Chapter-10

393 33 6
                                    

FiFty Shades OF Mafia
[🌴2jae🌞_👑Jackbam🐍]
:::::::::::::::::::::::::: :::::::::::::::::::::::::

Zawgyi :::

"အင်းးး..."

အိပ်ယာနိုးလာသောအခါ အပျင်းထူပြီး ထွက်လာသော ညည်းသံဖြစ်သည်။မျက်လုံးတွေ မဖွင့်နိုင်သေးလည်း အသိအာရုံနိုးကြားလာတာနဲ့
စောင်ဖြူအောက်ကနေ လက်ကလေးတစ်ဖက်ထုတ်ကာ ဘေးကို တစမ်းစမ်းပုံစံ လုပ်နေသည့် ကလေးပေါက်စကို

လက်ထောက်ကာ ထိုလက်ဖက်ပေါ် ခေါင်းတင်ကာ ဇိမ်ပြေလက်ပြေ ကြည့်ရှူနေတဲ့ လူကြီးတစ်ဦးရယ်...
ဇွန်လရဲ့ မနက်ခင်းလေးက သာယာနေခဲ့ပြန်သည်။

ဘေးနားမှာ အသင့်အိပ်နေရမည့် လူက ရှိမနေတာကြောင့် စိတ်ကမကြည်လင်တော့။မျက်လုံးတွေ ဖြတ်ခနဲဖွင့်ပစ်ကာ ထပ်ရှာတော့ နဂိုတိုင်း နေရာလွတ်ကြီးသာ ဖြစ်နေသည်။

"Hyu..."

*Mwah! *

မနက်ခင်း အစောကြီး အိပ်ယာထဲပစ်ထားခဲ့သည့် လူကြီးကြောင့် စိတ်ပူလွန်ပြီး  ဆက်ခနဲ ကောက်ထိုင်ကာ ရှာမယ်ကြံတော့ ဆင်စွယ်ရောင် ဆံပင်တွေပေါ် သူ့အနမ်းက အရင်ဦးသွားသည်။စောင်တစ်ခုတည်းအောက် သူ့နောက်ကျောမှာ သူ့လှုပ်ရှားမှုတိုင်းကို မေးထောက်ကြည့်နေခြင်းဖြစ်တာကို အခုမှ သိလိုက်ရသည်။

"ဟင့် လန့်သွားတာပဲ..."

"အာ ဆောရီး...ကိုယ်ကမင်းပုံစံလေး "

"hyung ထားခဲ့ပြီထင်နေတာ..."

jackson ရင်ခွင်ထဲ အတင်းတိုးဝင်ကာ ချွဲတော့သည်။မျက်ရည်ထွက်မထွက် မသေချာပေမယ့် တဟင့်ဟင့် အသံတွေတော့ ထွက်နေသည်။ဒီကလေး အဲ့လောက်လန့်သွားမယ်မှန်း သူမထင်ထားခဲ့။အမှန်တကယ် အိပ်နေပုံလေးက ချစ်စရာကောင်းလွန်းနေတာမို့ ငေးကြည့်နေခဲ့ရုံပါ။

"ဆောရီး ဘေဘီ! ကိုယ်ဘယ်မှမသွားဖူးလေနော်..ဒီမှာ ရှိနေတာပဲ..မင်းအနားမှာ hyung ရှိနေတာမို့ ဘာမှစိုးရိမ်စရာမလိုဖူး...တောင်းပန်တယ် ..ကိုယ်မရည်ရွယ်ပါဖူး.."

ဂျက်ဆန်ရင်ခွင်ထဲ တိုးတိုးဝင်လာသော အကောင်ပေါက်ကြောင့် နှစ်ယောက်ကြား အကွာအဝေးက ပိုကျဉ်းလာလေလေ အဝတ်မပါတဲ့ ရင်ဘက်ချင်းဟာ နီးကပ်လာလေလေ ဖြစ်သည်။ဘတ်ချလ်လာနိုက်မို့ ညက တူတူအချစ်ရေယာဉ်စီးခဲ့သော်လည်း စိတ်အခြေအနေ ပုံမှန်မဟုတ်သေးတဲ့ ကလေးမို့ လိုချင်သလောက် မယူခဲ့။ ခုခါ မတင်းတိမ်သည့်စိတ်က နှစ်ယောက်န်ီးကပ်လေ အချက်ပြလေဖြစ်ရာ လိုအင်ဆန္ဒတွေကို အတင်းချုပ်တည်းနေရသည်။ သူ့အတွက် အဆင်ပြေနေခြင်းမဟုတ်ပေမယ့် ဆန္ဒကို သိက္ခာနဲ့ ထိန်းနေခြင်း။

Fifty Shades Of Mafia [Completed]Where stories live. Discover now