ပိုင်ရန်တစ်ယောက် မိဖုရားကို ကြည့်ပီး
"မိဖုရား... "
ပိုင်ရန် အသံကြောင့် သတိပြန်ဝင်ကာ
" ရှင်က သွမ်ယိ ပေါ့...ကျွန်မက ကျောင်းထိုင်ဆရာတော်တစ်ယောက်ထင်နေခဲ့တာ...ရှင်က ရိုးရိုးသာမာန်လူပဲ..ဆရာတော် လည်းမဟုတ်ဘဲ...ဘာလို့ ကျောင်းရဲ့အဓိက လူဖြစ်နေရတာလဲ..."
သွမ့်ယိ တစ်ယောက် မိဖုရား ကိုမကြည့်ဘဲ တခြားနေရာကိုကြည့်ကာ
" မိဖုရား ပြောတာ မှန်ပါတယ်... ကျွန်တော် က သိုင်းသမားတစ်ယောက်ဖြစ်တဲ့အတွက် ဒီကျောင်းကို အမြဲတမ်း လည်း မဦးဆောင်ပါဘူး ပီးတော့ ဦးဆောင်ပိုင်ခွင့်လည်းမရှိပါဘူး...ကျွန်တော် ဒီကျောင်းရဲ့ အုပ်ထိန်းသူကို ကိုယ်တော်လေး ချွင်း ကိုလွှဲပေးမှာပါ....ညလည်းအရမ်းနက်နေပီးမို့ မိဖုရားလည်း နားသင့်ပီး...ဒါဆိုကျွန်တော် သွားလိုက်ပါအုန်းမယ်..."
မိဖုရားတစ်ယောက် တားမို့လုပ်နေပေမယ့် ပိုင်ရန်တစ်ယောက် အရှေ့တွင်ပိတ်ရပ်ကာ
" မိဖုရား မနက်အစောလည်း ထရမှာမလား...အိပ်လိုက်သင့်ပီး ထင်တယ်... "
"နင်က ဘာမို့လို့ ငါ့လား..အမိန့် ပေးနေရတာလဲ.....ကောင်းပီး လေ..ဖယ် "
မိဖုရား အိပ်ဆောင်ထဲ ပြန်ရောက်တော့
"ယောက်ျား လေး တစ်ယောက် က ဘာလို့ အဲ့လောက်တောင် ချောပီး ကြည့်ကောင်းနေရတာလဲ....ငါဘာတွေ စဉ်းစား နေမိတာလဲ....တော်ပီး.. တော်ပီး အိပ်တော့ မယ်..."ဒီလိုနဲ့ နောက်တစ်နေ့ မနက်ရောက်တော့
အားကျစ် တစ်ယောက် မိဖုရား ကို နှိုးတော့သည်။
"မိဖုရား....."
စကားပင် မဆုံးလိုက် တံခါးဆွဲဖွင့်ပီး ထွက်လာသော် မိဖုရား ကြောင့် လန့်ကာ
"မိဖုရား နိုးနေတာပဲ...."
အားကျစ် ကို ပြုံးပီး နားနေဆောင်ဆီသို့ ထွက်လာကြတော့သည်။ ထိုနေရာ ရောက်တော့ မနက်စာ စားနေကြတဲ့ ကိုယ်တော်လေး များနဲ့ သွမ့်ယိ ဆိုတဲ့ ထိုလူပါ ရှိနေတော့သည်။ သူလာတော့ အကုန်လုံး က မတ်တပ်ရပ် ကြိုဆိုကာ ထိုင်ဖို့ နေရာပေးတော့ သည်။ သူမအရှေတည့်တည့်တွင် သွမ့်ယိ ထိုင်ကာ သူမ ကို ဂရုမစိုက် ပဲ အစားကိုသာ ဆက်လက်စားနေတော့သည်။ မိဖုရား မှ
" ငါ ဒါပီး ရင်း ဘာလုပ်ရမှာလဲ.... "
သွမ့်ယိ တစ်ယောက် မိဖုရား ကိုမကြည့်ဘဲ ချွင်းကိုယ်တော်လေးကိုကြည့်ကာ
" ချွင်းကိုယ်တော်လေးက မိဖုရားကို တရားထိုင်ဖို့ အတွက် တရားတော် ကျမ်းစာ တွေလည်း ဖတ်ဖို့ ပေးပါလိမ့်မယ်..သူအကုန်လုပ်ပေးသွားမှာပါ...မပူပါနဲ့... ပြီးတော့ မိဖုရား ဖတ်ရွတ်ရမယ့် နေရာက... ဘိုးဘွားဘုရင်တွေရဲ့ကျောက်တိုင်တွေ ရှိတဲ့ အခန်းထဲမှာ... "
"ငါက ခြောက်လ ထိတောင် အဲ့လိုနေရမယ်ပေါ့....စိတ်ပျက်တယ်... "
ထိုအချိန် ကိုယ်တော်လေး တစ်ဦး သွမ့်ယိ ဆီလာပီး
"အစ်ကို လေး....မိန်းကလေး တစ်ယောက် က အစ်ကိုလေးကို တွေ့ချင်တယ် ပြောတယ်..."
မိန်းကလေး ဆိုသော် အသံကြောင့် မိဖုရား အကြည့်တွေပိုစူးရှလာတော့သည်။
"ဘယ်သူလဲ.... "
"အဲ့ဒါတော့ နာမည် မပြောဘူး...သူမ ကြည့်ရတာ အရေးကြီးပုံပဲ....."
"ကောင်းပီး... ငါအခု လာပီး...."
မိဖုရား ကို နှုတ်ဆက်ကာ
"ကျွန်တော် ကို သွားခွင့်ပြုပါအုန်း...."
ပြောကာ ထွက်သွား လေတော့သည်။ ကျောင်းဆောင်ရဲ့ တံခါးအပြင်ဘက်ရောက်တော့ လျန် မိန်းကလေး ကို တွေ့လိုက်ရတော့သည်။
" လျန်မိန်းကလေး... ဘာကိစ္စ ရှိလို့လဲ... "
လျန်ဝေဝေ တစ်ယောက် ပြုံးပြကာ
" ချန်ဆရာတော်ကြီးရဲ့ အုတ်ဂူကို တစ်ချက်လောက်ကြည့်ခွင့်ရနိုင်မလား...."
" အဲ့ဒါတော့ ကျွန်တော် တောင်းပန်ပါတယ်... ဘာလို့ဆို ချန်ဆရာတော်ကြီး ကိုယ်တိုင် ဘယ်သူမှ သူ့ကို လာကြည့်တာကိုမလိုချင်လို့ပါ...."
"အော်......"
ဘာစကားဆက်ပြောရမှန်းမသိပဲ လျန်ဝေဝေ တစ်ယောက် သွမ်ယိ ကို ရပ်ကြည့်နေမိတော့သည်။
"လျန် မိန်းကလေး.....ဘာအခက်အခဲရှိလို့လဲ.."
ဝေဝေတစ်ယောက် ခေါင်းခါကာ
"ဒါဆို ကျွန်တော် ကို သွားခွင့်ပြုပါအုန်း... "
ဝေဝေ တစ်ယောက် သွမ်ယိ လက်ကိုဆွဲကာ
"နေပါအုန်း.... ညီမ အကူညီလိုတိုင်း အစ်ကိုသွမ့် အကူညီပေးမှာလားဟင်..."
"ကျွန်တော် အတတ်နိုင်ဆုံး ကူညီပေးပါ့မယ်..."
သူ့ကို ဆွဲထားတဲ့ ဝေဝေရဲ့ လက်ကလေးကို ဖြုတ်ချကာ ထွက်သွား လေသည်။
တစ်ဖက်တွင်,
အပြင်ထွက်ရလို့ ပျော်နေတဲ့ ယန်ဆူရင်း နဲ့ သူမရဲ့ အစေခံ မလေး တန်တန် သူတို့ အပြင် မင်းသား ဇန်လုချောင် ပါ ရှိနေတော့သည်။
ဇန်လုချောင် ပါနေသဖြင့် ဆူရင်း ပျော်ချင်တာတောင် အပြည့်အဝ မပျော်နိုင်။ ဒီလိုနဲ့ သူမ တန်တန်ရဲ့  လက်ကိုဆွဲကာ ဇန်လုချောင် အလစ်တွင် ထွက်ပြေးလာကြတော့သည်။ လမ်းတစ်ဝက်ရောက်တော့ အပြေးရပ်ပီး တန်တန် တစ်ယောက် မောကာ မေးရင်း
"မမလေး....မင်းသား အခုလောက်ဆိုရှာနေပီး...ဘာလို့ဒီလိုလုပ်ရတာလဲ....နောက်ထပ်ပီး မထွက်ရရင်း ဘယ်လိုလုပ်မလဲ..."
" အား...ယား....တန်တန် ကလည်း မပူပါနဲ့ ငါယန်ဆူရင်းကို ဘယ်သူမှ ကြာကြာမချုပ်နိုင်ပါဘူး...ငါအခု တောထဲဝင်မလို့ "
"မမလေး ရယ်...ဘာလုပ်ဖို့ ဝင်မှာလဲ...အဲ့မှာ ဓားပြတွေရော...ကျားတွေ မြွေတွေ အကောင်ပေါင်းစုံရှိတာကို..."
"ငါ ခရမ်းရောင် ဆေးပင် သွားရှာမလို့ အဲ့အပင်က နားမကျန်တာ ဒဏ်ရာ ပြီးတော့ အဆိပ်တွေ အားလုံးကို လည်း ပီးနိုင်တယ်...အဲ့ဒါကြောင့် ငါအဲ့အပင်ကို လိုချင်တာ... "
" အဲ့ဒါဆို လည်း နောက်မှ ပဲ လူလွှတ်ပီး ရှာခိုင်းလိုက်မယ်လေ..."
"ငါကိုယ်တိုင် ရှာချင်လို့လေ....နင်မလိုက်ရင်း ပြန်တော့..."
"လိုက်မှာပါ....မမလေး ရယ်..."
ဒီလို နဲ့ သူမတို့ ဆေးပင် လိုက်ရှာရင်း တိုက်ခိုက်နေတဲ့ အသံတွေကြားလိုက်ရသည်။ သူမတို့ ခြုံထဲတွင် အမြန်ပုန်းပီး ခိုးကြည့်ရာ ဝတ်ရုံဖြူ ဝတ်ဆင်ထားတဲ့လူတစ်ယောက် နဲ့ ခပ်ဝဝ ခေါင်းမွှေးစုတ်ဖွာဖွာနဲ့ လူတစ်ယောက် တို့ တိုက်ခိုက်နေကြတော့သည်။ သူတို့ အတန်ကြာ တိုက်ခိုက်ပီးတော့ ခပ်ဝဝနဲ့ လူ ရှုံးကာ
"ညီလေး....မင်းရဲ့သိုင်းပညာက အရမ်းကောင်းတယ်...အကိုရှုံးသွားပီး....မင်းဖြစ်ချင်တဲ့ ဆန္ဒရှိရင်းပြော..."
"အခု တော့ မရှိသေးဘူး...တစ်ချိန်ချိန်...အကူညီလိုတဲ့အခါ ကျွန်တော် ပြောပါ့မယ်....ကတိသာမမေ့နဲ့... "
"ဟားဟား... စိတ်ချပါ ငါမမေ့ဘူး.... ဒါဆို ငါသွားပီး... "
ထို လူကြီး ထွက်သွားတော့ ဝတ်ရုံဖြူ နဲ့ လူပဲကျန်ခဲ့တော့သည်။ ဆူရင်း တစ်ယောက် ထိုလူမျက်နှာကို သိပ်မမြင်ရချေ။ ထိုအချိန် သူတို့ အနောက်မှာ ဓားတွေနဲ့ သူမတို့ နှစ်ယောက် လည်ပင်း ကိုလာ ထောက်ကာ တန်တန် တစ်ယောက် အော်တော့ သည်။ သူမတို့ တွေ့ နေရတဲ့သူတွေမှာ ဓားပြတွေဖြစ်နေတော့သည်။ သူမတို့ အော်သံကြောင့် သွမ့်ယိ တစ်ယောက် ကြားကာ အမြန်ပင် ထိုလူတွေကို တိုက်ခိုက်တော့သည်။ တန်တန် ကတော့ လွတ်ရာတွင် အမြန်ပုန်းပီး ဆူရင်း လှမ်းခေါ်ပေမယ့် သူမ ထွက်မလာနိုင်ချေ။ သူမဆီကို ဓားဖြင့်ဝင်လာတဲ့လူကို သူမ မရှောင်နိုင်တော့ချေ။ အဲ့ဓားကို သွမ့်ယိ တစ်ယောက် အဝေးသို့လွင့်စင်အောင် လုပ်လိုက်ပီး ဆူရင်းလည်း လန့်ကာ နောက်ပြန်ကျတော့သည်။ သူမ မျက်လုံး မှိတ်ကာ ပြုတ်ကျပီး ထင်သော်လည်း သူမခါးလေးကို ပွေ့ဖက်ထားတဲ့ လက်ပိုင်ရှင်ကြောင့် မျက်လုံး လေး ဖွင့်ကြည့်မိတော့သည်၊။ ဓားပြ တွေမှာလည်း ကြောက်ကြောက်နဲ့ ထွက်ပြေးသွားလေတော့သည်။ ထိုလူနဲ့ သူမ အကြည့်ချင်းစုံမိပီး ရင်ခုန်သံတွေမြန်နေတော့သည်။ သူမ ကို ပွေ့ဖက်ထားရမှာ ခွာပီး
"မိန်းကလေး... အဆင်ပြေလား...."
တန်တန် တစ်ယောက် ပုန်းနေရာမှ ထွက်လာကာ
"မမလေး.... ဘာဖြစ်သွားသေးလဲ... "
သွမ့်ယိ တစ်ယောက် သူတို့ နှစ်ယောက် ကိုကြည့်ပီး နှုတ်မဆက်ဘဲ ထွက်သွား တော့မည့်အလုပ်..
" နာမည်....နာမည်လေး သိခွင့်ရမလား..."
သူမရဲ့မျက်နှာလေးကို သေချာ စိုက်ကြည့်ပီး ဘာမှမပြောကာ ထွက်သွား လေတော့သည်။
.........................................................................................
(ပုံမှန် Update မလုပ်ပေးနိုင်တာ တောင်းပန်ပါတယ်နော်... ကိုယ်ပီးခဲ့တဲ့ရက်တွေက training တွေရော အလုပ်နဲ့ပါမအားလို့ မတင်ဖြစ်ခဲ့တာပါ...နောက်ပိုင်း ဇာတ်လမ်း ကို ဒီထက်ပိုကောင်းအောင်ရေးသွားမှာပါနော်....အရေးအသားညံရင်း အမှားပ်ါသွားရင်းလည်း နားလည်းပေးကြပါလို့ ....စကားမစပ် မိဖုရား ယုဇီအန်း, ကချေသည် လျန်ဝေဝေ, ဒုအမတ်သမီး ယန်ဆူရင်း ဘယ်သူနဲ့ သဘောတူလည်း...နောက်ပိုင်းတွေ ထပ်လာအုန်းမှာဆိုတော့ ဖြည်းဖြည်းချင်းပေါ့...)
![](https://img.wattpad.com/cover/175740231-288-k879699.jpg)
VOCÊ ESTÁ LENDO
မချစ်သင့်သော် အချစ်
Romanceကိုယ်က အတ္တဆန်တဲ့ဇာတ်ကောင်မျိုးတွေကိုပိုသဘောကျတဲ့အတွက် အခု ဒီစိတ်ကူးရင်းဇာတ်လမ်းလေးကို ဖန်းတီးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ တရုတ်ပြည်ရဲ့ဘုရင်မ တစ်ပါးဖြစ်တဲ့ ယုဇီအန်း ဟာ အရမ်းချောမောလှပပီး လိင်တူချင်းချစ်တာကို မုန်းတဲ့ မိဖုရားတစ...