Chapter-24

146 15 4
                                    

Fifty Shades Of Mafia
[🌴2Jae🌙 _ 👑Jackbam🐍]
::::::::::::::::: ::::::::::::::::::

(Unicode)

ဟန်းဂုကနေ ထွက်လာပြီး လေဆိပ်အရောက်မှာ လေယာဥ်က အဆင့်သင့်။လေယာဥ်တောင်ပံဆီက တင်း၀မ်ဆိုတဲ့ တံဆိပ်ကြီးက ထင်းပြီး ရဲလို့ ။အသင့်စောင့်နေတဲ့ ဘော်ဒီဂတ်နှစ်ယောက်က သူတို့ဆီလျှောက်လာပြီး ဂျက်ဆန်ကို ဦးညွှတ်အရိုအသေပေးသည်။ပြီးမှ သူ့ဆီက လက်ကေ့ကို လက်ပြောင်းယူသည်။

တဖက် ဝံပုလွေဂိုဏ်းရဲ့ လိုက်ပို့ပေးတဲ့ တပ်သားတွေက ဒါကိုမြင်တော့ နည်းနည်းတော့ ဖြုံသွားကြတယ်။သူတို့ သိတဲ့ ဝမ်ဂျက်ဆန်ဆိုတာ အလစ်သုတ်တဲ့ တရုတ်သူခိုးဖြစ်ပြီး ခေါင်းဆောင်ညီတော်က ချစ်ကျွမ်း၀င်လို့သာ ဂိုဏ်းထဲ ၀င်ခွင့်ရတာဆိုပြီးတော့။ခုတော့ သူတို့ရှေ့က ဂျက်ဆန်ဆိုတာ အိမ်ပြေးလုပ်နေတဲ့ တရုတ်ဘောစိလေးဖြစ်နေသည်။
ကျောခိုင်းသွားတဲ့ နောက်ကျောလေးကတောင်မှ အရှိန်အဝါ ရှိနေသည်။
ကြက်သီးတွေတောင် တဖြန်းဖြန်း ထသွားရသည်။

အိမ်တော်ကို ရောက်တော့ အလုပ်သမားတွေနဲ့ အစေခံတွေက ဦးညွှတ်အရိုအသေပေးကြပေမယ့်လည်း သူ ဂရုမစိုက်နိုင်သေး။၀မ်မားမားအခန်းဆီကိုသာ တန်း၀င်လိုက်သည်။
အခန်းထဲက မွေ့ယာကြားမှာ အာလူးကြော်ထုပ်တွေနဲ့ တီပီကြည့်နေတဲ့ အမေက ကြိုဆိုသည်။

"အိုး !!! "

ခုမှ သားကိုမြင်ပုံရတဲ့ ၀မ်မားမားက ထိတ်ထိတ်ပျာပျာတွေဖြစ်ပြီး အာလူးကြော်ထုတ်တွေ ကုတင်အောက်ထဲ ပစ်ထည့်တော့သည်။ပြီးတာနဲ့ ကုတင်ပေါ်က ဆင်းပြီး သားကို ပြေးဖက်သည်။
jack ကတော့ သူ့မားမားကိုကြည့်ပြီး ခေါင်းတွေခါနေတော့သည်။ဒီအမေကတော့ သူ့ကို လှည့်စားလိုက်ပြန်ပါပြီ။
သူ့မှာတော့ စိတ်ပူပြီး ပြေးလာတာပေမယ့် အပြစ်လည်း မဆိုရက်တော့ပါဖူး။မားမားလည်း သူ့ကိုတွေ့ချင်လွန်းလို့ ညဏ်ဆင်သလို သူလဲ လွမ်းနေခဲ့တာပါပဲ။
ဒီကြားထဲ မနည်းမနှော ဆက်သွယ်ခဲ့တာကို သူကတော့ ဥပေက္ခာပြုခဲ့မိတာမလား...?

သိပ်မကြာဖူး ၀မ်ပါးပါးက အလုပ်ကနေ အိမ်ပြန်ရောက်လာသည်။မိန်းမလေး ပေးစားမိတာကို အဖေနဲ့အမေကို ခြေစုံကန်ပြီး အိမ်ကနေမက ဟောင်ကောင်ကနေပါ ထွက်သွားခဲ့တဲ့ သားတော်မောင်ကို အလွမ်းသယ်ကြသည်။
သူတို့သားအဖတွေ ခြံထဲမှာ ဆင်းထိုင်ကြပြီး စကားစမြည်ပြောဖြစ်ကြတယ်။

Fifty Shades Of Mafia [Completed]Where stories live. Discover now