မချစ်​သင့်​သော်​ အချစ်​(6)

1.9K 174 3
                                    

ဝေဝေ တစ်​ယောက်​ ဈေးထဲတွင်​ သူ့အဖော်​ အပျော်​မယ်​များနဲ့ ဈေးလိုက်​ဝယ်​ရာတွင်​လိုက်​လာခဲ့တော့သည်​။ သူ့ အဖော်​များက ပိတ်​စ လှလှတွေပြသော်​လည်း စိတ်​မဝင်​စား သွမ့်​ယိကိုပဲ တွေးနေတော့သည်​။ သူမ ရဲ့အတွေးတွေကို ဖျက်​စီးလိုက်​သူမှာ
" လျန်​မိန်းကလေး...မထင်​မှတ်​ဘဲ ဒီမှာလာတွေ့တယ်​နော်​."
" အမတ်​ယု..ပါလားး...ကျေးဇူးတင်​ပါတယ်​...မနေ့ကကိစ္စအတွက်​..."
"မဟုတ်​တာ....ကိုယ်​ ကတောင်​ အားနားနေတာ..သူတို့က ဒီအတိုင်းပဲ...အမြဲစနောက်​ချင်​ကြတာလေ..."
"ဟုတ်​...ရပါတယ်​"
" အတူတူ...လက်​ဖက်​ရည်​ သောက်​ချင်​တယ်​..ရတယ်​မလား...လျန်​မိန်းကလေး..."
ဝေဝေတစ်​ယောက်​ငြင်းရမှာလည်း အခက်​တွေ့နေသဖြင့်​လက်​ခံလိုက်​တော့သည်​။ ဝေဝေအပေါင်းအဖော်​တွေကလည်း လိုက်​သွားဆိုပီး အတင်းတွေ လွှတ်​နေတော့သည်​။
"ဟုတ်​.."
ဒီလိုနဲ့ လက်​ဖက်​ရည်​ဆိုင်​ထဲတွင်​..ဝေဝေကိုပဲ ကြည့်​ပီး လက်​ဖက်​ရည်​သောက်​နေတော့သည်​။
" အမတ်​ယု.....ဝေဝေကို ပြောစရာများရှိနေလား...."
အမတ်​ယု တစ်​ယောက်​ပြုံးကာ
" ကိုယ်​......"
"မ​တွေ့ရတာ ကြာပီး​နော်​ အမတ်​ယု.... "
အမတ်​ယု တစ်​​ယောက်​ ထိုအသံကိုကြား​တော့ မျက်​နှာမဲ့ကာ ပြုံးပီး
" အမတ်​ကြီး ယန်​ ပါလား....."
"ခင်​ဗျားကို.. ဒီမှာ ​တွေ့ရမယ်​လို့ မထင်​ထားဘူးဗျာ....​အော်​...လျန်​မိန်းက​လေး လည်း ရှိ​နေပါလား...မင်းကြီးရဲ့ က​ချေသည်​ တစ်​​ယောက်​ နဲ့ လက်​ဖက်​ရည်​အတူ​သောက်​လို့​နေပါလား..."
"စိတ်​မရှိပါနဲ့.... ​ဝေ​ဝေ ပြန်​ရ​တော့မယ်​ ထင်​တယ်​...သွားခွင့်​ပြုပါအုန်း... "
ဝေ​ဝေထွက်​သွား​တော့ ​ဝေ​ဝေရဲ့ ထိုင်​ခုံတွင်​ထိုင်​ကာ
" တခြားသူ​တွေဆီက ​ပြောသံကြားရ​တော့ အမတ်​ယု က လျန်​မိန်းက​လေး ကို ချစ်​​နေတယ်​လို့ ကြားတယ်​..."
" အမတ်​ယန်​..​ပြောတာအမှန်​ပါပဲ...ဘာမှဖုံးကွယ်​​နေစရာအ​ကြောင်းမရှိဘူး..."
"အင်း​ပေါ့ ​လေ...မိဖုရား ယု ရဲ့ အ​ဖေဆို​တော့ မင်းကြီးလည်း ဒီလိုက​ချေသည်​ တစ်​​ယောက်​ အတွက်​နဲ့ သူ အမတ်​ယုကို တိုက်​ခိုက်​မှာ​တော့မဟုတ်​ပါဘူး​လေ...စကားမစပ်​ ဒါနဲ့ အခုထိ မိဖုရား ယုက ကိုယ်​ဝန်​မရ​သေးဘူး​နော်​...သမား​တော်​ ​တွေနဲ့ ​ကောပြကြည့်​ပီးပီးလား.."
"ဒါ...အမတ်​ကြီးယန်​ စိတ်​ပူ​ပေးစရာမလိုပါဘူး...အမတ်​ကြီးယန်​မှာ သမီးရှိတယ်​လို့ ကြားတယ်​...မင်းကြီးနဲ့ လက်​ဆက်​​ပေးချင်​လို့ လား ဒါမှမဟုတ် မင်းသားဇန်​လု​ချောင်​နဲ့ သ​ဘောတူထားတာများလား...အမတ်​ကြီးယန်​..သိထားဖို့က မင်းကြီးမှာ ဝမ်​မိဖုရားပဲရှိ​သေးတာမဟုတ်​ဘူး​နော်​...တခြား​သော်​ကိုယ်​လုပ်​​တော်​​တွေလည်း ရှိပါ​သေးတယ်​..."
အမတ်​ကြီးယန်​ တစ်​​ယောက်​ ဘာမှမ​ပြော​တော့​ချေ။
"ဒါဆို သွားလိုက်​ ပါအုန်းမယ်​...လုပ်​စရာအလုပ်​​တွေ ရှိ​နေ​သေးလု့်..."
အမတ်​ယု ထွက်​သွား ​တော့ အမတ်​ယန်​ တစ်​​ယောက်​ ​ဒေါသထွက်​ကာ
"ယုမင်း....မင်းက ငါ့အစီစဉ်​​တွေကို သိ​နေတယ်​ ​ပေါ့​လေ....မင်းကို ငါဆွဲချပြမယ်​..."
တောင်​ ​ပေါ်တွင်​;
သွမ့်​ယိ နဲ့ နတ်​မိ​ချောင်းဆိုတဲ့ လူတို့ ထပ်​ပီး​တွေ့ဆုံကြ​တော့သည်​။
"ညီ​လေး သွမ့်​....အရင်​အခါက အကို့ကို နိုင်​ထားတာဆို​တော့ မင်းဖြစ်​ချင်​တဲ့ ဆန္ဒသုံးခုကို အကိုလိုက်​​လျော​ပေးမယ်​...အခုဘာအတွက်​ ​ခေါ်တာ လဲ...."
" ကျွန်​​တော်​ အဲ့ဆန္ဒထဲက တစ်​ခုကို အရင်​ဆုံး ​တောင်းခံချင်​တယ်​...အကိုကြားဖူးမှာပါ...ကျွန်​​တော်​ တို့ချင်း​ကျောင်း​ဆောင်​ရဲ့အ​နောက်​ဘက်​ ​တောထဲမှာ ပိတ်​​လှောင်​ထားတဲ့မိစ္ဆာကို..."
"အင်းကြားဖူးတယ်​...ချင်းဆရာ​တော်​ကြီးလည်း အဲ့မိစ္ဆာ​ကြောင့်​ ​သေဆုံးတာမလား..."
"ဟုတ်​ပါတယ်​...ကျွန်​​တော်​ နဲ့ အတူတိုက်​ခိုက်​​ပေးပါ...."
"ချင်းဆရာ​တော်​ကြီး​တောင်​ သတ်​လို့ မရတာ...ငါဘယ်​လိုကူညီနိုင်​မလဲ....​နေအုန်း ငါက အရူး​လေး​ဖော်​ထဲက ဒုတိယ ဆိုတာမင်းသိတယ်​မလား...ပထမ အကိုကြီးကို ငါအကူညီ​တောင်း​ပေးမယ်​..ကျန်​တဲ့ အငယ်​နှစ်​​ယောက်​ကိုလည်း ငါ​ပြော​ပေးမယ်​...ပထမ အကိုကြီးက အဲ့မိစ္ဆာနဲ့ တိုက်​ဖူးတယ်​...သူသိမှာပါ နည်းလမ်းကို....."
"​ကျေးဇူးပါ... ."
"ဒါဆို... ငါသွားပီး.... "
နတ်​မိ​ချောင်းသွား​တော့ သွမ့်​ယိ တစ်​​ယောက်​ ​ကျောင်း​ဆောင်​ကို မပြန်​ဘဲ ကျယ်​ဝန်း ​သော ​ရေကန်​ရှိရာ ​နေရာတွင်​ ရပ်​ကာ သူ့အတိတ်​​ကြောင်းကို ပြန်​​တွေး​နေ​တော့သည်​။
" သွမ့်​ယင်​လန်​...အဲ့နာမည်​ကို ၁၀နှစ်​သမီး တည်းက မသုံးဖြစ်​​တော့တာပဲ...ကျွန်​​တော်​ အကို့ နာမည်​သုံး​နေတာ အဆင်​​ပြေပါ့မလား.. "
ထိုအချိန်​ သူ့ အနားကို​မော​မောနဲ့​ပြေးလာတဲ့​ကောင်​မ​လေး​ကြောင့်​လန့်​ကာ
"ရှာ​တွေ့ပြီး....အမ​လေး ​မောလိုက်​တာ....အဟွတ်​.."
"မင်း....ဟိုတစ်​ခါက ​ကောင်​မ​လေး ပဲ...."
" ကျွန်​မ ရှင့်​ကို ​တွေ့ချင်​လွန်းလို့ ​တောငိ​ပေါ်ကိုအရဲ စွန့်ပီးတက်​လာတာ တစ်​​ယောက်​ တည်း...အမ​လေး ပင်​ပန်း လိုက်​တာ..."
"ဘာလို့ ငါ့ကို​တွေ့ ချင်​တာလဲ...လူဆိုး ​တွေ ထပ်​လိုက်​လာလို့ လား...."
"ဟင့်​အင်း...ရှင့်​နာမည်​...​နောက်​ပီး ဘယ်​မှာ ​နေလဲ...အဲ့ဒါ​တွေ သိချင်​လို့ ..."
"ငါက ဘာလို့ မင်းကိုအဲ့တာ​တွေ​ပြောရမှာလဲ...."
"ရှင်​က ကျွန်​မ အသက်​ကိုကယ်​ခဲ့တဲ့သူဆို​တော့ ​ကျေးဇူးတင်​မလို့ ..."
"ရတယ်​...မလိုဘူး...မင်းပြန်​​တော့ ​မှောင်​သွားရင်း အန္တရာယ်​ များတယ်​...."
" ဘာလို့ နှင်​ထုတ်​​နေရတာလဲ...ရှင့်​ကို​တွေ့ချင်​လွန်းလို့ ​တောထဲကို အရဲစွန့်​ လာတာ​လေ..."
"ငါက မင်းကို လာခိုင်း​နေလို့ လား....ဒီမှာ ​ကောင်​မ​လေး.. "
"​ကောင်​မ​လေး လို့ မ​ခေါ်နဲ့ ကျွန်​မနာမည်​ ယန်​ဆူရင်း.. ဆူရင်းလို့ ​ခေါ်..."
"ပြန်​​တော့ ငါမင်းအတွက်​​ပြောတာ...."
"ရှင်​ ဒီမှာ ​နေတာလား...အာာာ... ချင်း ​ကျောင်း​ဆောင်​ပဲ ဒီမှာ ရှိတာ အဲ့မှာ ​နေတာ​ပေါ့..."
"မင်းမသွားရင်း....ငါသွားပီး... "
သွမ့်​ယိ ရဲ့ လက်​ကိုအမြန်​လှမ်းကိုင်​ကာ မမှီပဲ ခလုတ်​ တိုက်​ကာ သွမ့်​ယိ ရင်​ခွင်​ထဲသို့ ​ရောက်​သွား​တော့သည်​။ သွမ့်​ယိ တစ်​​ယောက်​ ထိုမိန်းက​လေးကို လှမ်းဖမ်းကာ သူ့ရင်​ခွင့်​ထဲဆီ ကိုယ်​လုံး​သေး​သေး​လေး က ဝင်​​နေ​သော်​​ကြောင့်​ တစ်​မျိုးပင်​ခံစားမိပီး မျက်​နှာ​လေးကို ကြည့်​လိုက်​​တော့ ပန်းနု​ရောင်​ သန်း​နေတဲ့မျက်​နှာ​လေးကိုမြင်​​တော့ သ​ဘောကျမိသည်​။ အသိပြန်​ဝင်​လာကာ အမြန်​ပင်​ဖယ်​ပီး
" ငါသွား​တော့မယ်​....မင်းလည်းပြန်​​တော့..."
"​နောက်​ရက်​​တွေ​ရော...ဒီကိုလာမှာလား....ကျွန်​မ ဒီမှာ ရှင့်​ကို ​စောင့်​​နေမယ်​... "
"ငါမလာဘူး...ငါ့ကိုမ​စောင့်​ပါနဲ့ ..."
သွမ့်​ယိ တစ်​​ယောက်​ ​ကျော​ပေးပီး ထွက်​သွား ​တော့ အ​နောက်​မှ မလိုက်​​တော့ဘဲ ​အော်​ကာ
"ရှင်​မလာ လာတဲ့ အထိကို ​စောင့်​​နေမှာ...."
ဘာမှတုံ့ ပြန်​မှုမ​ပေးတဲ့ ထွက်​သွား တဲ့ သွမ့်​ယိ​ကျောပြင်​​လေးကိုကြည့်​ကာ ကျန်​ခဲ့သည်​။
........................................................................................
( အခုမှ​ပေါ်လာတဲ့အတွက်​ ​တောင်းပန်​ပါတယ်​​နော်​... ဇာတ်​​ကောင်​အ​ကြောင်းမှာ အခြား​သော်​ ဇာတ်​​ကောင်​​တွေထည့်​​ရေး​ပေးထားပါတယ်​​နော်​ ပြီး​တော့ အချစ်​ရဲ့ ​နှောင်​ကြိုးက​နေ မချစ်​သင့်​​သော်​ အချစ်​ ​ပြောင်းလိုက်​တာက ပိုပီး များသင့်​​တော်​မလားလို့ ...ဝမ်​ကိုယ်​လုပ်​​တော်​ ကိုလည်း ဝမ်​မိဖုရားလို့ ပဲ​ခေါ်​တော့မယ်​​နော်​...မိဖုရား​ခေါင်​ကြီးက​တော့ ယုဇီအန်း ပါလို့ )

မချစ်​သင့်​သော်​ အချစ်​Where stories live. Discover now