မချစ်​သင့်​သော်​အချစ်​ (25)Ending
3.8K 185 9
                    လုချောင်​ သူ့ စာဖတ်​ခန်းထဲတွင်​ စာဖတ်​နေရင်း သူ့အစေခံဝင်​လာပြီး
                   "မင်းကြီး...ကချေသည်​ လျန်​ဝေဝေက တွေ့ ခွင့်​တောင်းနေပါတယ်​...."
                    "လျန်​ဝေဝေ...အရင်​မင်းကြီးရဲ့ ကချေသည်​က ဘာလို့ ငါ့ကိုတွေ့ခွင့်​တောင်းနေတာလဲ....ဘာပဲ ဖြစ်​ဖြစ်​ လေ....ကောင်းပီး ငါခွင့်​ပြုတယ်​.."
              "မင်းကြီး.....သက်​​တော်​ရာ​ကျော်​ရှည်​ပါ​စေ.... "
            "အရင်​မင်းကြီးက နန်း​တော်​ထဲဝင်​ဖို့ အမိန့်​ကဒ်​ပြား အရင်​​ပေးခဲ့ဖူးတယ်​ထင်​တယ်​...ဒါမယ့်​လည်း အခုလက်​ရှိ ငါကိုယ်​​တော်​က ပြန်​မရုတ်​သိမ်းပါဘူး...ထားပါ​တော့.. ဘာလို့ ငါကိုယ်​​တော်​ကို​တွေ့ချင်​ရတာလဲ.."
              "ကျွန်​မလာတဲ့ အ​ကြောင်းက မိဖုရားယန်​က သွမ့်​ယိ နဲ့ မိဖုရားယုကို ဖွက်​ထားတယ်​ဆိုတာပဲ..."
                            "သွမ့်​ယိ......."
               "မိဖုရား ယန်​ ချစ်​ခဲ့ဖူးတဲ့ အမျိုးသမီး သွမ့်​ယိ မဟုတ်​ဘူးသွမ့်​ယင်​လန်​လို့ ​ပြောရင်းပိုမှန်​ပါတယ်​...မင်းကြီးလည်းဒီအ​ကြောင်း​တွေကို သိသင့်​သ​လောက်​သိမှာ​ပေါ့..."
          "မဖြစ်​နိုင်​တာ ဆူရင်းက ဘာလို့ သူတို့ ကိုဖွက်​ရမှာလဲ..."
           "ကျွန်​မ မှာ မျက်​မြင်​သက်​​သေလဲ ရှိပါတယ်​... ကျွန်​မ လိမ်​လည်းမ​ပြောပါဘူး..."
                "​ကောင်းပြီး​လေ... ဒါမယ့်​ အခု​လော​လောဆယ်​ ထွက်​သွား​ပေး....နက်​ဖြန်​ ပြန်​လာခဲ့​ပေး..."
                       "ဟုတ်​ကဲ့ပါ...မင်းကြီး.."
                 "လီကုန်းကုန်း ဝင်​လာခဲ့ ..."
              "ဟုတ်​...မင်းကြီး...ဘာများအလိုရှိပါသလဲ... "
               "အခုချက်​ချင်း မိဖုရား ယန်​ကို သွား​ခေါ်ခဲ့..."
မချစ်​သင့်​သော်​ အချစ်​Where stories live. Discover now