Chapter-4

419 29 17
                                    

Fifty Shades OF Mafia
[🌴2jae🌙 _🐞Jackbam🐍]
:::::::::::::::::: ::::::::::::::::::

Zawgyi :::

"ငယ်လေး မှာထားတဲ့ spy ကော... ?"

"ကားထဲ ထည့်ထားပြီးပါပြီ ခေါင်းဆောင်.."

"OK! ဒါဆို သွားကြစို့...! အာ ဗြောင်ပဲ ကားမောင်းလိုက်နော်... မိုးချုပ်နေပြီ မစ္စတာချွဲ မမောင်းနဲ့တော့..."

"ဟုတ်ကဲ့ ခေါင်းဆောင်..."

မနက်ဖြန်နံနက်တွင် ဒူဘိုင်းမှ မာဖီးယားဂိုဏ်းနဲ့ ရွှေချောင်းအလွှဲအပြောင်းကိစ္စရှိသည်မို့ နှစ်ဦးနှစ်ဖက်လာရောက်တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်ရာ သွားနေကျအတိုင်း မစ္စတာချွဲ နဲ့ ဗြောင် တို့နှစ်ယောက်နဲ့အတူ Nightmare Bar သို့ လာရောက်ကြခြင်းဖြစ်သည်။

ထွက်လာခါနီး အစ်ကိုဖြစ်သူကို လမ်းကြုံသည်ဖြစ်စေ၊မကြုံသည်ဖြစ်စေ အရုပ်ကလေးဆိုသည့် နာမ်စားအတွက် spy တွေဝယ်လာပေးရမည်ဟု ရာဇသံပေးလိုက်သည့် ညီငယ်ကြောင့် မပါမဖြစ် ဝယ်လာခဲ့ရသည်။
စံအိမ်မှာ hyung သောက်နေကျ ဟာတွေရှိသားပဲလို့်ပြောလည်း လက်မခံ။ဒီစပျစ်ဝိုင်မှ စပျစ်ဝိုင်ကိုသာ လက်ဆောင်ပဏ္ဍာ ပေးချင်လှပါဘိ ဆိုတဲ့ ကိုယ်တော်ချောလေး။တရုတ်ကောင်ကြောင့်နဲ့ အစ်ကိုကိုတောင် ခိုင်းစားတတ်နေပြီ။

အဟင်း..!!!
ညီငယ်လေးကြောင့်သာ မဟုတ်ရင်
သင်းကို ဂုတ်ချိုးပစ်ပြီးနေပြီ။

ဒုန်း....!!

"Shit! လမ်းကို ဘယ်လိုကူးနေတာလဲကွ..?"

ကားရှေ့ ကမန်းကတမ်း ဖြတ်ပြေးလာသော အမျိုးသားတစ်ဦး။ဗြောင်၏ဘရိတ်အုပ်မြန်မှုကြောင့်သာ မဟုတ်ရင် ထိုလူ ကားနဲ့ တိုက်ပြီးနေပြီ။ရုတ်တရက်ကြောင့် နောက်တွင်ထိုင်နေသော JB နဲ့ ဘေးက မစ္စတာချွဲ တို့ ဖရိုဖရဲတွေဖြစ်ကုန်သည်။

"ခေါင်းဆောင်ကြီး အဆင်ပြေရဲ့လား...?"

"အင်း ပြေတယ် တစ်ယောက်ယောက် တိုက်မိသွားသေးလား...?"

"သား..ငယ်..ငါးပူတင်းလေးရေ.. အာ ပါး ငါး ပူ တင်း လေး..."

ဗြောင့်ဘေးက မစ္စတာချွဲ၏ အသံဖြစ်သည်။
ဦးလေးကြီးမှာ ပတ်ထားသော ကားခါးပတ်ကြိုးကို လွှတ်ထွက်သွားမတတ် တင်းနေအောင် ဆုပ်ကိုင်ထားသည်။တစ်စုံတစ်ရာကို အပြင်းအထန် ကြောက်လန့်နေသည့်ပုံမျိုး။ရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နေပြီး တစ်စုံတစ်ခုကို တမ်းတရေရွတ် အသံတွေဟာ တုန်ယင်မောဟိုက်နေပြီး ချွေးစီးပာပြန်နေသည်။

Fifty Shades Of Mafia [Completed]Where stories live. Discover now