မချစ်​သင့်​သော်​ အချစ်​(14)

1.8K 188 11
                                    

ဆူရင်းတစ်​ယောက်​အတန်​ကြာ ငိုင်​နေပြီးမှ အသိပြန်​ဝင်​ကာ တောင်အောက်​သို့ ပြန်​ဆင်းပြေးတော့သည်​။ သူမပြေးလာပြီး ရွာထဲ သို့ ရောက်​သော်​အခါ အိမ်​တစ်​အိမ်​အရှေတွင်​ တံခါးကို ထုတော့သည်​။ တံခါးထုနေတဲ့ အသံကြားတော့ ဝေဝေ တစ်​ယောက်​ထွက်​လာပြီး ဆူရင်းကိုတွေ့တော့
" ဒီကိုဘာကိစ္စရှိလို့ လာတာလဲ...."
"သွမ့်​ယိ သူ့ကို ဖမ်းသွားကြပြီး...."
"ဘာာာ.... သွမ့်​ယိ သူ ဒီကိုပြန်​​ရောက်​​နေပြီးလား...ဘယ်​သူ​တွေက ဖမ်းသွားကြတာလဲ....."
"သူ့ ပါးစပ်​က အဲ့မိန်းမကို မိဖုရား လို့ ​ခေါ်တယ်​.... ဟုတ်​တယ်​ အဲ့မိန်းမက သူ့ကို ​ခေါ်သွားတာ..."
"မိဖုရား.... မဟုတ်​မှ.... မိဖုရား ယု လား..."
ထိုအချိန်​ ရွာထဲတွင်​ အရပ်​ထဲက လူ​တွေ ​ပြေးလွှာသွားကြရင်း
" မိဖုရား ယု က လူတစ်​​ယောက်​ ကို ဖမ်းလာတယ်​တဲ့...သူ့ကိုဘာလို့ ဖမ်းလာတာလဲ မသိဘူး..."
" သူတို့်ဒီလမ်းကို ဖြတ်​လာမှာ​သေချာတယ်​...သွားကြည့်​ရ​အောင်​...."
ထိုလူ​တွေ ​ပြောသံကိုကြား​တော့ ​ဝေ​ဝေနဲ့ ဆူရင်းတစ်​​ယောက်​မျက်​နှာ တစ်​​ယောက်​ ကြည့်​ပီး ထိုလူ​တွေ​နောက်​ကိုလိုက်​သွား​တော့သည်​။ လူ​တွေက အ​ရှေမှာ တွင်​ ပိတ်​ရပ်​ပြီး မိဖုရား အလာကို​စောင့်​ကြည့်​​နေကြ​တော့ ဆူရင်းနဲ့ ​ဝေ​ဝေလည်းအ​နောက်​မှာပဲ ရပ်​​နေလိုက်​​တော့သည်​။ မိဖုရား တို့ ​ရောက်​လာပြီး မိဖုရား က​တော့ ​ဝေါယာဉ်​ ​ပေါ်တွင်​ လိုက်​ပါလာ​တော့သည်​။ မိဖုရား အ​နောက်​ဘက်​က ယာဉ်​မှာ​တော့ သွမ့်​ယိ ကို​ခေါ်လာ​တော့သည်​။
( သွမ့်​ယိ စီးတဲ့ ​ဝေါယာဉ်​ က အကျဉ်းသား​တွေကို ရုပ်​ရှင်​ထဲမှာ ဖမ်း​ခေါ်လာတဲ့ ​ဝေါယာဉ်​ တစ်​မျိုးပဲ ကိုယ်​ကလည်း အဲ့ဒါကိုမ​ပြောပြတတ်​​တော့ခက်​တယ်​)
ဝေ​ဝေ တစ်​​ယောက်​ သွမ့်​ယိ ကိုမြင်​​တော့ အံသြမိသည်​။အရင်​လို မာ​ကျော တဲ့လူတစ်​​ယောက်​မဟုတ်​ဘဲ အားပင်​မရှိ​တော့ဘဲ ​မေ့​မျော​နေတဲ့သွမ့်​ကိုမြင်​ပီး
"သူ....ဘယ်​လိုဖြစ်​ရတာလဲ......"
"မိဖုရား က သူ့ကို အား​ပျော့​ဆေး သုတ်​ခဲ့တာာ..."
"ဘာာာ.... ဘာဖြစ်​လို့လဲ.... "
"အဲ့ဒါ​တော့ ကျွန်​မ လည်း ​သေချာ မသိဘူး...."
"ငါသိပြီး...."
"ဘာကိုသိတာလဲ....."
"ဒီစကား က ဒီမှာ ​ပြောလို့ မ​ကောင်​ဘူး...."
ထိုအချိန်​ တန်​တန်​ တစ်​​ယောက်​ ဆူရင်းနားကို​ရောက်​လာကာ
"မမ​လေး.... မြင်​ပြီးသွားပြီးလား.....သူက​ရောဘယ်​သူလဲ.."
ဝေ​ဝေကို ကြည့်​ရင်း​ပြော​တော့ ​ဝေ​ဝေက​တော့ဂရုမစိုက်​ဘဲ
"ငါတို့ စကား​ပြောစရာရှိ​သေးတယ်​...ငါ့အိမ်​ကိုလိုက်​ခဲ့...."
ဆူရင်း နဲ့ တန်​တန်​လည်း ​ဝေ​ဝေအိမ်​​ရောက်​​တော့ စားပွဲခုံတွင်​ထိုင်​ကာ
"သူ့ကို မိန်းက​လေး မှန်းသိသွားလို့ ပဲ..."
ဆူရင်းတစ်​​ယောက်​ မျက်​နှာခဏပျက်​ကာ ပြန်​တည်​ပြီး
"ရှင်​က​ရော ဘယ်​လိုသိတာလဲ... "
"ငါဘယ်​လိုသိလဲဆိုတာ....အ​ရေးမကြီးဘူး...မိဖုရား ယုက အရမ်းရက်​စက်​တဲ့ မိန်းမပဲ လိင်​တူ ချစ်​တာကိုလည်း မုန်းတဲ့သူမျိုး...ဒီအတိုင်း ဆို သွမ့်​ယိ အသတ်​ခံရလိမ့်​မယ်​...."
တန်​တန်​ တစ်​​ယောက်​ အံ့သြ ပြီး
"​နေပါအုန်း.... အဲ့ဒီလူက ​ယောက်ျား မဟုတ်​ဘဲ မိန်းမ ​ပေါ့...ဒါဆို မမ​လေးက... "
"တန်​တန်​... နင်​ဝင်​မ​ပြောနဲ့.....​နောက်​ပြီးမိဖုရား ယုနဲ့က ဘယ်​လိုပတ်​သတ်​ကြတာလဲ..."
တန်​တန်​ ကို ဆက်​မ​ပြော​အောင်​ အကြည့်​နဲ့ ကြည့်​ပြီး ​ဝေ​ဝေကို စကားဆက်​​ပြောဆိုလိုက်​​တော့သည်​။
" မိဖုရား ယုက ချင်းအ​ဆောင်​မှာတရားသွားထိုင်​တာ သွမ့်​ယိ ကို ချင်းဆရာ​တော်​ကြီးက ငယ်​ငယ်​တည်းက ​မွေးစားခဲ့ပြီး ​ယောက်ျား ​လေးတစ်​​ယောက်​လို ​နေ​စေခဲ့တယ်​... ချင်းဆရာ​တော်​ကြီး မရှိ​တော့ ဆက်​ထိန်းသိမ်းဖို့ ကိုယ်​ရင်​​လေး​တွေက ငယ်​လွန်း​နေ​တော့ သူဒီမှာ ခဏဆက်​​နေ​နေတာ...မိဖုရား ယုက သူ့ကိုမိန်းမ မှန်းသိသွားလိုစွပ်​စွဲပြီး သတ်​ပစ်​ဖို့ လုပ်​မှာ...."
"ရှင်​က ဒီအ​ကြောင်း​တွေကို ဘယ်​လိုသိတာလဲ... "
"ချင်းဆရာ​တော်​က ငါ့အ​ဖေပဲ....​နောက်​ပြီး တစ်​ချို့ ကိစ္စ​တွေက ငါသွမ့်​ယိဆီသွားရင်း ကိုယ်​ရင်​​လေး ​တွေဆီက ကြားလာရတာ...အဲ့ဒါ​ကြောင့်​ လည်း သွမ့်​ယိ က ငါ့ကို​တောင်​​ပေါ်မလာ​စေချင်​တာ..."
"ဒါမယ့်​... မိဖုရား ယု သူ...သွမ့်​ယိ ကို သတ်​မယ်​လို့ ကျွန်​မ မထင်​ဘူး... "
"ဘာလို့လဲ... "
"မိဖုရား ယုရဲ့ အကြည့်​​တွေက သွမ့်​ယိ အ​ပေါ် ခံစားချက်​ ရှိ​နေတာမို့ ပဲ..."
"မဖြစ်​နိုင်​တာ.... မိဖုရား ယုက လိင်​တူ ချစ်​တာကို အရမ်းမုန်းတာ....သူ မိန်းမ တစ်​​ယောက်​ ကို ချစ်​မှာမဟုတ်​ဘူး..."
"ကျွန်​မ​တောင်​ သူ့ကိုချစ်​​နေတာပဲ....ရှင်​က​ရော..."
ဆူရင်း စကား​ကြောင့်​ တန်​တန်​ နဲ့ ​ဝေ​ဝေ တို့ ဆူရင်းမျက်​နှာကိုပင်​ ကြည့်​လိုက်​​တော့ သည်​။ တန်​တန်​က​တော့ ​တော်​​တော်​ စိတ်​ညစ်​​နေတဲ့ ပုံမျိုးပင်​။
"သူ...မိန်းမ တစ်​​ယောက်​ ဆိုတာ မင်းက​ရော ဘယ်​လိုသိတာလဲ သိတာကြာပြီးလား..."
"ဒီ​နေ့ ပဲသိတာ....ရှင်​က​တော့ကြာပြီး​ပေါ့...."
ဝေ​ဝေ တစ်​​ယောက်​ ဘာမှဆက်​မ​ပြော​တော့ဘဲအတန်​ကြာ​တော့
"သွမ့်​ယိ ကို ကယ်​ရမယ်​...."
"ဘယ်​လိုကယ်​ရမှာလဲ...."
" ငါက မင်းကြီးရဲ့ အကမယ်​တစ်​​ယောက်​ပါ...ငါ့မှာနည်းရှိပါတယ်​...မင်းလုပ်​​ပေးရမှာတစ်​ခုက ဝင်​မပါဖို့ဘဲ...."
"ရှင်​ဘာ​ပြောတယ်​......."
"မင်းကို မင်း ဘယ်​သူဆိုတာ ​မေ့သွားပြီးလား...မင်းက ယန်​အမတ်​ကြီး ရဲ့ သမီး...ဒီကိစ္စမှာ မင်းပါ​နေတာသိရင်း...သွမ့်​ယိ အတွက်​ အန္တရာယ်​ များတယ်​... ဒါ​ကြောင့်​ မသိသလို​နေ​ပေးပါ...သူ့ ကိုတကယ်​ကယ်​ချင်​တယ်​ဆိုရင်း..."
"ဟုတ်​တယ်​ မမ​လေး...သူ​ပြောတာမှန်​တယ်​....မမ​လေးအ​ဖေသာသိရင်း ပိုဆိုးသွားမှာ..."
"​ကောင်းပြီး...ငါမပါဘူး.. ဒါမယ့်​ ရှင်​သူ့ကိုရ​အောင်​ကယ်​​ပေးပါ...ကျွန်​မသွား​တော့မယ်​...."
ဆူရင်း နဲ့ တန်​တန်​ထွက်​သွား​တော့ ​ဝေ​ဝေသက်​ပြင်းချလိုက်​​တော့သည်​။
ညဘက်​​ရောက်​​တော့,
မိဖုရား ယုတစ်​​ယောက်​ သူ့ နန်း​ဆောင်​တွင်​ မှန်​ကြည့်​ပြီး ဆံပင်​ကို ဖီးလိမ်းကာ သွမ့်​ယိ ကိုပင်​ ​တွေး​နေမိ​တော့သည်​။ သူ့အာရုံ​တွေ ကို သွမ့်​ယိ ကသာ ဖမ်းစားထားသည်​။ အ​နောက်​ဘက်​မှ လူတစ်​​ယောက်​ လာဖက်​​တော့ မိဖုရားအမြန်​ပင်​ထကာ
" ​အော်​....မင်းကြီးပါလား....."
"မ​တွေ့ရတာ ကြာလို့ ...ငါ့မိဖုရား​လေးကို လာပြီးအလွမ်းသယ်​တာ...မိဖုရား ​လေး​ကော...ကိုယ့်​ကို သတိမရဘူးလား...."
မိဖုရား ယုတစ်​​ယောက်​ သူ​ပြော​နေတာကို အာရုံမရဘဲ ဒီအတိုင်း သာ ရပ်​​နေ​ကာ မင်းကြီးလည်းပခုံးနှစ်​ဖက်​ကို ကိုင်​​တော့ အသိပြန်​ဝင်​လာကာ
"မိဖုရား.... ဘာဖြစ်​​နေတာလဲ .. ​နေမ​ကောင်းဘူးလား...ဖမ်းလာတဲ့ လူက မိဖုရား ကို စိတ်​တို​အောင်​လုပ်​လို့ လား...နက်​ဖြန်​ ​သေမိန့်​​ပေးလိုက်​မယ်​​လေ...."
မိဖုရား တစ်​​ယောက်​ မင်းကြီးကို စူးရှ စွာကြည့်​ပြီး မင်းကြီလည်း ဒီအကြည့်​ကို နားမလည်​ဘဲ အံသြမိ​တော့သည်​။
"မင်းကြီး...ဒီည ကျွန်​မနားချင်​​နေလို့ မင်းကြီး အိပ်​​ဆောင်​ကို ပြန်​လိုက်​ပါ​တော့​နော်​..."
မင်းကြီးလည်း စကားဆက်​မ​ပြော​တော့ဘဲ အခန်းပြင်​​ရောက်​​တော့
"ဒီအကြည့်​က ဘာပါလိမ့်​... ဘာလို့တစ်​မျိုးကြီးလို ခံစား​နေမိတာလဲ...."
မင်းကြီးထွက်​သွား​တော့ မိဖုရား တစ်​​ယောက်​ အားကျစ်​ ကို​ခေါ်ကာ
"အားကျစ်​.... "
"ရှိပါတယ်​ မိဖုရား... "
"ငါ နတ်​ဆရာမကြီး ဆီသွားမယ်​ အခုပဲ...."
အားကျစ်​ က​တော့ ​ခေါင်းငြိမ့်​ပြီး တိတ်​တဆိတ်​ မိဖုရား ယုနဲ့ အားကျစ်​ တို့ နတ်​ဆရာမကြီးဆီ ထွက်​လာလိုက်​​တော့သည်​။ နတ်​ဆရာမကြီး ထံ​ရောက်​​တော့ မိဖုရား ယုကို ကြည့်​ပြီး
"မိဖုရား ရဲ့ မျက်​နှာက ခံစားချက်​ ရှိ​နေတဲ့ မျက်​နှာမျိုးပဲ...ဘယ်​သူပါလိမ့်​..."
"ခံစားချက်​ ရှိ​နေတာမဟုတ်​ဘူး...ငါမိဖုရား ကျိန်​စာ မိ​နေတာ..."
"ကျိန်​စာ....ဘယ်​သူက မိဖုရား ကို ကျိန်​စာ တိုက်​တာလဲ..."
"ငါသတ်​ခဲ့တဲ့ လိင်​တူချင်းကြိုက်​​နေတဲ့ ​ကောင်​မ​ပေါ့...သူမ​သေခင်​ငါ့ကို ကျိန်​စာ တိုက်​သွားလို့ ငါအခု ငါ့အ​တွေး​တွေ ထဲမှာ ဘာမဟုတ်​တဲ့ မိန်းမ တစ်​​ယောက်​ က​နေရာယူထားတယ်​...ငါက မိန်းမတစ်​​ယောက်​ကို ချစ်​မယ့်​သူမျိုးမဟုတ်​ဘူး..."
နတ်​ဆရာမကြီး ရယ်​ကာ
"ဘာရယ်​တာလဲ....ငါ့ကို​လှောင်​တာလား..."
"မ​လှောင်​ရဲပါဘူး....မိဖုရားရယ်​....မိဖုရား ရဲ့လက်​​ပေးပါ ကျွန်​မ ဆုတ်​ကိုင်​ထားပြီး အ​ဖြေရှာ​ပေးပါ့မယ်​...."
မိဖုရား ရဲ့ လက်​ကု​ဆုတ်​ကိုင်​ပြီး မျက်​လုံးမှိတ်​လိုက်​ပြီး အတန်​ကြာ​တော့ မျက်​လုံး ပြန်​ဖွင့်​ကာ မိဖုရား ကို ကြည့်​လိုက်​ပြီး
"မိဖုရား ကျိန်​စာ မိ​နေတာ​တော့ အမှန်​ပါ ဘဲ..."
"ငါ​ပြောသားပဲ... "
"ဒါမယ့်​ မိဖုရား...အဲ့မိန်းက​လေးက မိဖုရား ကို တိုက်​ခဲ့တဲ့ ကျိန်​စာ က မိန်းမချင်း ချစ်​ရပါ​စေဆိုပြီး ကျိန်​စာ တိုက်​ခဲ့တာမဟုတ်​ဘူး...မိဖုရားချစ်​မိတဲ့ သူက မိဖုရားကို ဘယ်​​တော့မှ ပြန်​မချစ်​ရပါ​စေလိုတဲ့ ကျိန်​စာတိုက်​ခဲ့တာ...အဲ့​တော့ မိဖုရားရင်​ထဲက ချစ်​​နေမိသူက ​ယောက်ျား တစ်​​ယောက်​ ပဲ ဖြစ်​​စေ မိန်းမ တစ်​​ယောက်​ ပဲ ဖြစ်​​စေ။ သူမိဖုရားကို ဘယ်​​တော့မှ ချစ်​လာမှာမဟုတ်​ဘူး... "
............................................................................
( ကဲ ​ခေါင်း​တွေလည်း အရမ်းကိုက်​​နေတယ်​.. ဒါမယ့်​လည်း တင်​​ပေးလိုက်​ပါတယ်​လို့ ​ခေါင်း​တွေ ကိုက်​လွန်းလို့ ​ဝေါယာဉ်​​တောင်​ ဘယ်​လို​ရေးရမှန်းမသိ​တော့ဘူး...)

မချစ်​သင့်​သော်​ အချစ်​Where stories live. Discover now