ဆူရင်းကို ဆွဲထုတ်လာကြပြီး အမတ်ကြီးယန် လည်း သွမ့်ယိ ကို ပါးရိုက်ကာ
"ငါ့သမီးကို..လာမထိနဲ့... မိန်းမယုတ်.."
သွမ့်ယိ တစ်ယောက် အားရပါးရ ရယ်လိုက်တော့သည်။ သွမ့်ယိ ရယ်တာကို အမတ်ကြီးယန်နားမလည်သလိုအကြည့်နဲ့ကြည့်နေပြီး ထွက်သွား တော့သည်။ ပွဲကြည့်သူအမတ်ယုတစ်ယောက်လည်း
"ဒီမှာ... မထင်မှတ်ထားတာတွေ ဖြစ်သွားတာပဲ...ဟုတ်တယ် မလား...ဝေဝေ.."
အမတ်ယုလည်း ဝေဝေကိုကြည့်ကာ ပြုံးပြီး
" ကဲ...ဒါဆို ငါတို့ အခု သူ့ ကိုဘယ်လိုအပြစ်ပေးရမလဲ..ဝေဝေ..ကိုယ်သူ့ ကိုအပြစ်ဆက်ပေးရမလား.."
ဝေဝေလည်း သွမ့်ယိ ဘေးတွင် ထိုင်ကာ
"ခွင့်လွှတ် ပေးပါ...အမတ်ယု... "
"မင်းလည်း သူ့ကို ကြိုက်နေတာပဲလား...ဘာလို့ လဲ..?သူက မိန်းမ တစ်ယောက် လေ...မင်းတို့ စိတ်တွေဘာတွေဖြစ်ကုန်ကြတာလဲ...."
အမတ်ယု တစ်ယောက် အတန်ကြာအောင်တွေးနေပြီးမှ
"ကောင်းပြီး...အပေးအယူ တစ်ခုလုပ်ကြတာပေါ့ မလိုက်နာရင်း သူ့ကို သတ်ပစ်မယ်..."
"ပြောပါ...အမတ်ယု... "
"မင်းငါ့မိန်းမ အဖြစ်...ငါ့ဘေးမှာထာဝရနေသွားရမယ်...ဒါဆိုငါသူ့ကိုလွှတ်ပေးမယ်...သူ့ကိုလွှတ်ပေးလိုက်ပေမယ့်လည်း မင်းသူနဲ့ ဘယ်တော့မှမပတ်သတ်ရဘူး..ဒီလိုမှမဟုတ်ရင်း ငါသတ်ပြစ်ဖို့ ဝန်မလေးဘူး..."
သွမ့်ယိ တစ်ယောက် ဝေဝေကိုကြည့်ကာ
"ဝေဝေ...မင်းသွားတော့...ဒါငါ့ကိစ္စ...မင်းနဲ့ မဆိုင်ဘူး.."
"ကောင်းပြီး...ကျွန်မ သဘောတူတယ်.."
"ဝေဝေ..."
အမတ်ယု တစ်ယောက် ပြုံးကာ သူ့ လူတစ်ယောက်ကို စာချုပ် ပြင်ဆင်ခိုင်းပြီး ဝေဝေကို လက်ဗွေ နှိပ်ခိုင်းကာ
"စာချုပ် အတိုင်း...မလိုက်နာဘူး ထွက်ပြေးမယ်ဆိုရင်း...ဆောင်ကြာမြိုင် က လူတွေ အကုန် လုံးကို သတ်ပြစ်မယ်..."
ဝေဝေ လည်း လက်ဗွေ နှိပ်ပေးလိုက်တော့သည်။ သွမ့်ယိ ကို ကြိုးဖြေပေးလိုက်တဲ့ အချိန် တွင် သွမ့်ယိ ရဲ့ လျင်မြန်မှုကဘဘေးကလူဆီကဓားကိုယူပြီး ဝေဝေ ကိုဖမ်းဆွဲကာ
"လိုက်မနာနဲ့ သူမ..ကို သတ်ပြစ်လိုက်မယ်..."
အမတ်ယု လည်း ဒေါသတွေထွက်ကာ သူ့လူတွေကိုရပ်တန့် စေပြီး လွှတ်ပေးလိုက်သည်။ သူ့ လူယုံတော်မှ
" အမတ်ကြီး...ကျွန်တော် တို့ လိုက်သွားလိုက်မယ်..."
"မလိုဘူး...ဝေဝေ ပြန်လာလိမ့်မယ်...ဆောင်ကြာမြိုင် က လူတွေ အသက်က ငါ့လက်ထဲမှာရှိနေတာကို သိတဲ့အတွက် သူငါ့ဆီကို ပြန်လာမှာ .."
သွမ့်ယိ နဲ့ ဝေဝေလည်း ပြေးထွက်လာပြီး ရွာအပြင်ဘက်ရောက်တော့ သွမ့်ယိ လက်ကို ဆွဲဖြုတ်ကာ
"ရှင်ဘယ်သူလဲ...ဘယ်ကလဲ...အခုအဲ့ဒါတွေသိရမှဖြစ်မယ်...ဘာရည်ရွယ်ချက်နဲ့ ဆူရင်းကို ဒီလိုလုပ်ရတာလဲ.. "
"ငါက ဆူရင်း ကို ဘာလုပ်လို့ လဲ..."
"အဲ့နေ့ညက ရှင်နဲ့ ဆူရင်း နမ်းနေခဲ့တာကို မြင်တယ်...ဒါမယ့် ရှင် သူ့ကို နမ်းခဲ့ပြီး ရှင့်ဆီကနေ အရမ်းမုန်းနေတဲ့ခံစားချက်တွေမြင်ခဲ့ရတယ်...အဲ့နေ့ညက တည်းက မဟုတ်ဘူး ကျန်တဲ့ ရက်တွေ အပြင် ပြီးတော့ ဒီနေ့ လုပ်ရက်မှာကောပဲ...ဒါကြောင့် ရှင့်အကြောင်းအစစ်မှန်ကို သိချင်တယ်.. "
သွမ့်ယိ လည်း သစ်ပင် အောက်တွင်ထိုင်လိုက်တော့သည်။ဝေဝေလည်း ဘေးတွင် လိုက်ထိုင်ပြီး သွမ့်ယိ အပြောကောစောင့်နေတော့သည်။
" အရင်တုန်းက ရိုးရိုးတန်း ကုန်သည်လုပ်ငန်း လုပ်ကိုင်စားသောက်တဲ့ မိသားစု က မွေးဖွားလာတာပါ....အဖေနဲ့ စီးပွားရေးအတူလုပ်နေခဲ့တာကတော့ အမတ်ယန် ပဲ နေါက်ပြီး ဆူရင်းအဖေပေါ့...ဒီလူကြီးက တစ်နေ့ ငါ့အမေ ကို ဖျက်စီးခဲ့တယ်....ငါအဖေသိသွားတော့ အရေးယူဖို့ လုပ်ခဲ့ပေမယ့် တရားရုံးက လာဘ်ယူ ပြီး အမတ်ယန် ဘက်ကနေရှိခဲ့တယ်...ဒါကြောင့် ငါအဖေလည်း သူနဲ့ စီးပွားအတူလုပ်တာတွေကို ဖျက်သိမ်းခဲ့တယ်...ဒါမယ့် အဲ့လူက ငါ့မိသားစုရဲ့ ကုန်သည်စာချုပ်အုပ်ချူပ်ပိုင်ဆိုင်ခွင့်ကို လိုချင်ခဲ့လို့ ငါတို့ မိသားစု ကို အဲ့ညမှာပဲ လုပ်ကြံပြီး မီးရှို့ တယ်.. ငါတို့ ရဲ့ ဆွေမျိုးသားချင်းတွေကအစပေါ့...စာချူပ်လွဲပြောင်းတာက ငါ့အဖေလက်ဗွေရှိမှရတာမို့ လို့ ငါအဖေကို အတင်းအကျပ်လက်ဗွေနှိပ်ခိုင်းခဲ့ရုံမကဘူး...ပြီးတာနဲ့ သတ်ပြစ်ခဲ့တယ်....အကိုဖြစ်သူလည်း ငါနဲ့ အတူထွက်ပြေးလာပြီး ချင်းဆရာတော်ကြီးရောက်ခဲ့တာပဲ...ကျန်တဲ့ ဆွေမျိုး သားချင်းတွေ အသက်ရှင် သေးလားတောင်...အခုထိမသိရတော့ဘူး...အဲ့အဖြစ်ပျက်ကို ငါမျက်စိရှေမှာ မြင်ခဲ့ရတာမို့ ငါအမတ်ကြီးယန်ကို သတ်ရမှ ငါသေနိုင်မယ်..."
"ဒါဆို ဆူရင်းကရော...သူ့ကိုမချစ်ဘူးလား..."
သွမ့်ယိ ဘာမှမပြောဘဲ နေတော့
" ရှင့်စိတ်ကို ကျွန်မ နားမလည်တော့ဘူး... ဘာပဲဖြစ်ဖြစ် ကျွန်မအခုပြန်သွားရမယ်..."
" မင်းပြန်သွားလို့ မရဘူး..မင်းငါနဲ့ လိုက်ခဲ့ရမယ်..အဲ့ဒီလူနဲ့ လက်ထပ်ချင်လို့ လား..."
"ဒါတွေ အားလုံး က ဘယ်သူကြောင့်ဖြစ်တာလဲ...ကျွန်မက ဒီလိုလုပ်ချင်နေတယ်လို့ ရှင်ထင်နေတာလား..ကျွန်မ မသွားရင်း ဆောင်ကြာမြိုင် က လူတွေ အသတ်ခံ ရမယ်..."
"ဒါဆို သူတို့ ကို ကယ်တင်ဖို့ အတွက် မင်းက လက်ထပ်မှာပေါ့..."
"သူတို့ တင်မဟုတ်ဘူး...ရှင့်ကိုပါ....သူ ရှင့်ကိုအလွတ်ပေးမယ်များထင်နေလား..."
"တခြားနည်းလမ်း ရှိအုန်းမှာ...."
"မရှိတော့ဘူး... သွမ့်ယိ... ဒါက အဆုံးသတ်ပဲ...ဒီကနေအမြန်ဆုံးထွက်သွားပါ...."
"ငါက မင်းမပါပဲနဲ့ ဘယ်လိုသွားရမလဲ...မင်းကိုအဲ့လူကြီးနဲ့လက်မထပ်စေချင်ဘူး..."
"ဟုတ်ပြီး...ကျွန်မ မသွားဘူး.. ဆောင်ကြာမြိုင် ကလူတွေ အသက်ကိုလည်း မငဲ့တော့ဘူး...ဒီတော့ ရှင်လည်း လက်စားမချေဘဲနဲ့ ကျွန်မနဲ့ အတူ သူတို့နဲ့ အဝေးဆုံးကို ထွက်ပြေးပြီး ဘဝအသစ်တစ်ခုတည်ထောင်ကြမလား..."
"တောင်းပန်ပါတယ်.... ငါအဲ့လိုမလုပ်နိုင်ဘူး...ငါအမတ်ယန်ကို သတ်ပြစ်ရမယ်..."
"ကောင်းပြီး ဒါဆို ကျွန်မ သွားတော့မယ်... "
"မဟုတ်ဘူး...ဝေဝေ..."
သူ့လက်ကို လှမ်းဆွဲလာသော် သွမ့်ယိ လက်ကိုတွန်းလွှတ်ကာ
" ကတိပေးပါ...ရှင်လက်စားချေတဲ့ဆန္ဒပြည့်မြောက်သွားပြီး...ဆက်ပြီးအသက်ရှင်နေပေးပါ....ရှင့်ကို ချစ်တယ်... "
ပြောကာ ထွက်သွား တော့ ဝေဝေနောက်ကျောပြင်ကိုကြည့်ပြီး
"တောင်းပန်ပါတယ်... "
![](https://img.wattpad.com/cover/175740231-288-k879699.jpg)
YOU ARE READING
မချစ်သင့်သော် အချစ်
Romanceကိုယ်က အတ္တဆန်တဲ့ဇာတ်ကောင်မျိုးတွေကိုပိုသဘောကျတဲ့အတွက် အခု ဒီစိတ်ကူးရင်းဇာတ်လမ်းလေးကို ဖန်းတီးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ တရုတ်ပြည်ရဲ့ဘုရင်မ တစ်ပါးဖြစ်တဲ့ ယုဇီအန်း ဟာ အရမ်းချောမောလှပပီး လိင်တူချင်းချစ်တာကို မုန်းတဲ့ မိဖုရားတစ...