Chapter-26

120 12 3
                                    

FiFty Shades OF Mafia
[🌴2Jae🌻_👑Jackbam🐍]
:::::::::::::::::     ::::::::::::::::

(Unicode)

စာဖတ်ခန်းတွင်ဖြစ်သည်။

ယောက်ဖတော်နှစ်ယောက်ဟာ မျက်နှာချင်းဆိုင်အနေအထားမှာ ကော်ဖီတခွက်ကိုယ်စီနဲ့ စာအုပ်ဖတ်နေကြခြင်းဖြစ်တယ်။စာဖတ်ခန်းလေးဟာ တိတ်ဆိတ်လို့နေတယ်။မကြာခင်ပဲ ဝုန်းခနဲ ပြိုကျသံနဲ့ တမဟုတ်ခြင်း ဂျယ်ဘုမ်းစာကြည့်ခန်းလေးဟာ ဆူညံလာသည်။တံခါးကို ခြေထောင့်နဲ့ကန်ဖွင်လို့ ဖြိုဖျက်လိုက်တာ ဖြစ်လို့ တံခါးကတော့ ပြိုပျက်သွားပြီ။တရားခံကတော့ တခြားသူမဟုတ်။ပါရီမြို့က မြေခွေး။ ရန်သူတော်ဟောင်းကြီးဖြစ်တဲ့ အဖေတို့လက်ထပ်က တဆင့်နိမ့် ဂိုဏ်းခေါင်းဆောင်မာဂရက်ဖြစ်တယ်။
အဖိုးကြီးက သန်မာနေတုန်းပဲ။
JBနဲ့ Jackson ဟာ မျက်ခုံးပင့်လို့ အသာကြည့်တယ်။

သူတို့နှစ်ယောက်ပုံစံက အဖိုးကြီးကို သိပ်ပြီး အာရုံမထားတဲ့ အထာ။သူ့အိမ်တော်တံခါးကို ဖြိုပြီး ၀င်လာတဲ့ သူ့ကို ရောက်ရောက်ခြင်း မျက်လုံးတချက်သာလှန်ကြည့်ပြီး စာအုပ်ထဲစိတ်ပြန်ရောက်သွားကြတယ်။ဘာဖြစ်ကုန်တာလဲ ? နည်းနည်းမှ အံ့သြမနေပဲ တုန်လှုပ်မှုမရှိတာက ဘာသဘောလဲ ? ။
ဘာလဲ သူလာမှာ သိနေတဲ့သဘောလား ? ။
သိတော့လည်း စကားအများကြီး ပြောဖို့မလိုတော့ဖူးပေါ့ ။

"ဟန်ဆောင်ပြီးတောင် အံ့သြမပြဖူးလား ကောင်လေး "

JBက ဖတ်လက်စ စာအုပ်ကို ဘေးချ မျက်မှန်ကို ချွတ်လို့ မျက်ရိုးကြောတွေကို ခဏတာ နှိပ်နယ်လိုက်သေးတယ်။ပြီးတော့မှ ပြန်ဖြေတယ်။

"ရောက်လာတာ မြန်သားပဲ" 

"ဒါပေါ့ လိုချင်တာ ရှိတော့ မစောင့်ချင်တော့ဖူးလေ

မင်းဘာမှလုပ်လို့မရတော့ဖူး ငါမင်းတို့ စံအိမ်နဲ့ ဂိုဏ်းတစ်ခုလုံးကို ဝိုင်းထားပြီးပြီ ဟင်းဟင်းး "

JB က ပြုံးပြသည်။ဘာမထိ အပြုံးကို အဖိုးကြီးမြင်တော့ နှုတ်ခမ်းတွေတင်းတင်းစေ့လို့အံ့ကြိတ်သည်။

ဝိုင်းထားလဲ ဘာအရေးလဲ
ဒီတအိမ်လုံးမှာ သူနဲ့ Jackson နှစ်ယောက်ပဲ ရှိတာလေ ဟားးးဟားးးးဟားးးး

Fifty Shades Of Mafia [Completed]Where stories live. Discover now