Chapter-7

352 38 14
                                    

FiFty Shades OF Mafia
[🌴2Jae🌙_🐞Jackbam🐍]
:::::::::::::: ::::::::::::::::::

Zawgyi :::

** ရှပ်...ရှပ်... **

ဟိုဒီအနက်ရောင်ကိုခေါင်းထိဆွဲခြုံထားပြီး mask အနက်ရောင်တပ်ထားသည့် အရိပ်လေးတစ်ခုက ခြေသံဖွဖွလေးလျှောက်ကာ အခန်းထဲမှ ထွက်လာခဲ့သည်နောက် ဘေးဘီဝဲယာကို အရိပ်ခြေကြည့်သည်။ညသန်းခေါင်ယံပေမို့ ဂိုဏ်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ပြီး အလင်းရောင်လဲမရှိသည်မို့ ကျေနပ်မှုကအတိုင်းသား။တစ်ပတ်လောက်နေခဲ့ပြီးသကာလ ဂိုဏ်းရဲ့နေရာ တော်တော်များများ သိနေပြီမို့ အလွယ်တကူ အခန်းတွေကို ဖြတ်သန်းခဲ့ပြီးသည်နောက်မှာ နံရံကြီးကို ကျော်ဖြတ်ရန်သာလိုတော့သည်။နံရံဆိုပေနှင့် တံခါးပေါက်တစ်ချပ်သာဖြစ်သည်။

တံခါးကြီးကို ကျော်ဖြတ်နိုင်ရန် လျှို့ဝှက်ခလုတ်ကို နှိပ်ရမည်တဲ့ အစ်ကိုမင်ဟိုကပြောပြဖူးသည်။ခလုတ် ခလုတ်တွေက ဘယ်နေရာမှာပါလိမ့်..။တံခါးကြီး၏ အထက်အောက် ဘေးပေါ် လိုရမယ်ရ သယ်လာသော ဓာတ်မီးနဲ့ ရှာကြည့်လိုက်သည်။လျင်လျင်မြန်မြန်ရှာလိုက်တော့ နံရံကြီး၏ ညာဘက်အောက်ခြေမှာ ဂဏန်းတွေကို တွေ့လိုက်ရသည်။အစ်ကိုမင်ဟိုပြောပြသည့်အတိုင်း လျှို့ဝှက်ကုဒ်တွေ မြန်မြန်ရိုက်ထည့်လိုက်သော နံရံကြီးက ဘေးသို့တရွေ့ရွေ့ တွန်းသွားပြီး တံခါးကြီး ပွင့်သွားတော့သည်။ပျော်ရွှင်မှုက ပြောမပြတတ်အောင်ပင်။

တံခါးပွင့်ပွင့်ခြင်း မျက်နှာချင်းဆိုင်တွင် လှေကားထစ်တွေရှိပြီး ထိုတံခါးပေါက်ကို ဖြတ်ကျော်ပါက ဂျေဝိုင်ပီစံအိမ်ထဲသို့ ရောက်မည်ဖြစ်သည်။ပြီးနောက် ပတ်ပတ်လည်လည်တွင်တော့ စာအုပ်တွေအပြည့်နဲ့ စင်အကြီးကြီးတစ်ခုသာရှိတော့သည်။အမှန်ဆို ထိုစာအုပ်စင်ကြီးမှာ ဟန်ပြသာဖြစ်ပြီး ထိုနောက်ကွယ်တွင် ဝံပုလွေဂိုဏ်းကြီး တည်ရှိနေခြင်းဖြစ်သည်။

တကယ့်ကို အံမခန်း။ခမ်းနားမှုက မျက်မြင်ကိုယ်တွေ့။ အမှန်တကယ် စာအုပ်စင်ကြီးနောက်တွင် wolfhound တည်ရှိနေပါသည်။အံ့သားသင့်ကာ မျက်လုံးအစုံက ပြူးကျယ်ရပြီး ထိုအခိုက်အတန့်ပေါ် မျောမသွားအောင် ခေါင်းတစ်ချက်ခါကာ ထိန်းလိုက်ရသည်။

Fifty Shades Of Mafia [Completed]Where stories live. Discover now