Chapter-8

332 29 6
                                    

FiFty Shades OF Mafia
[🌴2Jae🌙_🐞Jackbam🐍]
:::::::::::::::::::::::: ::::::::::::::::::::::::::

Zawgyi :::

"သွားတွေ့ရမလား...? မသွားရင် ကောင်းမလား..?
ဦးလေးကြီးက စိတ်ဆိုးနေမလား..? သူ့ဒဏ်ရာက သက်သာပါ့မလား..? အာ သွားတွေ့မယ်.."

Knock! Knock!

JB တစ်ယောက် သူ့အခန်းထဲ လူးလာခေါက်လာလျှောက်ရင်း အတွေးများနေရသည်။အမှားမဆိုသာသည့် အမှားပြုထားမိသူမို့ ကောင်လေးငယ်ကို တွေ့ဖို့မရဲသလို အဖေဖြစ်သူကိုလည်း မျက်နှာမပြဝံ့သာ။

Knock! Knock!

သူတွေဝေနေချိန်မှာတင် အချိန်ကိုက်စွာ တံခါးစောင့်ဆီမှ မစ္စတာချွဲရောက်နေပါသည်ဆိုသည့် အသိပေးသံကြောင့် ပျာမိပြန်သည်။

" ဟင်းး..ဝင်ခဲ့ခိုင်းချေ..."

"အဟမ်း..ကလေးက သက်သာရဲ့လား ဦးလေးကြီး.."

စိတ်အေးအေးထားကာ ဆိုဖာပေါ် အိနြေ္ဒမပျက်ပြန်ထိုင်ရင်း တိတ်ဆိတ်နေသော အခြေနေကို သူသိလိုသမျှမေးမြန်းခြင်းဖြင့် ဖြိုခွင်းလိုက်သည်။

"ဟုတ်ကဲ့ ခေါင်းဆောင်..."

"အင်း.. ကျွန်တော် စိတ်မကောင်းပါဖူး...ဒီကလေးကို ဒီလိုပုံစံနဲ့ ပြန်တွေ့ရမယ် မထင်ထားဖူး..."

"ဦးလေး နားလည်ပါတယ် ..ဝံပုလွေဂိုဏ်းက အကြောင်းမဲ့သက်သက် သူစိမ်းလူကို ခေါ်မသွင်းဖူးဆိုတာကို ဦးလေးကြီး ကောင်းကောင်း သဘောပေါက်တာမို့ ဒီကိစ္စနဲ့ ပက်သက်ပြီး ခေါင်းဆောင်အနေနဲ့ ဦးလေးကြီးအပေါ် အားနာနေဖို့ မလိုပါဖူး....

သေချာပေါက် တစ်ခုခု ဖြစ်ခဲ့မယ်ဆိုတာ သိပါတယ်.."

"ခုလို နားလည်ပေးတာ ကျေးဇူးတင်ပါတယ်...ပြီးတော့ ဝမ်းသာမိတယ်...ဒီကလေးနဲ့ ဦးလေးကြီးတို့ ပြန်ဆုံနိုင်ခဲ့ပြီ..."

"ဟုတ်ကဲ့ ဒါကြောင့်မို့လို့ ဦးလေးကြီး တစ်ခုလောက် တောင်းဆိုချင်ပါတယ်...အရင်တုန်းက အလုပ်ကျွေးပြုခဲ့ဖူးတာကြောင့်ရော တာဝန်ကျေခဲ့ပေးတဲ့ အချိန်တွေကို ထောက်ထားငဲ့ညာပြီးဖြစ်ဖြစ်

ဦးလေးကြီးကို... ထွက်သွားခွင့် ပြုပေးပါလား...?"

"မဖြစ်ဖူး...!! "

Fifty Shades Of Mafia [Completed]Where stories live. Discover now