မချစ်​သင့်​သော်​ အချစ်​ (4)

2.1K 171 2
                                    

ဆူရင်းတစ်​​ယောက်​ အိမ်​ပြန်​​ရောက်​​တော့ သူမ အိပ်​ခန်းထဲသို့ဝင်​ရာ ဇန်​လု​ချောင်​ တစ်​​ယောက်​ သူမ အိပ်​ရာ​ပေါ်တွင်​ ထိုင်​​စောင့်​​နေ​တော့သည်​။ တန်​တန်​ တစ်​​ယောက်​ လည်း ထိုအ​ခြေ​နေကိုသိ​တော့ အခန်းပြင်​တွင်​ ​စောင့်​​နေ​တော့သည်​။
" ဟဲဟဲ......ငါ့ကို စိတ်​ဆိုး​နေတာလား... "
လု​ချောင်​ တစ်​​ယောက်​ မတ်​တပ်​ရပ်​ ပီး သူမ​ရှေတည့်​တည့်​တွင်​ရပ်​ကာ
"နင်​...ဘယ်​သွားလိုက်​တာလဲ...ငါနင့်​ကို ဘယ်​​လောက်​ထိစိတ်​ပူ​နေလဲဆိုတာ နင်​သိလား....ဒီတစ်​ခါ​တော့ ထားလိုက်​​တော့...​နောက်​တစ်​ခါ ဆို ငါနင့်​အ​ဖေကို ​ပြောရလိမ့်​မယ်​...နင့်​ကိုဘယ်​မှထွက်​သွားလို့်မရ​အောင်​လို့ ...."
"နင်​..အကျင့်​ပုတ်​လိုက်​တာ....နင်​တို့ အဲ့လိုလုပ်​​လေ..ငါပိုဆိုး​လေပဲ....ဘာလို့ငါ့ကို လာပိတ်​ပင်​​နေကြတာလဲ...ထွက်​သွား... ငါနင့်​မျက်​နှာမမြင်​ချင်​ဘူး...."
" ယန်​ဆူရင်း... စိတ်​ဆိုးရမှာ..ငါ​လေ...အခုနင့်​ကိုဒီလို​တွေလုပ်​ရတာကလည်း...နင်​က တစ်​​နေ့တစ်​ချိန်​မှာ ငါ့ရဲ့......​တော်​ပီး ဟာ..ငါသွားပီး... "
လု​ချောင်​ တစ်​​ယောက်​ ထွက်​သွား ​တော့ တန်​တန်​ တစ်​​ယောက်​ အထဲဝင်​လာကာ
" မမ​လေး....မင်းသားနဲ့ ဘာလို့ ရန်​ဖြစ်​ရတာလဲ...​နောက်​ဆို မမ​လေးကို အပြင်​မ​ခေါ်သွားရင်းဘယ်​လိုလုပ်​မလဲ..."
"ရတယ်​ မလို​တော့ဘူး...ငါ့နည်းငါ့ဟန်​နဲ့ မရရ​အောင်​ထွက်​မယ်​...ပီးတာနဲ့ ငါ့ရဲ့ မင်းသား​လေးကို ပြန်​သွားရှာမယ်​..ဟိဟိ.."
" မင်းသား...ဟင်​...ဘာကိုပြန်​သွားရှာမှာလဲ...မင်းသားက အခုပဲ ထွက်​သွားပီး​လေ..."
" အဲ့ မင်းသားကို ​ပြော​နေတာမဟုတ်​ဘူး..ဒီ​နေ့ ​တောထဲမှာ ငါ့ကို ကယ်​ခဲ့တဲ့ ငါ့ရဲ့အိမ်​မက်​မင်းသား​လေး...."
" မမ​လေး... အဲ့လူကို ကြိုက်​သွားတာလား...."
"မကြိုက်​ပါဘူး.....ချစ်​သွားတာ...."
တန်​တန်​ တစ်​​ယောက်​ အံသြကာ ကြည့်​လိုက်​​တော့ သည်​။
တစ်​ဖက်​တွင်​,
မိဖုရား တစ်​​ယောက်​ ဧည့်​​ဆောင်​အပြင်​ဘက်​ တွင်​ လမ်း​လျှောက်​ရင်း တံခါးဝ ကြီးကိုပဲ ကြည့်​​နေ​တော့သည်​။ သွမ်​ယိ တစ်​​ယောက်​ တံခါးဝ က​နေ ပြန်​ဝင်​လာတာ​တွေ့​တော့ သူမ တစ်​​ယောက်​ အ​ရှေတွင်​ သွားရပ်​​တော့သည်​။ သွမ့်​ယိ လည်း သူမကို ကိုယ်​ကိုင်းပီး နှုတ်​ဆက်​ကာ ထွက်​သွား ​တော့မည်​ အလုပ်
" အဲ့မိန်းက​လေးနဲ့ စကား​ပြောတာ အခုမှ ပီးတာလား...ကြည့်​ရတာ ရှင့်​​ကောင်​မ​လေးများလား..."
"ဘယ်​မိန်းက​လေး ကို​ပြောတာလဲ.... "
"ရှင်​ ဒီ​နေ့ ထမင်းစားပီးတာနဲ့ ချက်​ချင်းထွက်​သွားတာ​လေ...မိန်းက​လေး တစ်​​ယောက်​ က ရှင့်​ကို လာ​တွေ့တယ်​ဆိုလို့ ..."
" အာာ...အင်း ကျွန်​​တော်​ သိပါပီး...မိဖုရား က ဘာကို​ပြောချင်​တာလဲ...."
"ရှင်​က... အ​ဆောင်​​တော်​မှာလည်း​နေတယ်​...ချစ်​သူရည်​စားထား​နေတာ​တော့ မ​ကောင်းဘူး ​လေ...."
" ကျွန်​​တော့်​မှာ ဘာချစ်​သူ ရည်​စားမှ မရှိပါဘူး....ဒါဆို ကျွန်​​တော်​ ကို သွားခွင့်​​ပေးပါအုန်း....အာာ.. ​နောက်​ပီး ကျွန်​​တော်​ ချစ်​သူ ရှိရင်းလည်း..ဒါကပြသာနာမဟုတ်​ပါဘူး...ဘာလို့ဆို ကျွန်​​တော်​ က ဒီ​နေရာက မကြာခင်​ထွက်​သွားရမယ့်​သူပဲ..."
သွမ့်​ယိ တစ်​​ယောက်​ ထွက်​သွား ​တော့ မိဖုရား တစ်​​ယောက်​ ​ဒေါသထွက်​ကာ
"ငါ့ကို ပြန်​​ပြောရဲတယ်​...."
ပိုင်​ရန်​ တစ်​​ယောက်​ အ​နောက်​က​နေ
"မိဖုရား ယု....အဲ့လူကို သ​ဘောကျ​နေတာလား..."
ပိုင်​ရန်​ ရဲ့ စကား​ကြောင့်​ မိဖုရား တစ်​​ယောက်​ ချက်​ချင်းလည့်​ကြည့်​ကာ
" ရှင့်​အပူမပါဘူး...."
" မိဖုရား က ဘုရင်​ကြီးရဲ့ မိဖုရားဆိုတာကို သတိရပါအုန်း...တခြား​ယောကျာ်းအ​ပေါ် သ​ဘောမကျသင့်​ဘူးထင်​တယ်​..."
" ဘုရင်​ရဲ့သက်​​တော်​​စောင့်​ဖြစ်​တိုင်းလည်း ကျွန်​မကို ရှင်​ဒီလို လာ​ပြောလို့ မရဘူးဆိုတာ သိသင့်​တယ်​..."
" ကျွန်​​တော်​ သိပါတယ်​.... "
"​နေအုန်း...ရှင့်​ရဲ့ မျက်​လုံး​တွေ...."
ပိုင်​ရန်​ ရဲ့ မျက်​လုံးကို ​သေချာ စိုက်​ကြည့်​​တော့ ပြုံးရယ်​ကာ,
" ကျွန်​မ ကို ရှင်​...သ​ဘောကျ​နေတာလား... "
ပိုင်​ရန်​တစ်​​ယောက်​ မိဖုရား ကို​သေချာ စွာကြည့်​ပီး
" သ​ဘောမကျပါဘူး...ဒါမယ့်​ ကျွန်​​တော်​ မိဖုရား ကို ချစ်​​နေတာ ပါ.....ကျွန်​​တော်​ အပြစ်​လုပ်​မိပါတယ်​...ခွင့်​လွှတ်​ ​ပေးပါ..."
" အခုလို ဖွင့်​​ပြောရဲတဲ့ သတ္တိ ရှိတာ ကို သ​ဘောကျပါတယ်​...ကဲ ဒါဆို ငါသွားနား​တော့မယ်​..."
အားကျစ်​ က​တော့ မိဖုရား ရဲ့ အိပ်​​ဆောင်​​ရှေတွင်​​စောင့်​ကာ မိဖုရား လာတာကို ​တွေ့​တော့
" မိဖုရား ဘယ်​​တွေ သွား​နေတာလဲ...စိတ်​ပူ​နေတာ.."
"အင်း ငါနား​တော့မယ်​..."
မိဖုရား အိပ်​​ဆောင်​ထဲ ဝင်​သွား​တော့ ပိုင်​ရန်​ တစ်​​ယောက်​ အပြင်​တွင်​ ရပ်​ကြည့်​​နေမိ​တော့သည်​။ အားကျစ်​ က မြင်​​တော့ အမြန်​ပိုင်​ရန်​နားကို ​ရောက်​လာပီး
"ဟို....ထမင်းစားပြီးပြီ လား ဟင်​....မစားရ​သေးရင်း.."
"ရတယ်​...မလိုဘူး... မိဖုရား အနားက​နေသာ မခွာနဲ့ ငါ​ပြောတာ ကြားတယ်​​နော်​ ​.."
" ဟုတ်​.."
ပိုင်​ရန်​ တစ်​​ယောက်​ ထွက်​သွား ​တော့ အားကျစ်​ တစ်​​ယောက်​ မျက်​ရည်​စ​လေး​တွေ ဝဲလာ​တော့သည်​။
ညအချိန်​​ရောက်​​တော့ ​ဆောင်​ကြာမြိုင်​ ရဲ့ အခန်းတစ်​ခန်းတွင်​ အမတ်​များအားလုံး တစ်​​ယောက်​ ကိုယ်​စီ နဲ့ ​ပျော်​ပါး​နေ​တော့သည်​။ အမတ်​ကြီး ယုကို အ​ပျော်​မယ်​ များက လာချည်းကပ်​​လေသည်​။ သို့ ​သော်​ အမတ်​ယုက စိတ်​မဝင်​စား​ချေ။ ထိုအချိန်​ လျန်​​ဝေ​ဝေ လာပီး ကပြ​ဖျော်​​ဖြေ​တော့သည်​။ လျန်​​ဝေ​ဝေ ရဲ့ကပြ​ဖျော်​​ဖြေ ​နေချိန်​မှသာ အမတ်​ယု ပြုံး​တော့သည်​။ တစ်​ချို့ အမတ်​များက ရိပ်​မိကြသည်​။ လျန်​​ဝေ​ဝေ ကပြ​ဖျော်​​ဖြေမှု ပြီး​တော့ ထွက်​သွား ​တော့မည်​အလုပ်​ အမတ်​တစ်​​ယောက်​မှ
" လျန်​မိန်းက​လေး အမတ်​ကြီးယု အနား မှာ လာမ​နေချင်​ဘူးလား.."
အမတ်​ယုလည်း အားနားကာ
" ​တောင်းပန်​ပါတယ်​... သူ​ပြောတာ​တွေကို အာရုံမထားပါနဲ့​နော်​..."
"ဟုတ်​ကဲ့ပါ... အမတ်​ယု..."
ပြောကာ ထွက်​သွား ​လေ​တော့သည်​။ တစ်​ချို အမတ်​​တွေက​တော့
"အမတ်​ချုပ်​ကြီး ..ကျွန်​​တော်​ တို့ နားမလည်​​တော့ဘူး...အပိုင်​ယူလိုက်​​တော့​လေ...."
" ငါအဲ့လို မလုပ်​ချင်​ပါဘူး... ဖြည်းဖြည်း​ပေါ့...တစ်​​နေ့သူငါ့ဆီလာရမှာပဲ..."
အမတ်​ယုကြီး ​ပြောပီး ပြုံးလိုက်​ ​တော့သည်​။
..........................................................................................
( ဒီ​နေ့ အပိုင်း​တော့ တိုမယ်​​နော်​ နက်​ဖြန်​ လည်း trainee ရှိ​တော့ အပိုင်းသ​စ်​ကိုမတင်​ဖြစ်​​လောက်​​တော့ဘူး..အခုချိန်​ ထိ ဇာတ်​လမ်း ကို စိတ်​မဝင်​စား​အောင်​မလုပ်​နိုင်​ရင်း နားလည်း​ပေးကြပါ​နော်​ လိုအပ်​ချက်​​တွေများမှန်​လည်း သိပါတယ်​.... ဒါနဲ့ စကားမစပ်​ အမတ်​ယု ရဲ့ ပုံစံမျိုးက အခု​ခေတ်​မှာ အရမ်းမိုက်​​နေတဲ့ ဦးဦး တို့ လို typeမျိုးပါ​နော်​ ခန့်​ချောကြီးပါလို့ )

မချစ်​သင့်​သော်​ အချစ်​Where stories live. Discover now