ဆူရင်းရဲ့ နှုတ်ခမ်းပါးလေးကို နမ်းလိုက်ပြီးတော့ သူရဲ့ရင်ခွင်ထဲတွင် ဆူရင်းကိုဖက်ထားကာ
"ချစ်တယ် ယန်ဆူရင်း... "
ဆူရင်းတစ်ယောက် မျက်ရည်များစီးကျလာကာ
"ချစ်တယ်... ရှင်က မိန်းမ တစ်ယောက် ဖြစ်နေတာ တောင်ချစ်တယ်..."
သွမ့်ယိ တစ်ယောက် ဆူရင်းကိုဖက်ထားရင်းကနေ မကောင်းဆိုးဝါး တစ်ကောင်လို ပြုံးလိုက်တော့သည်။ ဆူရင်းကတော့ မသိလိုက်ချေ။
နောက်တစ်နေ့မနက်,
ယုမိဖုရားတစ်ယောက် နှင်းဆီပွင့်တွေ ပါသော် ရေကန်ကြီးထဲတွင် ရေစိမ်ကာ သူ့ခန္ဓာကိုယ်ကို လက်ကလေးများဖြင့်ပွတ်တိုက်နေရင်း တစ်စုံတစ်ယောက်မှ သူ့အနောက်မှ နေရောက်လာကာသူ့ ခန္ဓာကိုယ်ကို ထိတွေ့ကာ သူမ ကျောပြင်နဲ့ လည်တိုင်တို့ ကိုအနမ်းပေးလိုက်တော့သည်။ သူမလှည့်ကြည့်လိုက်တော့ သွမ့်ယိ ပင် ဖြစ်နေသည်။ သွမ့်ယိ ကို ဒီကိုဘယ်လိုဝင်လာတာလဲဆိုတာမမေးတော့ဘဲ ခန္ဓာကိုယ်ချင်းထိကပ်စွာဖက်ထားရင်း သူမရဲ့ နားလေးကို လျှာလေးနဲ့ တို့ကာ
"ဘာတွေတွေးနေတာလဲ..မိဖုရား.. နိုးထတော့.."
ထိုအသံကြောင့် သူမလန့်ပြီး အသိပြန်ဝင်လာကာ မျက်လုံး ဖွင့်တော့ တစ်စုံတစ်ယောက်မှ မရှိချေ။ မိဖုရား ယုတစ်ယောက် ရယ်ကာ
"ငါဘာတွေတွေးနေတာလဲ....ငါရူးနေပြီး...ဟားဟား.... "
ရေချိုးပြီး ပြန်ထွက်လာတော့ မင်းကြီးတစ်ယောက် သူ့အခန်းထဲတွင် သူ့အားပြုံးပြီးစောင့်နေတာကိုတွေ့လိုက်ရတော့သည်။
"အရှင်မင်းကြီးလည်း... မနေ့ညက လာချော့မယ်ထင်နေတာ...အခုကရော..ဘာကိစ္စ ရှိလို့လဲ... "
"အခုလည်း လာချော့တာပေါ့...ကိုယ့်ကိုနားလည်ပေးပါကွာ...မိဖုရား လိုချင်တဲ့ ကျွန်ရော...အစေခံ ရော...ကိုယ်အများကြီးပေးမယ်လေနော်..."
"အဲ့ဒီလူကိုပဲ လိုချင်တာ... ဒါမယ့်ကျွန်မက ဘာမဟုတ်တဲ့ ကချေသည်မ တစ်ယောက် ကိုရှုံးနိမ်သွားပြီး..."
"မိဖုရား....သူက တော့ ပြည်သူလေ...သူ့လိုချင်တာကိုမပေးနိုင်ရင်း...ကိုယ်က ဒီလိုလူတစ်ယောက်တောင် မပေးနိုင်ဘူးလားဆိုတဲ့ ကောလဟာလတွေ ထွက်ကုန်မှာပေါ့...ကိုယ့်သိက္ခာလည်းရှိသေးတယ်လေ....ပြီးတော့ မင်းကနိုင်ငံမိဖုရား...နိုင်ငံ ရဲ့ မိခင်လေ..သဘောထား ကြီးလိုက်ပါနော်..."
မင်းကြီးတစ်ယောက် မိဖုရား ယုရဲ့အိပ်ဆောင်ထဲတွင် ရှိနေတာကို ဝေမိဖုရား တစ်ယောက် အပြင်ဘက်ထောင့်တစ်ထောင့်ကနေချောင်းနေရင်း သူမအစေခံကို
"ယန်အမတ်ကြီး ဆီ..ငါတို့ သွားမယ်...."
ယန်အမတ်ကြီး ဆီရောက်တော့
"ဝေမိဖုရား ထိုင်ပါ...ဒီကိုဘာကိစ္စရှိလို့ ပါလဲ..."
"ငါဒီထပ်ပိုပြီး မကြည့်နိုင်တော့ဘူး....မင်းကြီးက သူ့မှာယုမိဖုရားတစ်ယောက်ပဲရှိတယ်လို့ တွေးထားပုံရတယ်..ဒေါသထွက်လိုက်တာ..."
စားပွဲခုံလေးကို ထုလိုက်ရင်း
"စိတ်လျှော့ပါ မိဖုရား.... "
"ဒါနဲ့ ယန်အမတ်ကြီး သမီးလေးကိုတောင် မတွေ့ရတာကြာပြီး..ငါ့သားတော်လေးကလည်း အရမ်းသဘောကျနေတယ်...သူမရဲ့ စိတ်ထားလေးကလည်း အရမ်းကောင်းတော့ ငါလည်းသဘောကျတယ်...ယန်အမတ်ကြီး သဘောကရော..."
"ကျွန်တော်က ပိုတောင်ဝမ်းမြှောက်မိပါတယ်..."
"ဟားဟား... ကောင်းပြီး...အခုကတော့ မင်းကြီးက ပလ္လင်ပေါ်မှာထိုင်နေတာ အရမ်းအချိန်ကြာပြီးလို့ ထင်တယ်.. ဒီတော့ ငါတို့ ရဲ့အစီစဉ်စလိုက်ကြတော့တာပေါ့..."
"မိဖုရား သဘောအတိုင်းပါ..."
ဝေမိဖုရား နဲ့ ယန်အမတ်ကြီး တစ်ယောက် နဲ့တစ်ယောက်ပြုံးပြီးကြည့်လိုက်ကြတော့သည်။
တစ်ဖက်တွင်,
ဝေဝေမျက်နှာမကောင်းတာကို သွမ့်ယိ သတိထားမိပြီး
"ဝေဝေ နေမကောင်းဘူးလား...ဘာဖြစ်တာလဲ.. "
"မဟုတ်ပါဘူး... ဒီနေ့မနက် အပြင်ထွက်တော့ ဟိုဘက်ရွာမှာ ရောဂါကပ်ဘေးဖြစ်နေတယ်ကြားတယ်...အဲ့ဒီအတွက်ဆေးတွေကလည်းမလုံလောက်ဘူးတဲ့..."
"ဆေးဆိုင်တွေက ဝယ်ရင်းရော..."
"တစ်ချို့ ဆိုင်တွေက ဒီလိုအခြေနေတွေသိတာတောင် ဈေးကို နှစ်ဆတင်တယ်...တစ်ချို့ ဆိုင်တွေမှာတော့ ဆေးတွေလည်းကုန်ပြီး...ဘယ်လိုလုပ်ရမှန်းမသိဘူး..."
"ဒါဆို ဆေးတွေက ဘယ်မှာထပ်ရနိုင်အုန်းမလဲ...ကုန်သည်တွေဆီက ရနိုင်မယ်လို့ထင်တယ်..."
"မရနိုင်ဘူး...."
"ဘာဖြစ်လို့လဲ... "
"ကုန်သည်တွေကို ယန်အမတ်ကြီးနဲ့ ယုအမတ်ကြီးကဘလက်ဝါးကြီးအုပ်ထားတော့ ကုန်သည်တွေဆီက ဆေးကို သူ့တို့ အိမ်ရဲ့ ဂိုထောင်မှာ သိမ်းထားကြတယ်...ဈေးဆိုင်တွေကတောင် သူတို့ ဆီက ပြန်ယူရတယ်..."
"ဒီလူတွေ...."
ထိုအချိန် တံခါးခေါက်သံကြားလိုက်ရတော့ ဝေဝေတစ်ယောက် သိလိုက်သည် ဆူရင်းပဲဆိုတာ။ ဆူရင်းကိုတံခါးဖွင့်ပေးလိုက်တော့ သွမ့်ယိ ဆီပြေးသွားကာ သွမ့်ယိ ပေါင်ပေါ်တွင်ထိုင်ပြီး သွမ့်ယိ ပါးလေးက်ုနမ်းရင်း ဝေဝေအား မျက်စောင်းထိုး လိုက်တော့သည်။ သွမ့်ယိ တစ်ယောက် ဆူရင်းကိုဖယ်ကာ ခုံမှာထိုင်စေပြီး
"ဒီမှာ.. ထိုင်.."
ဆူရင်းတစ်ယောက် မျက်နှာပျက်ပြီး ဝေဝေကတော့ ပြုံးလိုက်တော့သည်။ ဆူရင်းတစ်ယောက် သွမ့်ယိ ကိုကြည့်ပြီး
"ဘာဖြစ်တာလဲ... မနေ့ညက အကောင်းကြီးဟာကို.."
"ဘာမှမဖြစ်ပါဘူး... ဆူရင်း...ကိုယ်မေးတာဖြေနော်..."
"အင်း...မေးလေ...."
"အင်းဟိုဘက်ရွာမှာ ရောဂါကပ်ဘေးဖြစ်နေတယ်ကြားတယ်... အဲ့ဒါဆေးတွေက..."
"အင်းဟုတ်တယ် အဖေဆီမှာ ရှိတယ်... ဆူရင်းတောင်ခိုးပြီး...ဒီမနက်ဘဲ အဲ့ဘက်ရွာကလူတွေကို ဆေးတွေ သွားပေးလိုက်သေးတယ်...ဒါမယ့် သိပ်အများကြီးယူသွားလို့ မရဘူး...အဖေသိရင်း..ဆူရင်းကို သတ်မှာ..."
"ဘာပဲဖြစ်ဖြစ် မင်းဒီလို လူတွေကို ကူညီတာနဲ့ပင်..ကိုယ်ကျေနပ်ပါတယ်...."
ပြောရင်းနဲ့ ဆူရင်းရဲ့ ဆံပင်လေးသပ်ကာ လက်ကလေးကို ဆုပ်ကိုင်လိုက်တော့သည်။ ဝေဝေကတော့ မျက်နှာမကောင်းတော့ချေ။
"ဒါမယ့် ဆူရင်း ကိုယ် ဆေးတွေခိုးဖို့ မင်းကူညီနိုင်မလား.."
သွမ့်ယိ စကားကြောင့် ဆူရင်းကော ဝေဝေပါ အံသြသွားတော့သည်။ဝေဝေတစ်ယောက် သွမ့်ယိ ကို
"ဒါမယ့်... ဒါက. အန္တရာယ် များတယ်... "
"ကူညီမယ်....ရှင့်ကို.... "
သွမ့်ယိ ကတော့ ဆူရင်းကိုကြည့်ပြီး
"ဒါမယ့်ကိုယ်က ယုအမတ်ကြီးအိမ်ကို သွားမှာ..."
"ဒါဆို ယန်အမတ်ကြီး အိမ်ကရော..."
"နေပါအုန်း... အဖေရဲ့ ဆေးတွေက ကျွန်မ ကို ခိုးခိုင်းနေတာလား..."
"အင်းဟုတ်တယ်.....ဘာဖြစ်လို့လဲ... "
"သွမ့်ယိ ရှင်...ယုအမတ်ကြီးအိမ်ကို မသွားသင့်ဘူး..သူ့သမီးလက်ထဲက လွတ်လာတာဘယ်လောက်မှမကြာသေးဘဲနဲ့ ရှင့်ကိုထပ်မိရင်း အလွတ်ပေးမှာမဟုတ်ဘူးနော်..."
ဆူရင်းတစ်ယောက် တွေးနေရင်းကပင်
"ကောင်းပြီး ကျွန်မ ခိုးပေးမယ်...တစ်ခုတော့ကတိပေးရှင် ယုအမတ်ကြီးဆီမှာ မမိပါစေနဲ့ ..."
"အင်း...ကိုယ်ကတိပေးမယ်..."
"ဒီလိုဆို ကျွန်မလည်း ကူည်ီမယ်...ဒါမယ့်ဆူရင်းကို..သူတစ်ယောက်တည်းနဲ့ ရမှာမဟုတ်ဘူး...."
"ကောင်းပြီး...ငါတို့ အစီစဉ်ကို ဒီညပဲစကြတော့တာပေါ့..."
............................................................................
( မနေ့ညက မတင်ပေးတာ တောင်းပန်ပါတယ် နော်..ဘာလို့ ဆိုအိမ်က မောင် ကောင်းမှုကြောင့် ဒူးကော တံတောင့်ဆစ်ပါ ပွန်းတယ်...ခွေးချီးမြင်တာကို ဟိုမှာခွေးချီးလို့ ပြောလိုက်ရင်းရတဲ့အရေးကို..မြွေတွေ့သလို ဟိုမှာ ဟိုမှာနဲ့ အော်တော့ ကိုယ်လည်း လန့်ပြီး ဘေးက ကားရဲ့ သံတိုင်နဲ့ ဝင်ဆောင့်....ချစ်ဖို့ ကောင်းတဲ့မောင်...နောက်တစ်ပိုင်းကတော့ မှီရင်းတင်ပေးပါ့မယ်နော် ဒီညခရီးထွက်မှာဆိုတော့ အဝတ်အစား တွေအခုထိမထည့်ရသေး အမေကတော့ ပြောနေပြီး)
YOU ARE READING
မချစ်သင့်သော် အချစ်
Romanceကိုယ်က အတ္တဆန်တဲ့ဇာတ်ကောင်မျိုးတွေကိုပိုသဘောကျတဲ့အတွက် အခု ဒီစိတ်ကူးရင်းဇာတ်လမ်းလေးကို ဖန်းတီးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ တရုတ်ပြည်ရဲ့ဘုရင်မ တစ်ပါးဖြစ်တဲ့ ယုဇီအန်း ဟာ အရမ်းချောမောလှပပီး လိင်တူချင်းချစ်တာကို မုန်းတဲ့ မိဖုရားတစ...