မချစ်​သင့်​သော်​ အချစ်​(16)

1.8K 181 12
                                    

ဝေ​ဝေစကား​ကြောင့်​ လူတိုင်းအံသြသွားကြသည်​။ မင်းကြီးမှာ လည်း
"ဘယ်​လို....ဒါက...."
"အတင့်​ရဲ လို့ ......."
မိဖုရား ရဲ့ ​ဒေါသစကား​ကြောင့်​ လူ​တွေ အကုန်​ မိဖုရားအ​ပေါ်အကြည့်​​တွေ​ရောက်​သွား​တော့သည်​။
"သွမ့်​ယိ ကို ငါ့ကျွန်​အဖြစ်​ထားမှာ....မင်းလိုက​ချေတစ်​​ယောက်​က သူ့ကို ​တောင်းပိုင်​ခွင့်​မရှိဘူး...ငါ့ရဲ့ ကျွန်​ဖြစ်​မယ့်​သူကို လုယုချင်​​နေတာလား..."
"​ဝေ​ဝေ...လုမယူရဲပါဘူး...မိဖုရား.... ဒါမယ့်​ ပြည်​သူ တစ်​​ယောက်​ အ​နေနဲ့ ဒီဆုကို​တော့ လိုချင်​မိပါတယ်​..."
"မင်း........."
"မိဖုရား... ​တော်​​တော့...."
မင်းကြီးတစ်​​ယောက်​ မိဖုရား ယုကို ရပ်​တန့်​ ​စေပြီး..​ဝေ​ဝေကို ကြည့်​ကာ
"သူ့ ကိုဘာလို့ လိုချင်​တာလဲ...."
ဝေ​ဝေ တစ်​​ယောက်​ သွမ်​ယိ ပခုံး​လေးနှစ်​ဖက်​ကို သူ့လက်​က​လေး​တွေနဲ့ ဆုပ်​ကိုင်​ကာ
"သူက...​ဝေ​ဝေရဲ့ ​ကျေးဇူးရှင်​ပါ...​နောက်​ပြီး ​ဝေ​ဝေရဲ့ တစ်​ဦးတည်း​သော်​ ချစ်​မြတ်​နိုးရတဲ့ သူမို့ လို့ "
ဝေ​ဝေ စကား​ကြောင့်​ လူ​တွေအံသြကာ တီးတိုးထပ်​မံ​ပြောဆိုသည်​။
"ဘာလဲ.... လျန်​​ဝေ​ဝေ က မိန်းမချင်း ကြိုက်​​နေတဲ့သူလား...​လောကကြီးက ဘာ​တွေဖြစ်​ကုန်​တာလဲ... "
သွမ့်​ယိ လည်း အံ့သြ ပြီး
"​ဝေ​ဝေ..........."
ထိုစကား​ကြောင့်​ မိဖုရား ယုရဲ့​ဒေါသ​တွေပို၍ထွက်​လာ​တော့သည်​။ ​ဒေါသထွက်​​နေသူမှာ မိဖုရား ယုပင်​မကဘဲ သူမ အ​ဖေဖြစ်​သူ အမတ်​ယု လည်း ​ဒေါသထွက်​ပီး လက်​သီးဆုပ်​မိသည်​။ အ​ခြေ​နေ​တွေကိုကြည့်​ပြီး ပြုံး​နေမိသူက​တော့ အမတ်​ကြီးယန်​ ပင်​....
(သူ့ သမီးပါ...ပါတာ...သူမသိ​သေးဘူး...)
"တိတ်​ကြစမ်း...ငါကိုယ်​​တော်​ရှိ​နေတာကို သတိထားမိကြရဲ့လား....​ကောင်းပြီး ငါဆုံးဖြတ်​မယ်​..လျန်​​ဝေ​ဝေ ကို လက်​​ဆောင်​​ပေးလိုက်​တယ်​...သူ့ကို​ခေါ်သွား​တော့..."
"မင်းကြီး...... "
"မိဖုရား.....သူ့ထက်​​ကောင်းတဲ့အ​စေခံ​တွေ မိဖုရား လိုချင်​ရင်း အများကြီးယူလို့ ရပါတယ်​..."
ဝေ​ဝေ က​တော့ သွမ့်​ယိ ကိုတွဲထူရင်း
"မင်းကြီး...​စေတနာကို ​ကျေးဇူးတင်​ပါတယ်​... ​ဝေ​ဝေတို့ ကိုခွင့်​ပြုပါအုန်း...."
မိဖုရား တစ်​​ယောက်​ မတ်​တပ်​ရပ်​ ပြီး သွမ့်​ယိ မျက်​နှာ​လေးကို လိုက်​ကြည့်​​နေမိ​တော့သည်​။သွမ့်​ယိက​တော့ သူ့ကိုမကြည့်
ဘဲ ​ဝေ​ဝေရဲ့ ခါး​လေးကို ပြန်​ဖက်​တွယ်​ကာ ထွက်​သွား တာမြင်​​တော့ သူမ ရဲ့စိတ်​​တွေဘယ်​လိုမှထိန်းမရ​တော့ဘဲ..သူမနန်း​ဆောင်​ကို​ဒေါသစိတ်​နဲ့ ပြန်​​တော့ သည်​။ မင်းကြီးလည်း မိဖုရား ယုကို​နောက်​မှပင်​​ချော့​တော့မည်​ဟု​တွေးလိုက်​ကာ ညီလာခံ ကို အဆုံးသတ်​လိုက်​​တော့သည်​။
မိဖုရား ယုတစ်​​ယောက်​ အိပ်​​ဆောင်​ထဲ ပြန်​​ရောက်​​တော့ ကုတင်​​ပေါ်တွင်​ ငို​နေမိ​တော့သည်​။ အားကျစ်​ လည်း မိဖုရား အတွက်​ စိတ်​ငြိမ်​​စေဖို့ လက်​ဖက်​ရည်​ သွားပြင်​ဆင်​​တော့သည်​။ ထိုအချိန်​ လူတစ်​​ယောက်​ မိဖုရားအခန်းထဲခိုးဝင်​လာကာ ကုတင်​​ပေါ်တွင်​ လဲကာ ငို​နေတဲ့ မိဖုရားကို
"မိဖုရား ဒီလို..မိန်းမ တစ်​​ယောက်​ အတွက်​​ကြောင့်​နဲ့ငိုတာ ကျွန်​​တော်​ ပထမဆုံး မြင်​ဖူးတာပဲ..."
အသံ​ကြောင့်​ မိဖုရား တစ်​​ယောက်​ အမြန်​ပင်​ထကာ မျက်​ရည်​​တွေ သုတ်​ပြီး ကြည့်​လိုက်​​တော့
"ပိုင်​ရန်​....မင်းဒီကိုဘာလာလုပ်​တာလဲ...မင်းကြီးအနားမှာရှိ​နေရမှာမဟုတ်​ဘူးလား...."
"မင်းကြီးအခု အလုပ်​​တွေ အရမ်းရှုပ်​​နေတယ်​ သူညကျမှ မိဖုရား ကိုလာ​ချော့ဖို့ လုပ်​မှာ..."
"ဒီလူကြီး...."
"သူ့ကိုအခု မိဖုရား မိန်းမ တစ်​​ယောက်​ မှန်းသိသွားတာ​တောင်​ ဆက်​သ​ဘောကျ​နေတုန်းလား..."
"မင်းအလုပ်​မဟုတ်​ဘူး...မင်းက​ရော ငါ့ကိုဆက်​ပြီး သ​ဘောကျ​နေတုန်းလား..."
"မိဖုရားအ​ပေါ်မှာရှိတဲ့ ကျွန်​​တော့်​ အချစ်​​တွေက ဘယ်​​တော့မှ ​ပြောင်းလဲမှာမဟုတ်​ဘူး..."
"ငါနဲ့ အတူ အိပ်​မလား..."
"မိဖုရား ဒါက...ကျွန်​​တော်​ မိဖုရား ခန္ဓာကိုယ်​ကို ချစ်​တာမဟုတ်​ပါဘူး...မိဖုရားကိုချစ်​တာပါ....​ကျေးဇူးပြုပီး ဒီလိုမျိုးမထင်​လိုက်​ပါနဲ့.... "
"ငါမင်းကို အခွင့်​အ​ရေး ​ပေးတာ​လေ..အကယ်​လို့ ငါကြိုက်​ရင်း ငါ့အနားမှာဆက်​​နေခွင့်​​ပေးမယ်​....မလုပ်​ချင်​ဘူး လား...မလုပ်​ ချင်​ရင်းသွား...ငါလို မိဖုရား တစ်​​ယောက်​ နဲ့ အိပ်​တယ်​ဆိုတာ မင်းမတွက်​အမြတ်​​နော်​...."
"ကျွန်​​တော်​ လုပ်​မယ်​...."
"​ကောင်းပြီး​လေ....ငါလည်း ဒါမျိုးကိုကြိုက်​တာ..."
ပိုင်​ရန်​ ကို ကုတင်​​ပေါ်သို့ တွန်းချပြီး အ​ပေါ်တွင်​ တက်​ခွကာ နှုတ်​ခမ်း​တွေကို ထိ​တွေ့ရင်း ဝတ်​ရုံ​တွေ တဖြည်းဖြည်း ကျွတ်​သွား​တော့သည်​။ တံခါးအပြင်​ဘက်​က​နေ လက်​ဖက်​ရည်​ ဗန်း​လေးကို တုန်​ရည်​စွာကိုင်​ရင်း ငို​နေတဲ့ အားကျစ်​တစ်​​ယောက်​ ထိုမြင်​ကွင်းကိုဆက်​မကြည့်​နိုင်​​တော့ဘဲ​ပြေးထွက်​သွား​တော့သည်​။
တစ်​ဖက်​တွင်​;
သွမ့်​ယိ ကို ​ရေ ချိုး ​စေပြီး အနာများကို​ဝေ​ဝေတစ်​​ယောက်ေ​ဆးထည့်​​နေ​တော့သည်​။ အနာများကို ​ဆေးထည့်​ပြီး ကုတင်​​ပေါ်တွင်​ ထိုင်​​စေကာ
"တစ်​​ရေး အိပ်​လိုက်​အုန်း​လေ...ရှင်​လည်းအရမ်းပင်​ပန်း​နေပြီး..."
"​တောင်းပန်​ပါတယ်​... ငါမင်းကို ထပ်​ပြီးအခက်​​တွေ့​စေမိပြီး.. "
"ရပါတယ်​... "
"ဘာလို့ အဲ့စကား​ပြောရတာလဲ....တကယ်​ပဲ ကျွန်​​တော်​ အ​ပေါ်ခံစားချက်​​နေတာလား...."
ဝေ​ဝေလည်း ဘာမှမ​ပြောဘဲ သွမ့်​ယိ နှုတ်​ခမ်းအ​ပေါ် သူ့နှုတ်​ခမ်း​လေးနဲ့ထိကပ်​လျှက်​ အချိန်​​တော်​ကြာနမ်း​နေ​တော့သည်​။ သွမ့်​ယိ ဖယ်​ဖို့်​လုပ်​​ပေမယ့်​ ​ဝေ​ဝေကို မတွန်းထုတ်​ဘဲ ဒီအတိုင်း သာငြိမ်​​နေလိုက်​​တော့သည်​။ လူတစ်​​ယောက်​ ဝင်​လာပြီး ​ဝေ​ဝေကို ​မြေပြင်​​ပေါ်သို့ တွန်းချလိုက်​​တော့သည်​။
"ဒါက ဘယ်​လို​တွေ ဖြစ်​​နေတာ လဲ...."
"ဆူရင်း...ဒါ..."
"သွမ့်​ယိ .... ရှင်​..ဒီမိန်းမကို ချစ်​​နေတာ လား...ကျွန်​မက ရှင်​လွတ်​လာလို့ ​ပျော်​ပြီး ဒီကိုအမြန်​​ပြေးလာတာ...အခု​တော့ ရှင်​က ဒီမိန်းမ နဲ့ နမ်း​နေတယ်​..."
ဝေ​ဝေလည်း မတ်​တပ်​ပြန်​ရပ်​ကာ
"မင်းဒီကို ဘယ်​လိုလုပ်​ပြီး ဝင်​လာတာလည်း... "
"ကျွန်​မဘာသာ ဘယ်​လိုပဲဝင်​လာ ရှင့်​အပူမပါဘူး..."
"ငါအပူမပါဘူး...ဟုတ်​လား...ဒါငါ့အိမ်​....မင်းဝင်​ချင်​တိုင်းဝင်​ လို့ ရတဲ့​နေရာမဟုတ်​ဘူး...."
ဆူရင်း တစ်​​ယောက်​ ဘာမှမ​ပြော​တော့ဘဲ သွမ့်​ယိ ကို​ပြေးဖက်​ထား​တော့သည်​။သူတို့ဘာမှမ​ပြောကြ​တော့ဘဲ​နေတာနာရီဝက်​ခန့် ပင်​ရှိ​နေ့​​တော့သည်​။ဝေ​ဝေလည်း ဆက်​ပြီးရန်​ဖြစ်​ဖို့ မလုပ်​​တော့ဘဲ ​ဆောင်​ကြာမြိုင်​ တွင်​ဧည်​သည်​​တွေကို​ဖျော်​​ဖြေဖို့ ထွက်​သွား​တော့ သည်​။ အခန်းထဲ တွင်​ သွမ့်​ယိ နဲ့ ဆူရင်းပင်​ကျန်​ခဲ့​တော့သည်​။ဆူရင်းတစ်​​ယောက်​ သွမ့်​ယိ ကိုဖက်​ထားရာက​နေခွာပြီး မျက်​နှာ​လေးကို ကိုင်​ကာ
"ချစ်​တယ်​.... ရှင်​မိန်းမတစ်​​ယောက်​ဖြစ်​​နေတာ​တောင်​ချစ်​တယ်​...ဒါမယ့်​ရှင်​က အဲ့မိန်းမကို နမ်းတယ်​... ရှင်​သူ့ကိုချစ်​​နေတာလား...ဒါက ရှင့်​အတွက်​ ပထမဆုံး အနမ်းလား..."
"ငါ့ရဲ့ ပထမဆုံး အနမ်းမဟုတ်​ပါဘူး.... "
"ဟင်​...ဒါဆို အ​ရှေမှာ ဘယ်​သူနဲ့ လဲ....ရှင်​ကမ​ကောင်းတဲ့လူပဲ...."
သွမ့်​ယိ ကိုထု​နေမိ​တော့သည်​။ သွမ့်​ယိ တစ်​​ယောက်​ ပြုံးကာ ဆူရင်းကို ရင်​ခွင်​ထဲ ထည့်​ပြီး
"ဆူရင်း....မင်းက အရင်​တည်းက အရမ်းကိုနူးညံ့သိမ်​​မွေ့တဲ့ မိန်းက​လေး တစ်​​ယောက်​ ပါ...ဘာ​ကြောင့်​ အခုလို ဆိုးလာရတာလဲ..."
"အဲ့ဒါ ရှင့်​​ကြောင့်​​ပေါ့...ရှင့်​​ကြောင့်​ သဝန်​လည်းတိုရ...ပူ​လောင်​ရနဲ့....ရှင်​ အဲ့က​ချေသည်​ကို ချစ်​လား...."
"ကိုယ်​အဲ့အ​ဖြေမ​ပေးခင်​ ကိုယ်​​ပြောတာနား​ထောင်​... ဟိုးအရင်​တုန်းက ​တောင်​​ပေါ်မှာ​နေတဲ့ ကိုယ်​ဟာ ကိုယ်​ရင်​​လေး တစ်​ပါး​နေမ​ကောင်းလို့ ​ဆေးလာဝယ်​တယ်​...ကိုယ်​လာဝယ်​တဲ့​ဆေးကလည်းအရမ်းရှားသလို ​ဈေးလည်းကြီးတယ်​...​ဆေးဖိုးမ​လောက်​လို့ ဆိုင်​ရှင်​ကို ​ဈေး​လျှော့ခိုင်း​တော့လည်း အဲ့ဆိုင်​ရှင်​က မ​လျှော​ပေးဘဲ.. အဲ့အချိန်​မိန်းက​လေးတစ်​​ယောက်​က ကိုယ့်​​ဆေးဖိုးကို ရှင်း​ပေးတယ်​..သူ့ကိုကြည့်​​တော့ အမြဲပြုံး​နေပြီး တစ်​ခါမှ ​တောင်​မသိတဲ့ ကိုယ့်​ကိုကူညီ​ပေးသွားတယ်​....သူက ဆင်းရဲ ဒုက္ခ ဖြစ်​​နေတဲ့ လူ​တွေကိုလည်း​ဖေးမတယ်​....ကိုယ်​အမြဲသူ့ကို​စောင့်​ကြည့်​​နေခဲ့တာ...​တောင်​​ပေါ်မှာ ဓားပြတိုက်​ခံရတာက သူနဲ့ကိုယ့်​ကို ကံကြမ္မာက ပိုနီးကပ်​​စေခဲ့တယ်​လို့ ထင်​တယ်​....အဲ့ဒါ မင်းပဲ ဆူရင်း.. "
"ကျွန်​မ.....ဒါမယ့်​ ဘာလို့ ရှင့်​ကိုမမှတ်​မိရတာလဲ..."
"ဘာလို့ ဆိုကိုယ်​က အဲ့တုန်းက ခ​မောက်​အမဲ​ဆောင်းပြီး မျက်​နှာကိုမပြခဲ့လို့ပဲ...."
............................................................................
(အစတုန်းက မတင်​​တော့ဘူး လုပ်​​နေတာ... သင်္ကြန်​ရက်​ကို ခရီးသွား မှာမို့ တင်​​ပေးလိုက်​ပါပြီး​နော်​)

မချစ်​သင့်​သော်​ အချစ်​Where stories live. Discover now