မချစ်​သင့်​သော်​ အချစ်​(2)

2.6K 215 5
                                    

ဝေဝေ တစ်​ယောက်​ ချင်းဆရာတော်​ကြီး အကြောင်းတွေးပီး မျက်​ရည်​ကျနေတော့သည်​။
"တကယ်​ပဲ ထွက်​ခွာသွားပီးကို....အဖေ့ကိုမုန်းချင်​ပေမယ့်​ မမုန်းရက်​ခဲ့ဘူး...တစ်​ခါလောက်​ထပ်​တွေ့ချင်​သေးပေမယ့်​ .......အခွင့်​ရေးမရခဲ့တော့ဘူးပဲ...."

နောက်​တစ်​နေ့ မနက်​,
မိဖုရားယုဇီအန်း တစ်​ယောက်​ ထိုနေရာကိုမသွားချင်​ပေမယ့်​ သွားရတော့မည်​ဖြစ်​တာကြောင့်​ စိတ်​တိုပီး အဝတ်​အစားတွေ ထည့်​နေတော့သည်​။ မင်းကြီးတစ်​ယောက်​ အခန်းထဲဝင်​လာကာ
"ကိုယ့်​ကို စိတ်​ဆိုးနေတာလား...ဘိုးဘွားတွေကို အပစ်​လုပ်​လို့မရဘူးလေ...ကိုယ်​လည်း မင်းကို ဘယ်​ခွဲချင်​ပါ့မလဲ....ကိုယ်​မင်းအတွက်​ ကိုယ့်သက်​တော်​စောင့်​ ပိုင်​ရန်​ကို ထည့်​ပေးလိုက်​မယ်​နော်​.."
ဇီအန်း တစ်​ယောက်​ မင်းကြီးကို စကားမပြောဘဲ သူ့အစေခံ အားကျစ်​ ကို
"အားကျစ်​ ငါ့ပစ္စည်းတွေထည့်​ပီးပီးလား....."
အားကျစ်​တစ်​ယောက်​ အမြန်​ပင်​ထုတ်​ပိုးကာ,
"ဟုတ်​ မိဖုရား..ကျွန်​မ အကုန်​ထည့်​ပီးပါပီး..."
ဇီအန်း တစ်​ယောက်​ မင်းကြီးကို အရိုအသေပေးကာ
"မင်းကြီး သွားခွင့်​ပြုပါအုန်း....."
မင်းကြီး တစ်​ယောက်​ ဇီအန်း လက်​ကို လှမ်းဆွဲကာ
"ဂရုစိုက်​နေနော်​.....စိတ်​ချမယ်​နော်​..မိဖုရား.."
ဇီအန်း တစ်​ယောက်​ ဘာမှမပြောဘဲ နန်းတော်​ ကွင်းပြင်​ကိုရောက်​တော့ သူမ ဖခင်​အပါဝင်​ အမတ်​များနှင့်​ ဝမ်​ကိုယ်​လုပ်​တော်​နဲ့ မင်းသားလုချောင်​ပါ ရှိနေတော့သည်​။ ထိုချိန်​သူမ ဖခင်​အမတ်​ချုပ်​ကြီးယုမင်းမှ
" မိဖုရား ကိုယ့်​ကျန်းမားရေးကို ဂရုစိုက်​နော်​..."
"အဖေလည်း....နေကောင်းအောင်​နေနော်​...."
ထိုအချိန်​ဝမ်​ကိုယ်​လုပ်​တော်​ကလည်း
" ဂရုစိုက်​သွားပါ.....မိဖုရားယု.."
ယုဇီအန်းတစ်​ယောက်​ မဲ့ပြုံးပြုံးကာ
"အခုလို ဝမ်​ကိုယ်​လုပ်​တော်​ စိတ်​ပူတဲ့ အတွက်​ကျေးဇူးပါနော်​..."
ဒီလိုနဲ့ သူမတို့ ဝေါယာဉ်​ပေါတက်​ကာ ထွက်​သွားလေတော့သည်​။
အချိန်​တွေကြာ ခရီးနှင်​ပီးနောက်​ လမ်းခရီးတစ်​ဝက်​တွင်​ မင်းကြီး သက်​တော်​စောင့်​ဖြစ်​တဲ့ ပိုင်​ရန်​ကို ဝေါယာဉ်​ထဲတွင်
" ပိုင်​ရန်​.....အခုထိမရောက်​နိုင်​တော့ဘူးလား...."
ပိုင်​ရန်​က မြင်းစီးနေရင်းပင်
"မကြာခင်​ရောက်​တော့မှာပါ...တောင်​ပေါ် ခရီး ဆို​တော့ အချိန်​ က နည်းနည်းကျန့်​ကြာ​နေတာပါ....."
လှည်းထဲမှ
"စိတ်​ပျက်​လိုက်​တာ.... "
အားကျစ်​တစ်​​ယောက်​ ပိုင်​ရန်​ကို လှည်းတံခါးပြတင်း​ပေါက်​က​နေ ​ချောင်းကြည့်​ ​နေ​တော့သည်​။ ရိပ်​မိသွား​သော်​ မိဖုရား ယု မှ
" အားကျစ်​....."
"ဟုတ်​......မိဖုရား... "
"နင်​နဲ့ငါ က ငယ်​ငယ်​တည်းက တွဲလာခဲ့ကြတာ..နင်​လည်းငါ့အနားမှာ အခုချိန်​ထိ ​နေ​နေ​ပေမယ့်​ ဘာတစ်​ခုမှ မ​တောင်းဆိုခဲ့ဘူး...နင်​လိုချင်​တာ​ပြော...ငါ​ပေးမယ်​..."
"အားကျစ်​.... ဘာမှမလိုချင်​ပါဘူး...မိဖုရား အနားမှာရှိတာနဲ့တင်​​ပျော်​ပါတယ်​...."
"ဒါဆို ပိုင်​ရန်​ကို ​ပေးမယ်​ဆိုရင်း​ကော....မင်းကြီးသက်​​တော်​​စောင့်​ ဆို​ပေမယ့်​ ငါ့စကားကိုလည်း ငြင်းပယ်​ခွင့်​မရှိဘူးဆိုတာ သိတယ်​မလား....ဘယ်​လိုလဲ သူ့ကိုလိုချင်​လား... "
"မိဖုရားရဲ့ ကြင်​နာမှု အတွက်​ အားကျစ်​ ရင်​ထဲက မ​မေ့ပါဘူး....ဒါမယ့်​ အားကျစ်​ မလိုချင်​ပါဘူး...သူအားကျစ်​ကို သ​ဘောကျလာတာကိုပဲလိုချင်​တာပါ...."
"​ကောင်းပီး ​လေ...ထားလိုက်​ပါ​တော့... အချစ်​ဆိုတာ တကယ်​​တော့ အလကားပဲ... ငါဘဝမှာ ဒီ​နေ့ ဒီချိန်​ထိ အ​ဖေကလွဲရင်း ဘယ်​သူမှ မချစ်​ဘူး​တော့...ဒါ​တွေ ကို ငါမခံစားတတ်​ဘူး... "
အားကျစ်​ ဘာမှမပြောပေမယ့်​ မိဖုရားကိုကြည့်​နေမိတော့သည်​။ ထိုအချိန်​ သူတို့ တောင်​ပေါ်သို့ ​ရောက်​ပီး ချင်းအ​ဆောင်​​တော်​ကြီး အဝင်​ဝ တွင်​ ပိုင်​ရန်​တစ်​​ယောက်​ တံခါး​ခေါက်​​တော့ ဆရာ​တော်​​လေး တစ်​ပါးထွက်​လာပီး
" မိဖုရား တို့ ​ရောက်​လာကြပီးကို.... ဝင်​လာကြပါ.."
ဒီလိုနဲ့ ချင်းအ​ဆောင်​​တော်​ရဲ့ ဧည့်​ခန်း ခန်းမထဲတွင်​ အနားယူ​စေပီး ဆရာ​တော်​​လေး ပြန်​ထွက်​သွား​တော့သည်​။ မိဖုရား လည်း ထိုင်​ခုံတွင်​ ထိုင်​ပီး နား​နေချိန်​ ထိုဆရာ​တော်​​လေးပြန်​ဝင်​ကာ
"ကျွန်​​တော်​ တို့ မိဖုရားအတွက်​ အ​ဆောင်​ပြင်​​ပေးထားပါတယ်​...အဲ့မှာ အနားယူ​ပေးပါ..."
"ငါအဲ့တာ​တွေထက်​...ချင်းဆရာ​တော်​ကြီးနဲ့​တွေ့ချင်​တယ်​...သူဘယ်​မှာလဲ.. "
"ချင်းဆရာ​တော်​ကြီး လွန်​ခဲ့တဲ့ တစ်​ပတ်​​လောက်​ကပဲ ကွယ်​လွန်​သွားပါပီး.... "
"ဘာာာ... အဲ့ဒါဆို ငါက ဒီကိုဘာအတွက်​နဲ့ လာရမှာလဲ...သူက ​သေပီးဆို​တော့ ငါတို့လာတာ အလကားဖြစ်​တာပဲ..."
"ချင်းဆရာ​တော်​ကြီး မရှိ​တော့​ပေမယ့်​...အစ်​ကို သွမ့်​ယိ ကို မှာထားခဲ့ပါတယ်​...သူက ချင်းဆရာ​တော်​ကြီး တပည့်​ပါ...သူက ဆရာ​တော်​ မဟုတ်​​ပေမယ့်​ ချင်းဆရာ​တော်​ကြီးကိုယ်​တိုင်​က အစ်​ကို သွမ့်​ယိ ကို ဒီ​နေရာကို ဦး​ဆောင်​ ဖို့ လွှဲ​ပေးထားတာပါ...."
" ဆရာ​တော်​ မဟုတ်​တဲ့ သူက ဦး​ဆောင်​ မယ်​.....ရယ်​ရလိုက်​တာ......ဟုတ်​ပီးလေ ငါသူနဲ့ အခုတွေ့ချင်​တယ်​ "
" အားနာပါတယ်​... အစ်​ကို ​လေး သွမ့်​ယိ က မိဖုရား ကို လာ​တွေ့နိုင်​မှာမဟုတ်​ပါဘူး....သူ့မှာ တခြားအလုပ်​​တွေရှိ​သေးလို့ မအားလို့ပါ...အစ်​ကို​လေးက မိဖုရား တို့ကို အ​ဆောင်​ တွင်​ နား​စေချင်​ပီး..နက်​ဖြန်​ မှ တရားထိုင်​ဖို့ အတွက်​ပါ ကျွန်​​တော်​ တို့ ကို လွှဲထားပါတယ်​..."
"သူက ဘာမို့လို့ ငါ့လာမ​တွေ့နိုင်​တာလဲ....ဒါသက်​သက်​ငါ့ကို​စော်​ကားတာ...."
ထိုအချိန်​ ပိုင်​ရန်​မှ ဝင်​တားကာ
"စိတ်​ထိန်း ပါ မိဖုရား... ဒီနယ်​​မြေမှာ အပြစ်​ လုပ်​လို့ မရပါဘူး...ချင်းဆရာ​တော်​ကြီး မရှိ​တော့​ပေမယ့်​ ဒီ​နေရာက ဘုရင့်​ ဘိုးဘွားစဉ်​ဆက်​ တရားအားထုတ်​ခဲ့တဲ့​နေရာဆို​တော့ မိဖုရား ပြန်​လို့မဖြစ်​ပါဘူး.. ဆက်​ပီး တရားထိုင်​ရပါမယ်​..."
"ဟုတ်​ပီး​လေ...အခုငါနားမယ်​...နက်​ဖြန်​ ငါအဲ့လူနဲ့​တွေ့ချင်​တယ်​..."
ထိုဆရာ​တော်​​လေးမှ ပြုံးပြကာ ​ခေါင်းညိမ့်​လိုက်​​တော့သည်​။
တစ်​ဖက်​တွင်​,
ဒုတိယ အမတ်​ကြီး ဖြစ်​တဲ့ ယန်​ဖုလုံ ရဲ့သမီး​တော်​ ယန်​ဆူရင်း တစ်​​ယောက်​ သူဧ။်​​နေအိမ်​ ပန်းခြံ ထဲက ထိုင်​ခုံတွင်​ ဆူပုတ်​ပီး ထိုင်​​နေ​တော့သည်​။ ယန်​ဆူရင်း ရဲ့ အ​စေခံ တန်​တန်​ မှာလည်း ယန်​ဆူရင်း ထိုသို့ ဖြစ်​​နေပုံကိုကြည့်​ပီး ဘာလုပ်​​ပေးရမှန်းမသိဖြစ်​​နေ​တော့သည်​။ထိုအချိန်​ မင်းသားဇန်​လု​ချောင်​တစ်​​ယောက်​ ​ရောက်​လာပီး
"ဆူရင်း.....ဘာဖြစ်​​နေတာလဲ... မျက်​နှာလည်းမ​ကောင်းလို့.....ငါ့ကို​ပြော ငါဘာလုပ်​​ပေးရမလဲ...."
"ဘာဖြစ်​ရမှာလဲ....ငါအပြင်​မထွက်​ရလို့​ပေါ့..."
"ဒါက​တော့ ငါလည်း မတတ်​နိုင်​ဘူး.... "
"နင်​က မင်းသား ဖြစ်​ပီး... ဒါ​လေး​တောင်​ မတတ်​နိုင်​ဘူးလား....ဟွန့်​.. "
" မတတ်​နိုင်​လို့မဟုတ်​ဘူး...ငါကိုယ်​တိုင်​ ကလည်း နင့်​ကိုအပြင်​မထွက်​​စေချင်​လို့ ...."
"ဘာဖစ်​လို့ လဲ...."
"ဒီ​လောက်​လှတဲ့ ငါသတိုးသမီး​လေးကို တခြားသူ​တွေကို မမြင်​​စေချင်​လို့​ပေါ့...."
"နင်​ဒီလို...​နောက်​မယ်​ဆိုရင်း...ပြန်​လိုက်​​တော့..."
"ဟုတ်​ပါပီး ဟုတ်​ပါပီး နက်​ဖြန်​ ငါနဲ့ အတူ အပြင်​ထွက်​ကြမယ်​​လေ...ငါနင့်​အ​ဖေကို​ပြောလိုက်​ပါ့မယ်​. ."
"နင်​တကယ်​​ပြောတာလား....ကတိ​နော်​.. "
"အင်း ကတိ "
မင်းသား ဇန်​လု​ချောင်​ တစ်​​ယောက်​ ဆူရင်းမျက်​နှာ​လေးကိုကြည့်​ကာ ပြုံးလိုက်​​တော့သည်​။
ဒီလိုနဲ့ ညဘက်​​ရောက်​​တော့ မိဖုရား ယု တစ်​​ယောက်​ အိပ်​မ​ပျော်​​ချေ။ ထိုအချိန်​ အပြင်​ဘက်​တွင်​ တိုက်​ခိုက်​​နေတဲ့ အသံကြားလိုက်​ရ​တော့ သူမ အ​ဆောင်​ထဲက ထွက်​လာပီး ကြည့်​လိုက်​​တော့ သူမနဲ့မျက်​နှာချင်းဆိုင်​ အ​ဆောင်​တစ်​ခုရဲ့​ခေါင်းမိုး​ပေါ်တွင်​ ဝတ်​ရုံအဖြူဝတ်​ဆင်​ထားတဲ့လူနဲ့ ခပ်​ဝဝ ​ခေါင်း​မွှေးစုတ်​ဖွာဖွာနဲ့လူတို့ ချ​နေကြ​တော့သည်​။ ပိုင်​ရန်​လည်း သူအ​ဆောင်​မှထွက်​လာကာ မိဖုရား ​ရှေက ရပ်​ပီး ထိုလူနှစ်​​ယောက်​ကိုကြည့်​​နေ​တော့သည်​။ မိဖုရား ယုမှ
" ရပ်​လိုက်​ကြစမ်း...ဒီလို​နေရာမှာ ရန်​လာဖြစ်​​နေကြတယ်​.."
သူတို့ နှစ်​​ယောက်​ တိုက်​ခိုက်​တာကိုရပ်​လိုက်​ကြပီး..ခပ်​ဝဝနဲ့လူမှ
"ညီ​လေး သွမ့်​ ဧည့်​သည်​ ​ရောက်​​နေတာပဲ..."
ခပ်​ဝဝနဲ့လူမှ ဝတ်​ရုံအဖြူနဲ့လူကို ညီ​လေးသွမ့်​လို့ ​ခေါ်လိုက်​​တော့ မိဖုရား ယုတစ်​​ယောက်​ ​သေချာကြည့်​​တော့ သည်​၊ သို့​သော်​ ထိုလူမျက်​နှာကို မမြင်​ရ။ ခပ်​ဝဝနဲ့လူမှ ထပ်​ပီး
"နက်​ဖြန်​ ငါတို့ တိုက်​​နေကြ​နေရာမှာပဲ ထပ်​တိုက်​ကြတာ​ပေါ့...မင်းသိုင်းပညာက ပိုပိုပီး​ကောင်းလာတယ်​..."
" နတ်​မိ​ချောင်းရဲ့အခုလိုချီးကျူးမှုကို ကျွန်​​တော်​ ​ကျေးဇူးတင်​ပါတယ်​.."
ထိုလူရဲ့အသံမှာကြည်​လင်​ပြတ်​သားပီး အရမ်းပင်​နား​ထောင်​​ကောင်းလွန်း လှသည်​။ မိဖုရား ယု တစ်​​ယောက်​ သူမ ရင်​ထဲတွင်​ မျက်​နှာမမြင်​ရ​ပေမယ့်​အသံ​ကြောင့်​ပင်​ရင်​​တွေခုန်​လာ​တော့သည်​။ ခပ်​ဝဝ နဲ့လူမှာ ​တော့ အများက​ခေါ်တဲ့ နတ်​မိ​ချောင်းဆိုတဲ့ လူပဲဖစ်​​တော့သည်​။
ထိုနတ်​မိ​ချောင်းသည်
" ဒါဆို ငါသွားပီး...."
ပြောကာ သူ့ ကိုယ်​​ဖော့ ပညာဖြင့်​ ပျံကာ ထွက်​သွား ​တော့သည်​။ ထိုဝတ်​ရုံအဖြူနဲ့ လူမှာ ​ခေါင်းမိုး​ပေါ်တွင်​ရပ်​​နေဆဲ မိဖုရား ယုမှ
"ရှင်​က....သွမ့်​ယိ ဖြစ်​မယ်​...ငါမိဖုရားကို​တွေ့တာ​တောင်​လာမနှုတ်​ဆက်​ဘူးလား...."
ထိုဝတ်​ရုံအဖြူနဲ့ လူမှာ သူ့ကိုယ်​​ဖော့ပညာဖြင့်​ ဖြည်းဖြည်းချင်းဆင်းသက်​လာ​တော့သည်​။ တဖြည်းဖြည်း နီးကပ်​လာပီး မိဖုရား ယုမှာလည်း ရင်​​တွေအရမ်းပင်​ခုန်​​နေ​တော့သည်​။ သူမရဲ့ အ​ရှေသို့ထိုလူ​နောက်​ဆုံး​ရောက်​လာပီး
" မှန်​ပါတယ်​ ကျွန်​​တော်​ သွမ့်​ယိ ပါ....."
သူ့ကို ဘာမှမ​ပြောဘဲ စိုက်​ကြည့်​​နေတဲ့ မိဖုရား ယု​ကြောင့်​ မျက်​နှာလွှဲလိုက်​​တော့သည်​။ ပိုင်​ရန်​ကို ကြည့်​ပီး
"မိဖုရား ရဲ့ သက်​​တော်​​စောင့်​ ထင်​တယ်​..."
"ပိုင်​ရန်​လို့ ​ခေါ်ပါတယ်​...."
ပိုင်​ရန်​တစ်​​ယောက်​ မိဖုရား ကို ကြည့်​လိုက်​​တော့ စိုက်​ကြည့်​မြဲကြည့်​​နေ​တော့သည်​။
..........................................................................................
( Up ​ပေးပီး​နော်​...စိတ်​ကူးယဉ်​ ဇာတ်​လမ်းမို့ အမှားများစွားလည်း ရှိပါတယ်​ နားလည်​​ပေးကြပါ​နော်​ ..)

မချစ်​သင့်​သော်​ အချစ်​Tempat cerita menjadi hidup. Temukan sekarang