Chapter-11

367 26 5
                                    

Fifty Shades OF Mafia
[🌴2Jae🌞_👑Jackbam🐍]
:::::::::::::::::::::::::: :::::::::::::::::::::::::

Zawgyi :::

မိသားစုညနေစာထမင်းစားဝိုင်း....

စားပွဲပေါ်မှ ဟင်းလျာအမယ်မယ်ကိုကြည့်ရင်း မာဖီးယားကြီး ရင်သပ်ရှူမောဖြစ်နေရသည်။စားချင်စဖွယ် အဆီအနှစ်တွေနဲ့ မွှေးပျံ့လှတဲ့ ဟင်းလျာတွေဟာတော့ ခရမ်းသီးနဲ့ပုဇွန်နှပ်၊ ငါးသလောက်ပေါင်း၊ ဆိတ်သားအာလူးနဲ့ဘိုကိတ်ပဲနှပ်၊ ဝက်နံရိုးဟင်းချိုနဲ့ ဂျင်းနုနုသုတ် တို့ ဖြစ်သည်။

ထမင်းဝိုင်းထဲ အိမ်တော်ထိန်းမိသားစုဝင်တို့ပါဝင်ပြီး ကြင်စဦးအတွဲနဲ့အတူ mark hyung နဲ့ jbတို့ရှိနေကြသည်။စားဖိုမှူးတွေဟာတော့ ဘေးနားမှာ အရံသင့်ရှိနေကြသည်။

"ဒီနေ့ဟင်းလျာတွေက ကောင်းမယ့်ပုံပဲ...ကဲ သုံးဆောင်ကြရအောင်လား...? "

မာဖီးယားကြီးက လောကွတ်ပြုပြီး ချွဲဦးလေးကြီး ပန်းကန်ထဲသို့ ဆိတ်သားဘိုကိတ်နှပ်ကို ဦးချလိုက်သည်။

"အာ.. အားနာစရာတွေ ဖြစ်ကုန်ပါပြီ သခင်လေးရယ်..."

(စံအိမ်မှာဆို _အကိုလေး or သခင်လေး
ဂိုဏ်းထဲမှာဆို_ခေါင်းဆောင်ကြီး.... 🙌)

"မဟုတ်တာ ဦးလေးကြီးက အကြီးဆုံးပဲကို..
အွန်း...ဆိတ်သားက နူးအိနေတာပဲ.. ဒီနေ့တော့ စာဖိုမှူးကြီးတွေ တယ်ဟုတ်ကြပါလား...? "

ဆိတ်သားပဲနှပ်ကို အရင်ဆုံး မြည်းကြည့်လိုက်ကာ အရသာတွေ့သွားရှာသည့် အိမ်ဦးသခင်လေး။ညားခါစစုံတွဲကတော့ ချီးကျူးထောပနာပြုသံကို ကြားသည်နဲ့ တယောက်မျက်နှာတယောက်ကြည့်ကာ ပြုံးရယ်မဆုံးနိုင်ဖြစ်နေကြသည်။အောင်ပြီကွဆိုတဲ့ အထာတွေနဲ့..။

"သ သခင်လေး..တကယ်တော့လေ..ဒီနေ့ဟင်းလျာတွေအားလုံးက ဒီက လူကြီးမင်းဝမ်လက်ရာတွေပါ..."

"အ..ဟွတ်..ဟွတ်..."

စာဖိုမှူးကြီး၏ မဆိုင်းမတွ ဝန်ခံမှူကြောင့် ဝက်နံရိုးဟင်းချို သောက်နေသော jb သီးသွားရသည်။

"ခေါင်းဆော..ဟမ့် သ..သခင်လေး..ရေ ..."

မျက်နှာချင်းဆိုင်မှာ မျက်လွှာလေးချခေါင်းငုံ့ကာ စားသုံးနေသူလေးက ထစ်ထစ်ငေါ့ငေါ့နဲ့ ရေခွက်လေး ကမ်းပေးရှာသည်။

Fifty Shades Of Mafia [Completed]Where stories live. Discover now