မချစ်​သင့်​သော်​ အချစ်​ (12)

1.8K 181 4
                                    

"ငါ့ သက်​​တော်​​စောင့်​ လုပ်​.."
သွမ့်​ယိ တစ်​​ယောက်​ မျက်​နှာ လွှဲကာ
"ကျွန်​​တော်​ မလုပ်​နိုင်​ပါဘူး..."
"ငါ့အမိန့်​ကို ငြင်းဆန်​ ဖို့ မကြိုးစားနဲ့ ...ငါအခု​ကောင်း​ကောင်းမွန်​မွန်​​ပြော​နေတုန်း လက်​ခံလိုက်​...."
" မိဖုရား ဘယ်​လိုပဲ ​ပြော​ပြော ကျွန်​​တော်​ မလုပ်​နိုင်​ပါဘူး... "
" ဒါဆို ဒီ​ကျောင်း​ဆောင်​ကို ဘာလို့ ပြန်​လာလဲ...ငါမရှိ​တော့ဘူး ထင်​ပြီး ပြန်​လာအုပ်​ချုပ်​ဖို့လား..."
"ကျွန်​​တော်​ ဘယ်​တုန်းက မှ အုပ်​ချုပ်​ ဖို့ အစီအစဉ်​မရှိခဲ့ဘူး...ကျွန်​​တော့်​ ပစ္စည်း ​တွေ ပြန်​လာယူတာ...နက်​ဖြန်​ ဆို ပြန်​ထွက်​သွားဖို့ အတွက်​....."
"ဘယ်​ကိုသွားမှာလဲ....ငါက မင်းကို ပြန်​လွှတ်​မယ်​ထင်​​နေလား...သူ့ကို ဖမ်းချုပ်​လိုက်​စမ်း...နက်​ဖြန်​ မနက်​ ငါ့နန်း​ဆောင်​ကို​ခေါ်သွားမယ်​...."
ရဲမက်​​တွေက မိဖုရား အမိန့်​နဲ့ ဖမ်းချူပ်​လိုက်​​တော့ သွမ့်​ယိ မတိုက်​ခိုက်​ဘဲ အလိုက်​သတိအဖမ်းခံလိုက်​​တော့သည်​။ မိဖုရား တစ်​​ယောက်​ အံသြ​နေ​တော့သည်​။ သွမ့်​ယိ ကို သူ့အ​ဆောင်​​တွေ ပိတ်​​လှောင်​ထားချိန်​ အပြင်​ဘက်​​နေ မတ်​တပ်​ရပ်​ ပြီး သွမ့်​ယိ အိပ်​​ဆောင်​ကိုကြည့်​ကာ
"ထူးဆန်း တယ်​...ဘာလို့ မတိုက်​ခိုက်​တာလဲ....ရှင့်​မှာ အကြံတစ်​ခု​တော့ ရှိရမယ်​..."
ညအချိန်​မှာလည်း ၂နာရီ ​ကျော်​​နေပြီး သူ့ကို ​စောင့်​ကြည့်​​နေတဲ့ ရဲမက်​အချို့မှာလည်း အိပ်​ငိုက်​​နေကြ​တော့သည်​။ မအိပ်​​သေးတဲ့သူများကို အသံတိတ်​ ​မေ့​ကြော ပိတ်​​အောင်​လုပ်​ပြီး တားမြစ်​နယ်​​မြေကို ဝင်​သွား​တော့ သည်​။ သူမသိလိုက်​ခင်​မှာပဲ သူ့အ​နောက်​မှ အနက်​​ရောင်​ ဝတ်​စုံ နဲ့ မျက်​နှာဖုံးအုပ်​ထားတဲ့သူတစ်​​ယောက်​ ခိုးလိုက်​လာ​တော့သည်​။ တားမြစ်​ နယ်​​မြေ နက်​ထဲသို့ ​ရောက်​လာပီး နတ်​​ရေကန်​​ရှေတွင်​ သူ့အဝတ်​အစားများ ချွတ်​ကာ ဝင်​စိမ်​လိုက်​​တော့သည်​။

Flashback: လွန်​ခဲ့​သော်​​ခြောက်​လခန့်​က

သွမ့်​ယိ တစ်​​ယောက်​ ​ဝေ​ဝေဆီမှ ထွက်​ခွာလာပီး သူနဲ့ အမြဲသိုင်းပြိုင်​​နေ​သော်​ နတ်​မိ​ချောင်းအကိုဆီကို ထွက်​ခွာလာသည်​။ ထိုလူမှာ အရူးညီ​နောင်​​လေး​ဖော်​မှ ဒုတိယ အကို ဖြစ်​သည်​။
"ညီ​လေး.... မင်း အဆင်​​ပြေလား... "
"ကျွန်​​တော်​ ဒီကိုမလာခင်​ အရင်​ရက်​​တွေက​တော့ ခရမ်း​ရောင်​ အပင်​ နဲ့ ပြီး​တော့ ကိုယ့်​အတွင်းအားနဲ့ ပြန်​ပီး ဒဏ်​ရာ ​တွေ​ပျောက်​​အောင်​​တော့ လုပ်​တယ်​... "
အကြီးဆုံး အကိုကြီး ဆိုသူမှာ ထွက်​လာပီး
"ခရမ်း​ရောင်​ ​ဆေးပင်​ ကို မင်း​သောက်​လည်း ​ပျောက်​​တော့မှာ မဟုတ်​ဘူး...မင်းကိုယ်​မင်း ခဏတာ ထိန်းထား ဖို့ အတွက်​ ပဲ ဖြစ်​​စေတာ... ​နောက်​ပီး မင်းက မိန်းက​လေး တစ်​​ယောက်​ ဖြစ်​​နေ​တော့ ပိုဆိုးတယ်​​လေ...."
"ဘယ်​လိုသိ..... "
"ညီ​လေး သွမ့်​ တကယ်​ကြီးလား...မင်းက မိန်းက​လေး လား..."
"ဟုတ်​ပါတယ်​ ကျွန်​​တော်​ မိန်းက​လေး ပါ...အကိုကြီး ဘယ်​လိုသိတာလဲ... "
ထိုလူမှာ ရယ်​ကာ
"ငါမင်းကို စ​တွေကတည်းက သိ​နေတာ...​နောက်​ပြီး ငါက လူတစ်​​ယောက်​ ကိုကြည့်​လိုက်​ရင်း ဘယ်​သူက ဘာလဲ ဆိုတာက အစသိတယ်​...."
"အကိုကြီး က လူအမြင်​အကဲခတ်​သလို သိုင်းပညာမှာလည်း အဆင့်​ မြင်​တဲ့ သူမို့ ကျွန်​​တော်​​လေးစားမိပါတယ်​...."
ဒုတိယ အကိုတစ်​​ယောက်​ သွမ့်​ယိ ​ရှေ့တွင်​ရပ်​ကာ
"ဒါဆို အရင်​က ငါတို့ သိုင်းပြိုင်​ခဲ့တာ ဘယ်​လိုလုပ်​မလဲ... ငါက မိန်းမ တစ်​​ယောက်​ နဲ့ ပြိုင်​တာ​ပေါ့ ပြီး​တော့လည်း ရှုံး​သေးတယ်​...ငါ့မျက်​နှာ ဘယ်​နားသွားထားရမလဲ...."
"ဒါကို အကိုက ကျွန်​​တော်​ ကိုအမြဲအ​လျော​ပေးလို့ နိုင်​တာပါ...ကျွန်​​တော်​ ကို စိတ်​မဆိုးလိုက်​ပါနဲ့ ..."
"ငါက မိန်းက​လေး တစ်​​ယောက်​ ကို စိတ်​ဆိုးစရာလား..."
ထိုအချိန်​ အကိုကြီးလုပ်​သူမှ
"မင်းဒီကို ဘာလာလုပ်​တာလဲ..."
"ကျွန်​​တော်​ ကို အကိုတို့ နဲ့ ​ခြောက်​လ​လောက်​​နေခွင့်​ပြုပါ..."
"မင်းက မိန်းက​လေး ​လေ..မဖြစ်​ဘူး.."
"ကျွန်​​တော့်​ ကို မိန်းက​လေး ဆိုပြီး​တော့ သ​ဘောမထားပါနဲ့ အရင်​လို ပြန်​ဆက်​ဆံ​ပေးပါ..."
ဒုအကိုတစ်​​ယောက်​ အကိုကြီးဆိုသူကို လှမ်းကြည့်​​တော့ အကိုကြီးမှ ​ခေါင်းညိမ့်​ကာ
"​ကောင်းပီး ဒီမှာ ​နေ...​နောက်​ပြီး ငါမင်းကို တစ်​ခုသတိ​ပေးချင်​တာက မင်းအတွင်းအားနဲ့ ဘယ်​​လောက်​ပဲကုကု ခဏတာ ​လောက်​ပဲထိန်းနို်​င်​မှာ မင်း အဲ့မိစ္ဆာနှလုံးသားကို ဆွဲထုတ်​လိုက်​ကတည်းက သူ့အဆိပ်​​တွေက မင်းခန္ဓာကိုယ်​တစ်​ခုလုံးကို ထိခိုက်​လာပြီး မင်းရဲ့ နှလုံးကို ထိခိုက်​သွားလိမ့်​မယ်​ မင်းခန္ဓာကိုယ်​ ပုတ်​လာလိမ့်​မယ်​...တစ်​နည်း​တော့ရှိ​သေးတယ်​...အရင်​က ငါအဲ့မိစ္ဆာကု​ တိုက်​ခိုက်​ဖူးတုန်းက အဲ့အ​နောက်​ဘက်​မှာ နတ်​​ရေကန်​ရှိတယ်​...ငါအဲ့မိစ္ဆာ​ကြောင့်​​သေမလိုဖြစ်​ခဲ့တဲ့အချိန်​ အဲ့နတ်​​ရေကန်​ထဲမှာ စိမ်​လိုက်​တာ ငါပြန်​​ကောင်းသွားတယ်​...ဒါ​ပေမယ့်​ မင်းဘယ်​​တော့မှ မင်းခန္ဓာကိုယ်​ ကို အထိခိုက်​ထပ်​ခံလို့ မဖြစ်​​တော့ အတွင်းအားနဲ့ သိုင်းချရင်း​တောင်​ အမြဲတမ်း မရ​တော့ဘူး...အဲ့ဒါ​တွေ ကိုမလိုက်​နာဘဲ ထပ်​ပြီးလုပ်​မိခဲ့ရင်း မင်း အသက်​မရှင်​နိုင်​​တော့ဘူး..."
"​ကျေးဇူးပါ အကို ကြီး..."
"အခု​တော့ ဒီမှာ ပဲ ​နေအုန်း​ပေါ့ ​ခြောက်​လ ပြည့်​မှ သွား​ပေါ့..."

မချစ်​သင့်​သော်​ အချစ်​Where stories live. Discover now