မချစ်​သင့်​သော်​ အချစ်​(8)

1.8K 177 4
                                    

ဆူရင်းတစ်​ယောက်​ မအိပ်​သေးဘဲ ကုတင်​ပေါ်တွင်​ ဟိုဘက်​လှည့်​လိုက်​ ဒီဘက်​လှည့်​လိုက်​ လုပ်​​နေ​တော့သည်​။ သူ့ကုတင်​​ဘေးတွင်​ သူ့အား ထိုင်​​စောင့်​ပီး အိပ်​ငိုက်​ ​နေတဲ့ တန်​တန်​ ကို လှုပ်​နိုးကာ
" မမ​လေး... ဘာဖြစ်​လို့လဲ... "
"ငါအိပ်​မ​ပျော်​လို့ ​ပေါ့ဟ... ငါ​လေ..နက်​ဖြန်​ အဲ့လူနဲ့ ​တွေ့ရမှာကို ရင်​​တွေခုန်​​နေတယ်​...ဟီးဟီး.. "
"မမ​လေး...မသွားလို့ မရဘူးလားဟင်​...မိသွားရင်း...တန်​တန်​ ​သေမှာ​နော်​..."
"နင့်​ကို ဘယ်​သူက သတ်​မှာမို့ လဲ...ငါ့အ​ဖေလား...မ​ကြောက်​နဲ့ ငါရှိတယ်​..."
"မမ​လေး​ရေ...အဲ့လူကို ​မေ့လိုက်​ပါ​တော့...မမ​လေးက သူနဲ့ ဘယ်​လိုမှမဖြစ်​နိုင်​ဘူး....မမ​လေး ကို မင်းသားဇန်​လု​ချောင်​နဲ့ သ​ဘောတူထားတယ်​လို့ ကြားတယ်​.. "
"နင့်​ကို ဘယ်​သူက​ပြောလဲ...လု​ချောင်​ နဲ့ ငါက ငယ်​ငယ်​တည်းက သူငယ်​ချင်း ​တွေ...ငါသူ့ကိုလုံးဝမယူနိုင်​ပါဘူး..ချစ်​လည်းမချစ်​ဘူး...သူက ငါ့သူငယ်​ချင်းပဲ သူငယ်​ချင်း လိုပဲ ချစ်​တယ်​... "
တန်​တန်​ တစ်​​ယောက်​ ဘာမှမ​ပြောဘဲ စိတ်​ညစ်​ညစ်​နဲ့ဆူရင်းအား ကြည့်​လိုက်​​တော့သည်​။
တစ်​ဖက်​တွင်​,
မိဖုရား တစ်​​ယောက်​ လည်း အိပ်​မ​ပျော်​ဘဲ စားပွဲ​ပေါ်တွင်​ တင်​ထား​သော်​လ​ရေ​နွေးချမ်း​လေးကို ​သောက်​​နေ​တော့သည်​။ ထိုအချိန်​ ​ခေါင်း​လောင်းသံ ကို ထပ်​ကြားလိုက်​ရ​တော့သည်​။ သူမ မသွားကြည့်​​တော့ဘူး ဆုံးဖြတ်​ထား​သော်​လည်း ​ခေါင်း​လောင်း သံမှာ အရင်​ကထက်​ ပိုရွု​ကျယ်​​လောင်​လာ​တော့သည်​။ သူမ အပြင်​ထွက်​ကြည့်​​တော့ သွမ့်​ယိ ကို ​တွေ့လိုက်​ရ​တော့သည်​။ သူမ သွမ့်​ယိ ကို ​ခေါ်မလို့ လုပ်​​နေတုန်း ကိုယ်​​ဖော့ ပညာနဲ့ဘယ်​ကမှန်းမသိ ​ရောက်​လာတဲ့ လူ​လေးဦး။ သူမကြည့်​လိုက်​​တော့ တစ်​ဦးမှာ အရင်​က သွမ့်​ယိ နဲ့ ​ခေါင်းမိုး​ပေါ်မှာ တိုက်​ခိုက်​တဲ့သူပင်​ဖြစ်​​နေ​တော့သည်​။ ထိုလူ​လေးဦးမှာ သွမ့်​ယိ ကို တိုက်​ခိုက်​​တော့မည်​ဟု ထင်​မိကာ စိုးရိမ်​လာ​တော့သည်​။ ပိုင်​ရန်​ နဲ့ အားကျစ်​တို့အပြင်​ အ​စေခံများနဲ့ ကိုယ်​ရင်​​လေးများလည်း မရပ်​မနားမြည်​​နေတဲ့​ခေါင်း​လောင်းသံ​ကြောင့်​ ထွက်​လာကြ​တော့သည်​။ မိဖုရားတစ်​​ယောက်​ အမြန်​ပင်​ သွမ့်​ယိ နားသွားကာ
"ဘာဖြစ်​တာလဲ.. ဒီလူ​တွေက​ရော ဘယ်​သူ​တွေလဲ... "
သွမ့်​ယိ မှာ မိဖုရား ကို ဂရုမစိုက်​ ဘဲ
" အကိုနတ်​မိ​ချောင်းရဲ့ အကြီးဆုံးအကိုဖြစ်​မယ်​...."
သူ​ပြော​နေတာကို အ​လေးမထားဘဲ ထိုအသက်​ကြီးကြီး လူကြီးကို နှုတ်​ဆက်​​နေ​တော့ ​ဒေါသထွက်​မိသည်​။
"ညီလေး သွမ့်​ ဆိုတာ မင်းပေါ့..."
ပြောပီး သွမ့်​ယိကို သေချာစိုက်​ကြည့်​နေတော့သည်​။ ပြီးနောက်
"ဒီမိစ္ဆာမှာ အမြူတေရှိတယ်​..သူ့အမြူတေကိုဆွဲထုတ်​နိုင်​မှပဲ သူသေမှာ..ဒါမယ့်​ဆွဲထုတ်​နိုင်​သွားရင်းတောင်​ အဲ့ဒီလူက လည်း အချိန်​တော်​ကြာ အသက်​ရှင်​နိုင်​တော့မှာမဟုတ်​ဘူး....ဒီအတွက်​ မင်းအသက်​ကို ပေးချင်​ရဲ့လား..."
"ကျွန်​တော်​သေရမှာကို မကြောက်​ပါဘူး...."
မိဖုရားတစ်​ယောက်​နားမလည်​တော့ချေ။ သွမ့်​ယိက ဘာလို့အသက်​ပေးရမှာလည်း ဆိုတဲ့စကားကြောင့်​ ဒေါသထွက်​မိသည်​။
"အခုဒီမှာ ဘာတွေဖြစ်​နေတာလဲ....အခုထိခေါင်းလောင်းသံကလည်း ဆူနေတာပဲ..."
သွမ့်​ယိတစ်​ယောက်​ ပိုင်​ရန်​နဲ့ ကိုယ်​ရင်းလေးကိုကြည့်​ပီး
"အားလုံးဘေးကင်းတဲ့နေရာကို ခဏလောက်​ရွေ့ပေးပါ..အရှေဆောင်​မှာ ခဏလောက်​သွားနေကြရင်း ပိုကောင်းမယ်​ ကိုယ်​ရင်းလေး ခေါသွားပေးလိုက်​ပါ..."
မိဖုရား တစ်​​ယောက်​ သွမ့်​ယိ ကိုဆွဲလှည့်​ပီး
"အခု ငါ​မေး​နေတာ​ဖြေ...ငါဒီထက်​ပို​ဒေါသမထွက်​ခင်​..."
သွမ့်​ယိ တစ်​​ယောက်​ သက်​ပြင်းချကာ
"ဟိုတစ်​ခါ မိဖုရား သွားခဲ့တဲ့ ​ခေါင်း​လောင်း ​တွေရှိတဲ့ ​တောအုပ်​ထဲမှာ မိစ္ဆာတစ်​​ကောင်​ရှိတယ်​..သူအပြင်​ထွက်​ရင်းလူ​တွေ​သေကုန်​မယ်​...အခုသူ့ကိုချုပ်​​နှောင်​ထားတဲ့ကြိုးက မရှိ​လောက်​​တော့ဘူးထင်​တယ်​...ဒါ​ကြောင့်​ ကျွန်​​တော်​ တို့ သူ့ ကိုသတ်​ဖို့ အတွက်​ လူစုထားတာပါ...ဒီအ​ကြောင်း​တွေကို မ​ပြောပြခဲ့တဲ့အတွက်​လည်း ​တောင်းပန်​ပါတယ်​.. ခွင့်​လွှတ်​ ​ပေးပါ..."
"အခုမှ ​ပြောတဲ့အတွက်​ စိတ်​ဆိုး​ပေမယ့်​....ပိုင်​ရန်​.. "
"ဟုတ်​...မိဖုရား.. "
"သူတို့ကို ဝင်​ကူညီပြီး တိုက်​​ပေးလိုက်​..."
"ဒါမယ့်​ မိဖုရား... "
"ငါ့စကားကို ငြင်းပယ်​တာလား..."
သွမ့်​ယိ တစ်​​ယောက်​ မိဖုရား ကိုကြည့်​ပီး
"ပိုင်​ရန်​ ကို မိဖုရား အနားမှာပဲထားတာပို​ကောင်းပါတယ်​...မိဖုရား ​ဘေးကင်းဖို့အတွက်​ပါ...ကျွန်​​တော့်​ ကို ကူညီမယ့်​အကို​လေး​ယောက်​ရှိတယ်​ဆို​တော့ ရပါတယ်​...."
ထိုလူ​လေး​ယောက်​ကို မိဖုရား လှမ်းကြည့်​​တော့ အဆင့်​မြင့်​သိုင်းပညာရှင်​​တွေမှန်း ရိပ်​မိသည်​။
"​ကောင်းပီ​လေ...အခုငါ့ကို အန္တာရယ်​ကင်းတဲ့​နေရာခေါ်သွား...ပြီး​တော့ သွမ့်​ယိ ရှင်​ ဒဏ်​ရာမရ​စေနဲ့..."
မိဖုရား တို့ ထွက်​သွား​တော့ သွမ့်​ယိ နဲ့ ထိုလူ​လေး​ယောက်​တို့ တားမြစ်​ထား​သော်​ နယ်​နမိတ်​ဆီဝင်​ပြီး ထိုမိစ္ဆာရှိရာ သို့ သွား​တော့သည်​။ သွမ့်​ယိ ခန့်​မှန်းထားသည့်​အတိုင်း ချည်​​နှောင်​ ထား​သော်​ကြိုးများပြတ်​​နေပြီး
"သူ လွတ်​သွားပီး အားလုံး သတိထား ​နေကြ..."
အကိုကြီးဆုံး ဆိုသူရဲ့ အ​နောက်​ဘက်​က​နေ ထိုမိစ္ဆာဝင်​တိုက်​ခိုက်​​တော့သည်​။ ထိုမိစ္ဆာပုံစံမှာ အမုန်းတရား​တွေပြည့်​​နေတဲ့ အမျိုးသမီး တ​စ္ဆေပင်​ဖြစ်​သည်​။ သစ်​ပင်​ထက်​​တောင်​ရှည်​တဲ့ ထိုမိစ္ဆာမကို စတင်​တိုက်​ခိုက်​ကြ​တော့သည်​။
(မှတ်​ချက်​။ ။ တိုက်​ခိုက်​တာ​တွေကို အ​သေးစိတ်​ မ​ရေး​တော့ပါဘူး​နော်​...)
သွမ့်​ယိ တစ်​​ယောက်​ အမြူ​တေကိုရှာ​နေရာ အမြူ​တေမှာ နှလုံးသား​နေရာမှာ ရှိတဲ့အစိမ်း​ရောင်​​လေးပင်​ဖြစ်​​နေ​တော့သည်​။ သို့​သော်​အနား​တောင်​ကပ်​လို့မရ​အောင်​အင်းအားကြီးလှသည်​။ ဒီလိုနဲ့ အချိန်​​တော်​ကြာ​အောင်​တိုက်​​နေရင်း ဒုတိယ အကိုမှ မိစ္ဆာကို အမြင်​အာရုံများ​အောင်​လုပ်​​နေချိန်​ နှလုံးသားမှာရှိတဲ့ အမြူ​တေကို သူ့လက်​နှင့်​ဆွဲယူလိုက်​​တော့သည်​။ ဆွဲထုတ်​လိုက်​ပြီး​တော့ သွမ့်​ယိ လည်း​မြေပြင်​​ပေါ်ကျကာ ​သွေးများအန်​ထွက်​​တော့သည်​။ အမြူ​တေလည်း ပျက်​စီး သွားပြီး မိစ္ဆာလည်း ​ပျောက်​ကွယ်​ သွား​တော့ သည်​။ အကိုကြီးဆိုသူမှာ
"မင်းဒီလို ဆွဲထုတ်​လိမ့်​မယ်​လို့ မထင်​ထားဘူး...ဒါမယ့်​ မင်းက ​သေလူဖြစ်​​တော့မယ်​ဆိုတာကို မင်းသိလား....."
သွေးများ ကိုသုတ်​ကာ မတ်​တတ်​ ထရပ်​ပြီး
"ကျွန်​​တော်​ သိပါတယ်​... ဘာပဲဖြစ်​ဖြစ်​ ​ကျေးဇူးတင်​ပါတယ်​... "
"ငါတို့ လည်း မင်းကိုဘာမှမ​ပြော​တော့ဘူး..မင်းဂရုစိုက်​​နေပါ..ငါတို့ သွား​တော့မယ်​..."
သူတို့ ထွက်​သွားပြီး​တော့ သွမ့်​ယိ တစ်​​ယောက်​ အ​ဆောင်​သို့ ပြန်​လာရာ နမ်​ကိုယ်​ရင်​​လေးကို ​တွေ့​တော့
"အကို အဆင်​​ပြေလား... မိစ္ဆာကြီး​ရော..."
"မရှိ​တော့ပါဘူး... မိဖုရား​မေးလို့ရှိရင်း အကိုခဏထွက်​သွားတယ်​လို့ ​ပြောလိုက်​ပါ... "
"အကိုပြန်​လာမှာပါ....ခဏတဖြုတ်​ ဖြစ်​ဖြစ်​​ပေါ့..မင်းက ဦးစီးရ​တော့မှာ​နော်​...အခုအားလုံး​ဘေးကင်းသွားပြီး..."
သွမ့်​ယိ တစ်​​ယောက်​ ​ကျောင်းက​နေထွက်​လာပြီး ​ရေကန်​ရှိရာ ​နေရာတွင်​ ပစ်​လဲသွား​တော့သည်​။
မနက်​ဘက်​​ရောက်​​သော်​,
ဆူရင်း တစ်​​ယောက်​ ထုံးစံအတိုင်း အိမ်​က​နေခိုးထွက်​ပြီး ထို​နေရာကို​ရောက်​​အောင်​လာ​တော့သည်​။ သူ​ရောက်​လာ​တော့ သွမ့်​ယိ ကိုမ​တွေ့ရ​ချေ။ နာရီ ဝက်​​ကျော်​ကြာထိ သွမ့်​ယိ မလာ​တော့ မျက်​ရည်​စ​လေး​တွေ ဝဲလာ​တော့သည်​။ သူမ လှည့်​ပြန်​​တော့မည်​အလုပ်​ ညည်း တွားသံကြားလို့ ချုံနား​လေးကို​လျှောက်​လာကာ အဝတ်​ဖြူနဲ့ လဲကျ​နေတဲ့သူတစ်​​ယောက်​ကို​တွေ့လိုက်​ရ​တော့သည်​။ သူမ ထိုလူကို ဆွဲလှည့်​လိုက်​​တော့ အံသြကာ သူမ အမြန်​ရင်​ခွင်​ထဲကို ထည့်​ကာ
"ဒီမှာ... သတိထား ပါအုန်း... ကျွန်​မ​ခေါ်​နေတာကြားလား..."
မျက်​လုံး ​လေး​တွေ တဖြည်းဖြည်း ပွင့်​လာပြီး ဝိုးတဝါးနဲ့ ထိုမိန်းက​လေးကို ကြည့်​ကာ
"​ဝေ​ဝေ လား...."
............................................................................
(ဒီဇာတ်​လမ်းကို ​ရေး​နေ​ပေမယ့်​အားမရဘူး ပြန်​​တောင်​ဖျက်​ပစ်​ချင်​စိတ်​​ပေါက်​​နေတယ်​...ဒါမယ့်​ ပြီး​အောင်​ ​ရေးမှာပါလို့ ​နောက်​ပီး ကိုယ်​အခုစဉ်းစား​နေတာ ​နောက်​ဝတ္တုအသစ်​ တစ်​ခုတင်​ရင်း​ကောင်းမလားလို့ ..ဒီဇာတ်​လမ်းပြီးမှ တင်​ရမလား ဒါမှမဟုတ်​ အခုတည်းက တင်​ရမလား...? )

မချစ်​သင့်​သော်​ အချစ်​Tempat cerita menjadi hidup. Temukan sekarang