူတန်းစားခွဲခြားပေါင်းတတ်နေကြပြီလား...?

"ကဲကဲ ဟုတ်ပြီ... သူနဲ့ မပေါင်းချင်လည်း သူ့ကိုထားခဲ့ကြတော့..ဟုတ်ပြီလား..? hyung ကပဲ ကြည့်လုပ်လတ်မယ်နော်...အဲ့တာကြောင့် ကလေးတွေက ဟိုဘက်မှာ သွားဆော့ချေနော်...."

Fifty Shades Of Mafia [Completed]Where stories live. Discover now