Chapter-25

121 9 0
                                    

FiFty Shades OF Mafia
[🌴2Jae🌻_👑Jackbam🐍]
:::::::::::::::::::::: :::::::::::::::::::::::

(Unicode)

နေရောင်ခပ်စူးစူးကလည်း လိုက်ကာစကနေကုတင်ပေါ်ထိ သူ့ဆီကူးလူး ရိုက်ခတ်လာတော့ တအားပူနွေးလာပြန်တဲ့ အခန်းကြောင့်
ဘမ်းဟာ အိပ်ယာနိုးလာသည်။မနက်အစောပိုင်းတချက်က ကိစ္စတချို့က ခေါင်းထဲ လုယက်ဝင်လာတော့ အရင်ဆုံး ကြည့်မိတာ နံဘေးက တစ်ဉီးဆိုင်နာမ်နေရာလေးကိုပင်။
ထင်တဲ့အတိုင်း နေရာလွတ်နေတာပဲ။

"အော် ဒီတခါလည်း မြင်ယောင်မိတာပဲလား ? "

စားပွဲကနာရီကတော့ မနက်ခင်းဆယ်နာရီခွဲသို့ ညွှန်ပြနေပြီ။ရေချိုးခန်းဝင် ကိုယ်လက်သန့်စင်ပြီးတော့ ညအိပ်ဝတ်စုံနဲ့ပဲ ပျင်းရိပျင်းတွဲနဲ့ သူအောက်ထပ်ဆင်းရပြီ။ဗိုက်က မတရားဆာနေသကိုးး။ဒီကြားထဲအစားအသောက်မှ မမှန်ပဲ။

မီးဖိုချောင်ဝင် ရေခဲသေတ္တာဆီအရင်သွားပြီး ရေအရင်မော့သည်။မျက်လုံးထောင့်ကနေ မြင်နေရတဲ့ အလုပ်ရှုပ်နေတဲ့ ဟင်းချက်အဒေါ်ကြီးကိုလည်း ဒီနေ့ သူမနှုတ်ဆက်နိုင်ပါ။ဘာမှလည်း သိပ်မစားချင်တာမို့ တွေ့တဲ့ပန်းသီးတစ်လုံးကို ကောက်ဆွဲပြီး အပေါ်တက်မည်။ဒီနေ့လည်း အိပ်ယာထဲပဲခွေအုံးမည်။

"မနက်စာကို ဒီအစာမချက်တဲ့ ပန်းသီးပဲလား? "

မယုံကြည်နိုင်သလို မျက်လုံးထောင့်က အရိပ်ကလေးကို အရှိန်ယူပြီး လှည့်ကြည့်မိသည်။ အဒေါ်ကြီးမှ မဟုတ်တာ။ဒါသူရဲ့ သခင်လေးပဲ။လက်ထဲက ပန်းသီးက ကြမ်းပြင်ပေါ်ဘုတ်ခနဲ။

" Hyung ! "

ကိုယ်ပေါ်ပြေးပြီး ခွတက်လာတဲ့ ကလေးပေါက်က သူ့ရင်ထဲအင့်ခနဲပဲ။ပြုတ်ကျမှာစိုးလို့ ယောင်းမအသာချကာ ပင့်ထိန်းထားရသည်။

နှာမှုတ်သံနဲ့ တရှုံ့ရှုံ အသံတွေက ပခုံးဆီမှာပါ စိုစွတ်လာသည်။ဘုရားရေ ကလေးက ငိုနေတာလား။

"Bammie ... Baby...ကလေး ...ကိုယ့်ကိုကြည့်ပါအုံး "

"ထပ် ထပ်ပြီး ပျောက်မသွားပါနဲ့ ... အင့်
ဒါဆို မနက်က အိပ်မက်မဟုတ်ဖူးပေါ့နော်
တကယ်ပဲ မြင်ယောင်နေတယ်ထင်ခဲ့တာ အီးဟီးး... အရမ်းလွမ်းတာပဲ "

Fifty Shades Of Mafia [Completed]Donde viven las historias. Descúbrelo ahora