Chapter-16

250 19 0
                                    

Fifty Shades OF Mafia
[🌴2Jae🌞_👑Jackbam🐍]
::::::::::::::::::::::::::   :::::::::::::::::::::::::::::

[Zawgyi]

" ဘေဘီ "

"ဘာလဲဗျာ ? "

"ထပါအုံးကွာ "

ယောင်းဂျယ်က မွေ့ယာပေါ်မှာ ကွေးအိပ်နေပြီး
ကုတင်စွန်း အသေးလေးရဲ့ခြေရင်းနားမှာ
သူက ထိုင်သည်။

နေ့လည်စာ စားပြီးထဲက အခန်းထဲ အောင်းနေတာ။
ရေသွားကူးမယ်ဆိုလည်း ခေါ်မရ။
အပျင်းပြေ အဆာပြေမုန့်တွေ သွားစားမယ်ဆိုလည်း ခေါ်မရ။
စောင်ကြီး ခေါင်းထိခြုံပြီး ကွေးနေတော့တာ။

"ဘာဖြစ်နေတာလဲဆိုတာ ကိုယ့်ကိုပြောပြ 
ဘာကို ဆူပုတ်နေတာလဲဆိုတာ သိမှ
ဖြေရှင်းပေးလို့ ရမယ်လေ "

ဝုန်းခနဲ စောင်ဖယ်ကာ ငုတ်တုပ်ထထိုင်တော့
JBတောင် လန့်သွားရသည်။

"ဆူပုတ်နေတာမဟုတ်ဖူး ..
ရှက် လို့ ဗျ "

အဖျားသတ်စကားတွေက သိသိသာသာ တိုးသွားပြီး ခေါင်းငုံသွားသည်။JBက ပြုံးပြီး ယောင်းဂျယ်နားထိ တိုးကပ် လိုက်ပြီး ဆွဲဖက်ထားလိုက်သည်။

"ရှက်ရင် ကိုယ့်ရင်ခွင်ထဲ ပုန်းနေ .. "

"မုန်းစရာကြီး "

အမှန်တော့ အရှက်ပြေ သူတိုးတိုးလေးပြောလိုက်တာပေမယ့် JBက ကြားဖြစ်အောင်ကြားသည်။ကျီစယ်ဆယ်ဆိုတာ သိနေတာမို့ အပိုတွေပြောမနေတော့ပဲ ပိုတိုးဖက်ထားလိုက်သည်။ယောင်းဂျယ်ကလည်း ခါးကိုပြန်လည်ဖက်တွယ်လာသည်။

"ကမ်းခြေသွားကြမယ်လေ "

" အခုလား? "

"အင်း မင်းအရမ်းသွားချင်နေတာမလား ?
သွားကြမယ်လေ လူလည်းစုံနေလောက်ပြီ "

Jbရင်ခွင်ထဲကနေ ထွက်လာပြီး စတင် ဆူပုတ်လာတော့သည်။

"ဟမ် .. သူတို့  သူတို့တွေပါ ရှိနေမှာလား? "

"အင်းပေါ့"

"အဲ့ဆို မသွားတော့ဖူး "

"ဟော ဘာဖြစ်ရပြန်တာလဲ? "

"ထပ်ပြီး အဲ့ ကိ စ္စ ကြီး ကို ပြော နေ ကြ ရင် ဘယ် လို လုပ်မလဲ ? "

စကားလုံး တလုံးစီကို အားယူပြောနေရတဲ့
ယောင်းဂျယ်ကိုကြည့်ပြီး သူအူမြူးလာသည်။
ရှက်နေတာ သူ့ကိုတောင် မော့ကြည့်မလာတော့။
ခေါင်းကြီးက အိပ်ယာခင်းထဲ နစ်ဝင်မတတ်ကို ငုံ့ထားတာ။

Fifty Shades Of Mafia [Completed]Where stories live. Discover now