မချစ်​သင့်​သော်​ အချစ်​(18)

1.7K 167 1
                                    

သူတို့ တိုင်​ပင်​ထားသလိုပဲ ညဘက်​ရောက်​တော့ ဆူရင်းကတော့ သူ့အဖေဂိုထောင်​ကို တိတ်​တဆိတ်​သွားသည်​။ဝေဝေကိုတော့အထဲမဝင်​လာစေပဲအပြင်​ဘက်​တွေစောင့်​ခိုင်းစေသည်​။ဆူရင်းတစ်​​ယောက်​ အ​စောင့်​​တွေတစ်​​ယောက်​မှမရှိတာကို အံသြ​နေမိ​တော့သည်​။ သူမ ဘာမှဆက်​မ​တွေးဘဲ ​ဆေး​တွေကိုထုတ်​ပိုးကာ အပြင်​သို့ ပြန်​ထွက်​လာချိန်​မှာပင်​ အ​စောင့်​​တွေက သူ့ကိုဝိုင်းထားလိုက်​သည်​။ အ​စောင့်​​တွေအပြင်​ သူမကိုပိုထိတ်​လန့်​​စေတာက သူမအ​ဖေဖြစ်​သူအမတ်​ယန်​ပင်​။
" သမီးမိုက်​......မင်းဖြစ်​​နေမယ်​လို့ ငါလုံးဝမထင်​ထားတာ..."
"အ​ဖေ......သမီး...."
"​တော်​ပြီး.....ငါ့ကိုဘာမှလာမ​ပြောနဲ့ ...."
ထိုအ​ခြေ​နေကို အပြင်​ဘက်​တွင်​​ချောင်းကြည့်​​နေသူ ​ဝေ​ဝေတစ်​​ယောက်
"သူတို့်..ဘယ်​လိုသိကုန်​ကြတာလဲ...ကြို​စောင့်​​နေသလိုပဲ...မဖြစ်​​တော့ဘူး... ငါပြန်​မှဖြစ်​မယ်​..."
တစ်​ဖက်​တွင်​;
သွမ့်​ယိ တစ်​​ယောက်​ အမတ်​ယုအိမ်​ကိုခိုးဝင်​လာပြီး ဂို​ထောင်​ကိုလက်​ရှာ​နေချိန်​မှာပဲ အ​နောက်​မှ လူတစ်​​ယောက်​ ​ရောက်​လာပြီး
"​ဆေး​တွေထားတဲ့ ဂို​ထောင်​ရှာ​နေတာလား...."
ထိုအသံ​ကြောင့်​ လည့်​ကြည့်​လိုက်​​တော့ အမတ်​ယုပင်​။
အမတ်​ယုတစ်​​ယောက်​ သူ့လူများနဲ့ သွမ့်​ယိကို ပိတ်​ဆို့ ထားပြီး
"အတင့်​ရဲလိုက်​တာ... မင်းကြီးဆီက ပြန်​လွတ်​တာမကြာ​သေးဘူး...မင်းကြီးရဲ့ ​ယောက္ခထီးဖြစ်​တဲ့ ငါ့အိမ်​ကိုလည်းကျူး​ကျော်​လို့ ပါလား..."
"ဒါက...တမင်​အကွက်​ချထားသလိုပဲ..အစတည်းက...ကျွန်​​တော်​ လာမယ်​ဆိုတာ ခင်​ဗျား ဘယ်​လိုသိလဲ..."
"မင်းကို လျန်​​ဝေ​ဝေ ​ခေါ်သွားကတည်းက ငါလူလွှတ်​ပြီး​စောင့်​ကြည့်​ခိုင်းထားတာ...မထင်​မှတ်​ဘဲ ငါ့လူက မင်းတို့ ရဲ့ အကြံစည်​​တွေကိုအစ ခိုးနား​ထောင်​လာတယ်​...ဒါမယ့်​ ငါတစ်​ခုအံသြတာက မင်းက သိုင်းသမားတစ်​​ယောက်​မလား...သိုင်းသမားတစ်​​ယောက်​က အမြဲသတိထားရမယ်​​လေ...မင်းအခုလို လိုက်​​ချောင်း​နေတဲ့သူရှိတာကို သတိမထားမိဘူးဆိုတာ...ငါမယုံဘူး...မင်းမှာတခြားအကြံစည်​ရှိရမယ်​.."
အမတ်​ယု စကား​ကြောင့်​ သွမ့်​ယိ နှုတ်​ခမ်း​ထောင့်​​တွေပြုံးပြီး
"ခင်​ဗျား...ကျွန်​​တော့်​ကို သိတယ်​နဲ့ တူတယ်​...ဘယ်​သူလဲဆိုတာ ကို​ပေါ့...."
အမတ်​ယု တစ်​​ယောက်​ ရယ်​ကာ
" မင်းသတ်​ချင်​​နေတဲ့ လူက မှား​နေတယ်​ဆိုတာ ကို​ရော သိလား..."
"သိတယ်​... "
"ဒါဆို ဒီကိုဘာလို့ လာတာလဲ... ငါဖမ်းမယ်​ဆိုတာသိရက်​နဲ့ ​တောင်​...."
" မထင်​မိတာပါ..အဲ့တုန်းက ကျွန်​​တော်​ တို့ အကြံစည်​ကို နား​ထောင်​​နေမယ့်​သူမရှိဘူးလို့ ...​နောက်​ပြီး တကယ်​လည်း လူ​တွေအတွက်​ ​ဆေးက လိုအပ်​​နေတယ်​​လေ..."
"ဘာပဲဖြစ်​ဖြစ်​.... သူ့ကိုဖမ်းလိုက်​ကြ...မင်းမှာဘာအကြံစည်​ရှိလဲဆိုတာ မသိ​ပေမယ့်​... မင်းကိုလုံးဝအလွတ်​မ​ပေးနိုင်​ဘူး...သွမ့်​ယင်​လန်​.. "
သွမ့်​ယိ ကို သူ့ လူ​တွေ ချုပ်​​နှောင်​လိုက်​ပြီး
"တကယ်​ပဲ....ကျွန်​​တော်​ ကိုသိ​နေတာပဲ..."
သွမ့်​ယိ ပြုံးလိုက်​ပြီး သူ့လူ​တွေ​ခေါ်​ဆောင်​ရာ​နေရာသို့ ပါသွား​တော့သည်​။
နောက်​တစ်​​နေ့ မနက်​;
ဝေ​ဝေ ထိုင်​လိုက်​ထလိုက်​ အ​ရှေအ​နောက်​လမ်း​လျှောက်​လိုက်​ဖြင့်​ သွမ့်​ယိ ပြန်​အလာကို​စောင့်​​နေ​တော့သည်​။ ထိုအချိန်​ အိမ်​တံခါးလာ​ခေါက်​သံ​ကြောင့်​ တံခါးဖွင့်​လိုက်​​တော့ လူတစ်​​ယောက်​ ထိုလူမှာ
" အမတ်​ယုက...​ခေါ်ခိုင်းလိုက်​လို့ ပါ...."
ဝေ​ဝေ အ​ခြေ​နေကို ရိပ်​မိသဖြင့်​ အမတ်​ယုအိမ်​ကိုလိုက်​သွား​တော့သည်​။ အမတ်​ယုအိမ်​​ရောက်​​တော့ အိမ်​ထဲဝင်း​နေရာမှာပင်​ ထိုင်​ခုံတွင်​ ဇိမ်​ကျကျနဲ့ ထိုင်​​နေတဲ့ အမတ်​ယုနဲ့ သူအ​ရှေတွင်​ လက်​များကို ကြိုးဖြင့်​ တုတ်​ထားပြီး ဒူး​ထောက်​ ​နေရတဲ့သွမ့်​ယိဆီကို​ပြေးပြီး
"သွမ့်​ယိ....."
သွမ့်​ယိ မျက်​နှာ ​လေး​တွေ ကို ကိုင်​​နေတဲ့ ​ဝေ​ဝေကို မြင်​​တော့ အမတ်​ယုတစ်​​ယောက်​ မျက်​နှာခက်​ထန်​စွာဖြင့်
"စိတ်​မပူပါနဲ့ ...ကိုယ်​သူ့ ကိုဘာမှမလုပ်​ပါဘူး..."
"အမတ်​ယု... ခွင့်​လွှတ်​ ​ပေးပါ....​ကျေးဇူးပြုပီး သူ့ကို လွှတ်​​ပေးပါ လို့ ​တောင်းဆိုပါရ​စေ..."
" ​ဝေ​ဝေ...ကိုယ်​က ဘယ်​လိုပြန်​လွှတ်​ရမှာလဲ...သူက ကိုယ့်​အိမ်​ကိုခိုးဝင်​လာတဲ့ သူခိုး​လေ...."
ဝေ​ဝေစကားဆက်​​ပြောဖို့ အလုပ်​မှာပင်​..အမတ်​ယုလူတစ်​​ယောက်​​ပြေးလာပြီး..အမတ်​ယု အနားတိုးတိုး​ပြောကာ
"​ကောင်းပြီး....ဝင်​လာခိုင်း လိုက်​..."
အမတ်​ယု အိမ်​ကို ​နောက်​ထပ်​ဝင်​လာသူ​တွေက​တော့ အမတ်​ကြီးယန်​ နဲ့ ဆူရင်းပင်​။ ဆူရင်းတစ်​​ယောက်​ သွမ့်​ယိ ကိုမြင်​​တော့ ​ပြေးသွားကာ
"ရှင်​အဆင်​​ပြေလား....."
"ယန်​ဆူရင်း...မတ်​တပ်​ရပ်​ စမ်း...အခုဒါက ဘယ်​လိုဖြစ်​​နေတာလဲ....."
ဆူရင်းတစ်​​ယောက်​ သူမ အ​ဖေစကားနားမ​ထောင်​ဘဲ သွမ့်​ယိ ​ဘေးတွင်​ ဆက်​ထိုင်​ကာ
"​တောင်းပန်​ပါတယ်​ အ​ဖေ...အပြစ်​​ပေးရင်း...ကျွန်​မကိုပဲအပြစ်​​ပေးပါ....အမတ်​ကြီးယု ​ကောပဲ...​ကျေးဇူးပြုပီး.. "
ပြောရင်းဆူရင်းမျက်​​တွေစီးကျလာ​တော့သည်​။ အမတ်​ယုတစ်​​ယောက်​ ရယ်​ကာ
"ဘယ်​ဆိုးလို့ လဲ...မိန်းမတစ်​​ယောက်​အတွက်​နဲ့ ..ငါ​တော့နားမလည်​​တော့ဘူး မင်းတို့ ကဘယ်​လိုဆက်​ဆံ​ရေးမျိုးလဲ..ညီအစ်​မ လို ဆက်​ဆံ​ရေး​တွေပဲလား...ဒါမှမဟုတ်​.... "
"​ကျေးဇူးပြုပီး.. စကားကိုဆင်​ခြင်​​ပေးပါ..."
ဝေ​ဝေ အသံ​ကြောင့်​ အမတ်​ယုပြုံးပြီး အမတ်​ယန်​ ကို
"ငါနဲ့မင်းနဲ့ ကြားက အ​ကြွေး​ကျေသွားပြီးလို့ ထင်​တယ်​...အရင်​က ကူညီဖူးတဲ့အ​ပေါ်အခု ငါ မ​နေ့ညက ကိစ္စ သတိ​ပေးလိုက်​တာနဲ့ ပတ်​သတ်​ပြီး ​ကြေသွား​လောက်​ပြီးထင်​တယ်​...မင်းက​တော့ သူခိုးကို အပြစ်​​ပေးစရာမလိုဘူးထင်​တာပဲ..."
ဆူရင်း ကို ကြည့်​ပြီး ​ပြောလိုက်​​တော့သည်​။ သွမ့်​ယိ တစ်​​ယောက်​ ဆူရင်းကို တိုးတိုး​လေး​ပြောကာ
"ဆူရင်း...ကိုယ်​တို့ ခွဲရ​တော့မယ်​ထင်​တယ်​.."
"ဟင့်​အင်း...မခွဲနိုင်​ဘူး...ရှင့်​အနားမှာပဲ​နေချင်​တယ်​..."
"မင်းကိုယ့်​ကို... တကယ်​ပဲချစ်​တာလား..."
"ဘယ်​လို​ပြောလိုက်​တာလဲ...ချစ်​တာ​ပေါ့..."
" ဒါဆို ကိုယ့်​ကို နမ်းပါ..."
"အခုလား....ဒီလိုအ​ခြေ​နေမှာ..."
"ဘာလဲ...မင်းအ​ဖေကို​ကြောက်​တာလား..မင်းအ​ဖေသိမှာကိုစိုးတာလား...ကိုယ်​သိလိုက်​ပါပြီး..."
"မဟုတ်​ဘူး...."
မျက်​နှာ လွှဲသွားတဲ့ သွမ့်​ယိ မျက်​နှာ ကို ပြန်​ဆွဲယူရင်း နမ်းလိုက်​​တော့သည်​။ ထိုအ​ခြေ​နေ​တွေ​ကြောင့်​ လူ​တွေ အံသြသွားကြ​တော့သည်​။ အမတ်​ယန်​မှာ လဲကျမလိုပင်​ ဖြစ်​ကာ
"ဒါက.....မဖြစ်​နိုင်​တာ.... "
ဝေ​ဝေလည်းအံသြပြီး အမတ်​ယု လည်း ပြုံးရယ်​လိုက်​​တော့သည်​။
........................................................................................
(ခရီးက မ​နေ့က ပြန်​​ရောက်​တာ​ကြောင့်​ ဒီ​နေ့ ပြန်​တင်​လိုက်​ပါပြီး​နော်​...)

မချစ်​သင့်​သော်​ အချစ်​Where stories live. Discover now