မချစ်​သင့်​သော်​ အချစ်​ (1)

4.1K 251 2
                                    

မိုးစဲစဲလေးရွာနေပေမယ့်​ မိုးရေနဲ့အတူသွေးများပါစီးကျနေတော့သည်​။ သူမ တို့ နှစ်​ဦး တစ်​ယောက်​လက်​ တစ်​ယောက်​ဆုပ်​ကိုင်​ပီး မိုးရေထဲတွင်​ ဒူးထောက်​လျှက်​ ရှိနေတော့သည်​။ မိုးခိုရာအဆောင်​ထက်​တွင်​ အနီရောင်​ နန်းဝတ်​စုံ ဝတ်​ဆင်​ထားပီး ညှိ့အားပြင်းသော အကြည့်​တွေနဲ့ မဲ့ပြုံးပြုံးနေသည့်​ မိဖုရား ယုဇီအန်း
"မသေခင်​ နှစ်​ယောက်​သား ဘာပြောစရာတွေရှိသေးလဲ...မဟုတ်​သေးဘူး ဒီဖက်​က ရင်း ဆိုတဲ့ အစေခံက စပြော...နားထောင်​ကြည့်​တာပေါ့ "
ထိုမိန်းကလေးမှာ သူမ ၏ လက်​ကိုဆုပ်​ကိုင်​ပီး ကြည့်​နေတဲ့ ကျူး ကို ပြုံးပြပီး
" ငါနင့်​ကို ချစ်​ခဲ့တာ နောင်​တမရပါဘူး ကျူး...ငါတို့တစ်​ချိန်​ချိန်​ပြန်​ဆုံခဲ့ရင်းတောင်​ ငါက နင့်​အတွက်​ပါပဲ...ချစ်​တယ်​ ကျူး .."
သူမ ပြောပီး ဓားချက်​က သူမ ကျောပြင်​ကို ဖြတ်​သွားတော့သည်​။
"ရင်း.......မဟုတ်​ဘူး...ရင်း...."
မိဖုရားယုဇီအန်း တစ်​ယောက်​ရယ်​နေတော့သည်​။ ကျူး တစ်​ယောက်​ သူမ ကိုစိုက်​ကြည့်​နေချိန်​မှာ မိုးတွေသည်းလာပီး လေပြင်းထန်​စွာ တိုက်​ခက်​လာတော့သည်​။
"နင်​......နင်​ဒီအတွက်​အကျိုးရလဒ်​ကို ပြန်​ခံစားရမယ်​...ယုဇီအန်း......"
ပြောရင်း မတ်​တပ်​ထရပ်​လိုက်​တော့သည်​။ ယုဇီအန်းဘေးနားက အခြွေရံတွေက လန့်​သွားပီး ဓားသတ်​သမားကို သတ်​ခိုင်းလိုက်​တော့ပေမယ့်​ ယုဇီအန်း တစ်​ယောက်​တားကာ
"သူမ ဆက်​ပြောပါစေ..."
ထိုအချိန်​ ကျူး တစ်​ယောက်​ အားရပါရ ရယ်​ကာ လက်​ညှိးထိုးပီး
" နင်​အချစ်​ဆိုတဲ့ အရာကြောင့်​ပဲ နင့်​ဘဝကြီးတစ်​ခုလုံးစုတ်​ပြတ်​သတ်​နေအောင်​ ခံစားရပါစေ.....နင်​သေသွားရင်းတောင်​ အဲ့လူကိုစွဲလမ်းစိတ်​နဲ့ မကျွတ်​မလွတ်​ပါစေနဲ့....သူနင့်​ကို ဘယ်​တော့မှ မချစ်​လာစေရဘူး...သေချာပေါက်​ အဲ့ဒီကံကြမ္မာနင့်​ဆီကိုရောက်​လာမှာ...ငါတို့ ချစ်​တာက နင့်​အတွက်​ မှားတယ်​လို့ မြင်​ခဲ့တယ်​...အေး နင်​အလှည့်​ရောက်​လာမှာ နင်​စောင့်​ကြည့်​နေ....နင့်​အတ္တနဲ့ ပဲ နင်​ပြန်​ပူလောင်​နေမှာ ဟားးးးးးးးးးး"
ပြောအပီး မိုးလည်း ခြိမ်​ ဓားသတ်​သမား ဆီက ဓားကိုယူကာ ကိုယ့်​ကို ပြန်​ထိုးပီး
"ဒါ ငါရဲ့ ကျိန်​စာပဲ..."
ပြောကာ သေဆုံးသွားတော့သည်​။ ယုဇီအန်းတစ်​ယောက်
"အလောင်းတွေကို ..တောထဲ သွားပစ်​လိုက်​...တိရစ္ဆာန်​တွေလည်း ဗိုက်​စားနေကြမှာပဲ..."
ပြောကာ နန်းဆောင်​ထဲသို့ ဝင်​သွားတော့သည်​။
နောက်​တစ်​နေ့ မနက်​,
ထိုသတင်းသည်​ နန်းတော်​ထဲတွင်​ နာမည်​ကြီးနေတော့သည်​။ နန်းတော်​ထဲကနေ အပြင်​ ပြည်​သူတွေထိပါ သတင်းပေါက်​ကြားနေတော့သည်​။ ဘုရင်​မင်းမြတ်​ ဇန်​ဂျင်​ တစ်​ယောက်​ လက်​နဲ့ စားပွဲခုံကို ရိုက်​ကာ
"ဒီကိစ္စကို ဘယ်​လိုလုပ်​ကြမလဲ...ဇီအန်း...ကိုယ်​မင်းကိုအများကြီးလည်း အလိုလိုက်​ထားတယ်​..ဒါမယ့်​သူတို့ က အပစ်​မဲ့တဲ့သူတွေလေ..."
ယုဇီအန်းတစ်​ယောက်​ ခုံမှာထိုင်​လျှက်​ ကျနေသော်​ ဆံပင်​အနည်းငယ်​ကို လိမ်​ကာ
" သူတို့က လောကကြီးကို ဆန့်​ကျင်​ပီး ချစ်​နေကြတာ..ဒါအပစ်​လုပ်​ထားတာပဲလေ....မင်းကြီးက အခု ဇီအန်းကို အပစ်​ပြောချင်​တာလား ဟွန့်​....."
ငိုမဲ့မဲ့လုပ်​ပြလိုက်​တော့ မင်းကြီးတစ်​ယောက်​ မနေနိုင်​ကာ သွားဖက်​ပီး ချော့တော့သည်​။
"ကိုယ်​က မင်းကို အပစ်​ပြောပါ့မလား...အဲ့ကိစ္စကိုမေ့လိုက်​တော့နော်​...နောက်​ပီး ဇီအန်း ကိုယ်​တို့ ဘိုးဘွားတွေအတွက်​ တရားထိုင်​ဖို့ ခြောက်​လလောက်​ ချင်းဆရာတော်​ကြီး သွားနေရမယ်​လေ...."
ယုဇီအန်း တစ်​ယောက်​ ထရပ်​ကာ
"ခြောက်​လ ကြီးတောင်​...ပီးတော့ အသားငါး မစားရပဲနေရမှာမလား...ဇီအန်း မနေနိုင်​ဘူး...သွားလည်း မသွားချင်​ဘူး...."
မင်းကြီးတစ်​​ယောက်​ ဇီအန်း ​ရှေ့တွင်​ပိတ်​ရပ်​ကာ
"မသွားရင်း...လူ​တွေရဲ့​ပြောစရာဖြစ်​လာမယ်​။ ဝမ်​ကိုယ်​လုပ်​​တော်​ ​တောင်​ သွားခဲ့​သေးတာပဲ...ဇီအန်း က မိဖုရားဖြစ်​ရဲ့မသွားရင်း ပို​ပြောချင်​ကြ​တော့မှာ....လူ​တွေက ဝမ်​ကိုယ်​လုပ်​​တော်​ ကို ကိုယ်​လုပ်​​တော်​​နေရာထားလိုက်​ကတည်း​ပြောချင်​​နေကြတာ...သူတို့်စိတ်​ထဲမှာဇီအန်းကို မိဖုရား ​နေရာ​ပေးတယ်​ဆိုကတည်း ဝမ်​ကိုယ်​လုပ်​​တော်​ ထက်​​တော်​မယ်​လို့ ယုံကြည်​ထားကြတာ​လေ...ဇီအန်း ကိုယ်​ဝန်​မ​ဆောင်​နိုင်​တာကိုလည်း သူတို့ကသိထားကြတာ...​ခြောက်​လပါပဲ...."
ယုဇီအန်း တစ်​​ယောက်​ သက်​ပြင်းချကာ
"​ကောင်းပီး​လေ....."
မင်းကြီးလည်းပြုံးပြီး ဇီအန်း ကိုဖက်​​တော့မည်​အလုပ်​ မင်းကြီးရဲ့ကုန်းကုန်း ဖြစ်​တဲ့ ​ပေါင်​ကုန်းကုန်းမှ အပြင်​ဘက်​မှ
"မင်းကြီး.... အကမယ်​ လျန်​​ဝေ​ဝေ ​ရောက်​လာပါပီး..."
ယုဇီအန်း တစ်​​ယောက်​ မျက်​​စောင်းဖြင့်​ကြည့်​ကာ မင်းကြီးတစ်​​ယောက်​ လည်း
"​ကောင်းပီး...."
မင်းကြီး တစ်​​ယောက်​ ထွက်​သွား ​တော့ ယုဇီအန်း တစ်​​ယောက်
"ဒီဘိုး​တော်​ကြီး...."
လို့​ပြောပီး အခန်းထဲ သို့ ဝင်​သွား​တော့သည်​။
တစ်​ဖက်​တွင်​,
က​ချေသည်​ လျန်​​ဝေ​ဝေ ကပြ​ဖျော်​ဖြည်​​နေတာကို မင့်းကြီးအပါအဝင်​ အမတ်​များစွာလည်း ကြည့်​​နေကြ​တော့သည်​။ အမတ်​ချုပ်​ကြီး ဖြစ်​တဲ့ ယုဇီအန်း ဖခင်​ ယုမင်း က​တော့ လျန်​​ဝေ​ဝေ ကိုချစ်​​နေ​တော့သည်​။ လျန်​​ဝေ​ဝေ ကပြမှု အပီးမှာ မင်းကြီးက
"တကယ်​ကို​တော်​တဲ့ အကမယ်​ပါပဲ...ငါမင်းကြီး ဇန်​ဂျင်​က လျန်​မိန်းက​လေးကို ဒီနန်း​တော်​ထဲမှာ​ပဲ​ တောင်​​နေ​စေချင်​တယ်​။ "
လျန်​​ဝေ​ဝေ တစ်​​ယောက်​ ပြုံးကာ
"မင်းကြီးရဲ့ ဂရုဏထားမှုကို အထူးပင်​ ​ဝေ​ဝေ ​ကျေးဇူးတင်​ပါတယ်​..ဒါမယ့်​ ​ဝေ​ဝေ အပြင်​မှာပဲ​နေချင်​တယ်​...မင်းကြီးလိုအပ်​တိုင်း ​ဝေ​ဝေအ​ရောက်​လာမှာပါ... "
မင်းကြီးတစ်​​ယောက်​ အားရပါးရ ရယ်​လိုက်​​တော့သည်​။
"ဟုတ်​ပါပီး..... ဟုတ်​ပါပီး .. "
လျန်​​ဝေ​ဝေ တစ်​​ယောက်​ မင်းကြီးကိုအရိုအ​သေ​ပေးကာ
"​ဝေ​ဝေ သွားလိုက်​ပါအုန်းမယ်​... "
ပြောရင်း လှည့်​ထွက်​လာတာ​လေးက အစ အမတ်​ချုပ်​ကြီး ယုမင်း အတွက်​ အလွန်​ပင်​ နှစ်​သက်​ဖွယ်​​ကောင်း​နေ​တော့သည်​။
ဒီလိုနဲ့ ​ဝေ​ဝေ တစ်​​ယောက်​ ဖူး​စောင်​ ​ဂေဟာ သို့ ပြန်​​ရောက်​လာ​တော့သည်​။ ​ဝေ​ဝေ နား​နေချိန်​တွင်​ အ​ပျော်​မယ်​ မိန်းက​လေး တစ်​​ယောက်​ ဝင်​လာကာ
" လျန်​မိန်းက​လေးကို ​တွေ့ချင်​​နေတဲ့ သူရှိ​နေပါတယ်​...ဧည့်​သည်​ အခန်းမှာ ​စောင့်​​နေပါတယ်​..."
"ဟုတ်​ပီး.. ငါလာခဲ့မယ်​... "
ဧည့်​သည်​ခန်း သို့​ရောက်​​တော့ အမတ်​ကြီး ဖိန်​ကို​တွေ့လိုက်​ရ​တော့သည်​။
"ဘယ်​သူများလဲလို့...အမတ်​ဖိန်​ ပါလား...ဘာကိစ္စရှိလို့ပါလဲ..."
အမတ်​ဖိန်​ တစ်​​ယောက်​ သူ့မုတ်​ဆိတ်​​မွှေးကိုဆွဲကာ...
"လျန်​မိန်းက​လေးကို မြင်​မြင်​တည်းက ချစ်​မိ​နေတာ... လျန်​မိန်းက​လေးနဲ့ အတူဒီတစ်​ညကို ကုန်​ဆုံးချင်​တာ..."
"​တောင်းပန်​ပါတယ်​... ကျွန်​မက အ​ပျော်​မယ်​ ​ပေမယ့်​ ကပြ​ဖျော်​​ဖြေသူတစ်​​ယောက်​ပါပဲ..အမတ်​ဖိန်​ နဲ့ အတူအိပ်​စက်​မယ့်​အ​ပျော်​မယ်​​တော့ မဟုတ်​ပါဘူး..."
"ငါက လိုချင်​ရင်း....​ပေးကို​ပေးရမယ်​.. ငြင်းပိုင်​ခွင့်​ မရှိဘူး... "
အမတ်​ဖိန်​ တစ်​​ယောက်​ ​ပြောရင်း အတင်းအကြပ်​ လျန်​​ဝေ​ဝေ ကို နမ်း​တော့သည်​။ လျန်​​ဝေ​ဝေ လည်း တွန်းကာ
"လွှတ်​.... လွှတ်​​ပေးပါ.... "
ထိုအချိန်​ တံခါးကို ဝုန်းခနဲဖွင့်​လိုက်​သူ​ကြောင့့်အမတ်​ဖိန်​ခွာကာ
"မင်း....မင်း ဘယ်​သူလဲ.... ဘယ်​မှာလဲ ငါ့အ​စောင့်​​တွေ.."
သူ အ​စောင့်​​တွေကိုကြည့်​​တော့ လဲကျ​နေ​တော့သည်​။
ထိုလူမှာ
"မိန်းက​လေး တစ်​​ယောက်​ က မလုပ်​ချင်​ဘူး ဆိုရင်း...မလုပ်​နဲ့ ​တော့​ပေါ့... "
အမတ်​ဖိန်​တစ်​​ယောက်​ ​ဒေါသထွက်​ကာ
"မင်းနဲ့ ဘာဆိုင်​လို့လဲ..."
ပြောကာ လာရိုက်​​တော့သည်​။ သို့​သော်​ ထိုလူမှာ ​ရှောင်​လိုက်​ပီး အမတ်​ဖိန်​ ကို ပြန်​ချလိုက်​​တော့သည်​။ အမတ်​ဖိန်​တစ်​​ယောက်​ ထိုလူသိုင်းပညာမြင့်​မှန်း သိ​တော့ အမြန်​ ထွက်​​ပြေးသွား​လေ​တော့သည်​။ ထိုအဖြစ်​ကို အခြားအခန်းက ဧည့်​သည်​ ​တွေ​ရော အ​ပျော်​မယ်​ ​တွေကပါ အကုန်​ကြည့်​​နေကြ​တော့သည်​။ အမတ်​ဖိန်​တစ်​​ယောက်​ လျန်​​ဝေ​ဝေ အင်္ကျီ မှာ ရင်​ဘတ်​ ​တောင်​​ပေါ်​နေ​တော့သည်​။ ​ဝေ​ဝေ တစ်​​ယောက်​ မသွား​သေးပဲ မိမိကိုကူညီ​ပေးတဲ့ ထိုလူကိုကြည့်​​တော့ အင်္ကျီ အဖြူဝတ်​ဆင်​ထားပီး ဆံပင်​တွေမှာလည်း အချို့တစ်​ဝက်က ​ဝဲကျပီး အလွန်​ပင် ​ခန့်​ညားလှပတဲ့ အမျိုးသားတစ်​​ယောက်​ပင်​ဖြစ်​​နေ​တော့သည်​။ ထိုလူသည်​ သူရဲ့အ​ပေါ်ဝတ်​ရုံအဖြူကို ချွတ်​ကာ ​ဝေ​ဝေကို ခြုံ​ပေးလျှက်
"အဆင်​​ပြေလား... လမ်း​လျှောက်​နိုင်​လား..."
ဝေ​ဝေ တစ်​​ယောက်​ ​ခေါင်းခါပြလိုက်​​တော့သည်​။ ထိုလူသည်​​ဝေ​ဝေကို ​ပွေ့ချီကာ ထို​နေရာမှာ ထွက်​သွား ​လေ​တော့သည်​။
ဒီလိုနဲ့ ​ဝေ​ဝေ အခန်းထဲ တွင်​ အင်္ကျီ ပြန်​လဲပီး ဧည့်​ခန်း သို့ပြန်​ထွက်​လာကာ မိမိ အား စားပွဲခုံတွင်​​စောင့်​​နေ​သော်​ ထိုအမျိုးသားကို အချိုသာဆုံးပြုံးပြလျှက်
"​ကျေးဇူးတင်​ပါတယ်​.. ကျွန်​မကိုအခုလိုကူညီ​ပေးတဲ့အတွက်​..."
"ရပါတယ်​... "
ဝေ​ဝေ တစ်​​ယောက်​ ထိုလူကို ​သေရည်​ငှဲ့​ပေးကာ
" နာမည်​​လေး သိခွင့်​ရမလားရှင့်​...."
ထိုလူမှာ နာမည်​ မ​ပြောဘဲ
" ကျွန်​​တော်​ ​တောင်းဆိုစရာ တစ်​ခုရှိတယ်​..."
လျန်​​ဝေ​ဝေ တစ်​​ယောက်​ ရှက်​သွားကာ
" ဒီက အစ်​ကိုက ​ဝေ​ဝေအသက်​ကိုကယ်​ထားတဲ့အတွက်​ ​ဝေ​ဝေကို အစ်​ကို နဲ့ အတူအိပ်​စက်​ဖို့ ​တောင်းဆိုရင်းလည်း လက်​ခံပါတယ်​.."
ထိုလူမှာ ​ဝေ​ဝေ ကို တစ်​ချက်​ကြည့်​ပီး
"နားလည်​မှု မလွဲပါနဲ့...လျန်​မိန်းက​လေး...ကျွန်​​တော်​ ဒီကိုလာတာ ချင်းဆရာ​တော်​က ကျွန်​​တော်​ ကို လျန်​မိန်းက​လေး ဆီမှာ ပန်းဝတ်​ရုံရှိတယ်​​ပြောလို့  ကျွန်​​တော်​ အဲ့ဝတ်​ရုံကိုတစ်​ချက်​ကြည့်​ချင်​လို့ရမလား..."
"အား........ဟုတ်​ကဲ့ ရှင့်​ ..ရပါတယ်​.. "
ဝေ​ဝေ တစ်​​ယောက်​ သူ့ဝတ်​ရုံကို ထုတ်​ပြ​တော့ ထိုလူမှာ ​သေချာကြည့်​ကာ
"​ကျေးဇူးပါ.. ရပါပီး....တကယ်​​တော့ ကျွန်​​တော်​ ဒီဝတ်​ရုံက ပန်းချီ ကို မြင်​ဖူးချင်​လို့ပါ....."
" ချင်းဆရာ​တော်​ကြီး ​ကော...​နေ​ကောင်းလား... ကျွန်​မသူ့ကို မ​တွေ့ရတာ ​တောင်​အ​တော်​ကြာပီး...ကျွန်​မ ရှင့်​ကို သူ့ဆီမှာ တစ်​ခါမှ မမြင်​ဖူးပါဘူး..."
"ကျွန်​​တော်​ အခုမှ ​တောင်​​အောက်​ဆင်းတာပါ...​နောက်​ပီး လျန်​မိန်းက​လေး အ​ဖေ ချင်းဆရာ​တော်​ကြီး ကွယ်​လွန်​သွားပါပီး.."
"ရှင်​........... "
"ဒါ​ကြောင့်​ အတည်​ပြုချင်​လို့ ဝတ်​ရုံကိုကြည့်​ခွင့်​​တောင်းတာပါ...သူ့မှာ သမီး ရှိတယ်​ဆိုတာကို ကျွန်​​တော်​ တစ်​​ယောက်​ပဲ သိတာပါ....ကျွန်​​တော်​ အခု ပြန်​ပါ​တော့မယ်​..."
"ရှင်​....ရှင်​က ဘယ်​သွားမှာလဲ... ​နောက်​ပီး ရှင့်​နာမည်​က​ရော..."
"ကျွန်​​တော်​ အခု ​တောင်​​ပေါ်က အ​ဆောင်​ ကို ဆက်​ပီး ထိန်းသိမ်း ​ပေးသွားမှာပါ...."
ထိုလူတစ်​​ယောက်​ တံခါးဝ အနား​ရောက်​​တော့ ပြန်​လှည့်​ကြည့်​ပီး
"ကျွန်​​တော်​ နာမည်​ သွမ့်​ယိ ပါ...."
...........................................................................
( ​နောက်​ရက်​​တွေမှ ထပ်​up ​ပေးမယ်​​နော်​)
Unicode

မချစ်​သင့်​သော်​ အချစ်​जहाँ कहानियाँ रहती हैं। अभी खोजें