မချစ်​သင့်​သော်​အချစ်​ (24)
1.8K 164 13
              "အခုချက်​ချင်း နှစ်​ယောက်​စလုံးကိုဖမ်းလိုက်​.."
                 "တန်​တန်​.... ငါအမြဲထည့်​ခိုင်းထားတဲ့ ကြာပွတ်​ပါလာတယ်​မလား...."
                     "ဟုတ်​....မိဖုရား... ပါပါတယ်​...."
             ထိုသက်​​တော်​​စောင့်​​တွေကိုတိုက်​ခိုက်​​နေတဲ့သွမ့်​ယိ လည်း ယုဇီအန်း ကို အမြန်​ပင်​ဖမ်းဆွဲ ပြီး ထွက်​​ပြေးဖို့ အလုပ်​ သူ့ ​နောက်​​ကျောဖက်​ရိုက်​ချလိုက်​တဲ့ အရာ​ကြောင့်​ ​မြေပြင်​​ပေါ်သို့ လဲကျသွား​တော့သည်​။ သူကြည့်​လိုက်​​တော့ ကြာပွတ်​ကို နူးညံစွာကိုင်​ရင်း ပြုံး​နေတဲ့ ဆူရင်း   
        "ရပြီး......အခုနှစ်​​ယောက်​စလုံးကို ဖမ်းချုပ်​လိုက်​​တော့.... "
      "မဟုတ်​ဘူး.....သွမ့်​ယိ..... သွမ့်​ယိ...ရှင်​အဆင်​​ပြေလား... "
    "အဲ့မိန်းမ.... ပါးစပ်​ကို တစ်​ခုခုနဲ့ ပိတ်​ထားရင်း ပိတ်​ထားလိုက်​..."
                   ယုဇီအန်း တစ်​​ယောက်​ ဘာစကားမှမ​ပြော​တော့ဘဲ သွမ့်​ယိ ကိုပဲ ကြည့်​​နေ​တော့သည်​။ သူတို့ ကိုဖမ်း​ခေါ်သွားတာကို အားကျစ်​ နဲ့ သွမ့်​ကျင်းယင်​ တို့ မြင်​​တော့    
                   "အစ်​မယင်​လန်​ နဲ့ မိဖုရားယုတို့ ....."
                  ကျင်းယင်​ သွားဖို့ လုပ်​တာကို အားကျစ်​ တားကာ
                             "မသွားနဲ့...."
                 "သူတို့ ဖမ်း​ခေါ်သွားတာကို ဒီအတိုင်း ပဲကြည့်​​နေရမှာလား....သူတို့ ကဘယ်​သူ​တွေလဲသိလို့ လား..."
           "အင်းသိတယ်​.... အခုလက်​ရှိ မိဖုရားယန်​ဆူရင်းပဲ...."
မချစ်​သင့်​သော်​ အချစ်​Where stories live. Discover now