မချစ်​သင့်​သော်​အချစ်​(10)

1.8K 165 5
                                    

သမားတော်​ပြောလိုက်​တဲ့ ထိုစကားကြောင့်​လန့်​ကာ
"ဟုတ်​လို့လား....သမား​တော်​ ကြီးရယ်​.."
"သူ့ ​သွေးခုန်​နှုန်းက အမျိုးသမီး ​တွေရဲ့​သွေးခုန်​နှုန်းပါ...ကျုပ်​သမား​တော်​ လုပ်​လာတာ နှစ်​၂၀ ရှိပါပြီး....သူ့ မှာအပြင်​ဘက်​ဒဏ်​ရာမရှိ​ပေမယ့်​....အတွင်းဒဏ်​ရာက​တော့​တော်​​တော်​ကိုနက်​​နေပြီး သူသိပ်​ခံ​တော့မှာမဟုတ်​ဘူး...."
"ရှင်​......ဒါဆို ဘယ်​လိုလုပ်​ရမလဲ...."
"သူ့ကိုကယ်​နိုင်​တာ... ခရမ်း​ရောင်​ အပင်​..အဲ့အပင်​က​ရောဂါအားလုံး​ပျောက်​ကင်းနိုင်​တယ်​...ဒါမယ့်​အရမ်းရှားတယ်​....အကယ်​လို့ အဲ့အပင်​ကိုရှာ​တွေ့ပြီး တိုက်​နိုင်​ခဲ့ရင်း​တောင်​ သူအလွန်​ဆုံး ၈လ ဒါမှမဟုတ်​ ၁နှစ်​​လောက်​ပဲ....."
"အခြားနည်းလမ်း​ကော မရှိဘူး လား..."
"အင်းး သူ့ က သိုင်းသမားမလား..ငါ့အဘိုးဆီကကြားတာ​တော့ သူအမြဲတမ်း သူ့အတွင်းအားနဲ့ ပြန်​ကုမှပဲရမယ်​....ကဲ​လော​လောဆယ်​​တော့...လိုအပ်​တဲ့​ဆေး​ပေးခဲ့မယ်​..."
"ဟုတ်​...."
ဝေ​ဝေ တစ်​​ယောက်​ သွမ့်​ယိ ကိုပင်​ လှမ်းကြည့်​လိုက်​​တော့သည်​။
တစ်​ဖက်​တွင်​,
ဆူရင်း တစ်​​ယောက်​ မျက်​နှာမ​ကောင်းတာကို တန်​တန်​တစ်​​ယောက်​ရိပ်​မိပြီး
"မမ​လေး...ဘာဖြစ်​​နေတာလဲ... ဟိုလူက မမ​လေးကို တစ်​ခုခု​ပြောလိုက်​လို့လား...."
"ငါဘာလုပ်​သင့်​လဲ...အဲ့မိန်းမက လှတယ်​ဟာ... "
"ဟင်​....ဘယ်​မိန်းမတုန်း..."
" သူ့ပါးစပ်​က​နေ​တောင်​ ​ဝေ​ဝေလို့ ​ခေါ်တယ်​...ငါ့ကိုအဲ့မိန်းမနဲ့ ​တောင်​မှားတယ်​​လေ...ဟွန့်..​သေသွား​အောင်​ပစ်​ထားလိုက်​ရမှာ.."
ပြောပီး ကုတင်​​ပေါ်တွင်​ လူးလှိမ့်​ ​နေ​တော့သည်​။ တန်​တန်​ တစ်​​ယောက်​ နားမလည်​နိုင်​ဘဲ ကြည့်​​နေမိ​တော့သည်​။
နောက်​တစ်​​နေ့ မနက်​တွင်​,
ဆူရင်း တစ်​​ယောက်​ ​တောင်​​ပေါ်သွားပြီး ခရမ်း​ရောင်​ အပင်​ကို သွားရှာ​တော့သည်​။ အချိန်​ ​တော်​​တော်​ ကြာ​သော်​အခါ ချုံ​တွေကြားထဲမှာ ရှိ​နေတဲ့ ထိုအပင်​ကိုရှာ​တွေ့​တော့ ​ပျော်​သွား​တော့သည်​။ အပင်​ကို ခူးပြီး အိမ်​တွင်​ ထိုအပင်​ကို ကျိုချက်​​နေ​တော့သည်​။ မိးဖို​ချောင်​ထဲတွင်​ အလုပ်​ရှုပ်​​နေတာကို ယန်​အမတ်​ကြီး မြင်​​တော့
"သမီး...ဒီမှာ ဘာလုပ်​​နေတာလဲ...."
အမတ်​ကြီးယန်​ ကိုမြင်​​တော့ ထရပ်​ကာ
"အ​ဖေ...ဟိုဟာ​လေ...သမီး​ဆေးကျို​နေတာ..."
"ဘာအတွက်​လဲ... ဘယ်​သူ​နေမ​ကောင်းလို့လဲ... "
"သမီးသူငယ်​ချင်း တစ်​​ယောက်​ ဖျား​နေလို့ အဲ့ဒါဒီ​နေ့ သူ့ကို သွား​တွေ့မလို့ ...သွား​တွေ့ခွင့်​​ပေးပါ​နော်​ အ​ဖေ...."
"ဟုတ်​ပါပီး... ငါ့သမီးအလိမ္မာ​လေးကို ဒီ​နေ့​တော့အပြင်​ထွက်​ခွင့်​​ပေးပါတယ်​...."
"ဟီး...အဲ့ဒါ​ကြောင့်​ အ​ဖေကိုချစ်​တာ..."
"အရင်​ရက်​​တွေက​ရော ခိုးထွက်​​သေးလား..."
"ဟာာ.... အ​ဖေကလည်း မထွက်​ပါဘူး.... "
"အင်းပါ....ဟုတ်​ပါပီး...."
ယန်​အမတ်​ကြီး ထွက်​သွား ​တော့ ဆူရင်း တစ်​​ယောက်​ ပြုံးပြုံးကြီးနဲ့ ကျန်​ခဲ့​တော့သည်​။
တစ်​ဖက်​တွင်​,
သွမ့်​ယိ တစ်​​ယောက်​ နိုးလာကာ ထ ထိုင်​ပြီး
"နိုးပြီးလား...."
ဝေ​ဝေ တစ်​​ယောက်​ စားပွဲခုန်​တွင်​ ထိုင်​​နေပြီး သွမ့်​ယိ လည်း ထို​နေရာသို့ သွားကာ ထိုင်​လိုက်​​တော့သည်
"လျန်​မိန်းက​လေး ကို အားနာ​စေမိပြီး..."
"ကျွန်​မ ​မေးတာ ​ဖြေနိုင်​မလား...."
"အင်း...​မေးပါ.."
"ရှင်​..ဘာလို့ ​ယောကျာ်း​လေးလို​နေ​နေတာလဲ...."
"ဘယ်​လိုသိ....အာာာ... သမား​တော်​ ​ခေါ်လိုက်​တယ်​ထင်​တယ်​...."
"ဟုတ်​ပါတယ်​...ဒါဆို အခု ကျွန်​မ​မေးခွန်း အတွက်​ အ​ဖြေ​ပေးနိုင်​မလား...."
"ကျွန်​​တော့်​မိဘ​တွေ ​ဆွေမျိုး သားချင်း​တွေ အသတ်​ခံရပြီး ​နောက်​ပိုင်း ကျွန်​​တော်​ တို့ ချင်းဆရာ​တော်​ကြီးဆီ ​ရောက်​လာခဲ့တယ်​..."
"ကျွန်​​တော်​ တို့ ....."
"ကျွန်​​တော်​ နဲ့ ကျွန်​​တော်​ အကို သွမ့်​ယိ နဲ့ ပါ...ကျွန်​​တော်​ နာမည်​ က​တော့ သွမ့်​ယင်​လန်​ ပါ.... ချင်းဆရာ​တော်​ကြီးဆီ​ရောက်​လာချိန်​မှာလည်း အကိုအ​ခြေ​နေက ​သေရမယ့်​ လူလို ဖြစ်​​နေခဲ့ပြီး​လေ...အကိုဆုံးပါးသွား​တော့ ဆရာ​တော်​ ကြီးက ကျွန်​​တော်​ ကို ​ကျောင်း​ဆောင်​မှာ ဆက်​​နေနိုင်​ဖို့ အတွက်​ ​ယောက်ျား ​လေးလို ​နေ​စေခဲ့တယ်​..​နောင်​ပြီး သွမ့်​ယင်​လန်​ ဆိုတဲ့ နာမည်​ကို စွန့်​လွှတ်​ ခဲ့ပြီး အကိုနာမည်​နဲ့ ပင်​ ဒီ​နေ့ ဒီချိန်​ထိ ​နေလာခဲ့တယ်​...ဒါမယ့်​... ကျွန်​​တော်​ ဒီဘဝမှာ​မေရတာ​ပျော်​ပါတယ်​...​နောက်​ပြီး ချင်းဆရာ​တော်​ကြီးက တကယ်​​တော့ အသတ်​ခံလိုက်​ရတာပါ...."
"ရှင်​...."
" အငြိုးကြီးတဲ့ မိစ္ဆာပါ....ဒါမယ့်​ ကျွန်​​တော်​ လက်​တုံ့ပြန်​ ပြီးပါပြီး...."
"ရှင်​ဘာလို့ အဲ့အ​ကြောင်း​တွေ မ​ပြောခဲ့တာလဲ....အခုဒဏ်​ရာကလည်း အဲ့ဒါ​ကြောင့်​ ​ပေါ့..."
"ကျွန်​​တော်​ မ​ပြောပြခဲ့တာ​တွေ ​တောင်းပန်​ပါတယ်​...."
"ကျွန်​မ အ​ဖေ့ကို မုန်းခဲ့တယ်​...ဒါမယ့်​လည်း ထပ်​​တွေ့ပြီး သကား​တွေ​ပြောချင်​ခဲ့တယ်​....အ​ဖေ့ကို ဘယ်​​လောက်​ထိမုန်းတဲ့အ​ကြောင်း​တွေကို...."
မျက်​ရည်​​တွေ စီးကျလာတာကို သွမ့်​ယိ မြင်​​တော့ ​ဝေ​ဝေရဲ့ ပါးပြင်​​လေးကို သူ့လက်​တစ်​ဖက်​နဲ့ သုတ်​​ပေးရင်း ကျန်​လက်​တစ်​ဖက်​က​တော့ ​ဝေ​ဝေရဲ့ လက်​က​လေးကို ဆုပ်​ကိုင်​ထား ​တော့သည်​။
အ​ရှေတံခါးဖွင့်​​နေပြီး ဆူရင်းတစ်​​ယောက်​ သူ​ဆေးကျိုထား​သော်​အိုး​လေးကိုင်​ကာ ဝင်​လာ​တော့ သည်​။ သူမဝင်​လာချင်းပင်​ ထိုမြင်​ကွင်းကို ​တွေ့လိုက်​ရ​တော့
"အခု...ဘာလုပ်​​နေကြတာလဲ.... "
သွမ့်​ယိ တစ်​​ယောက်​ လန့်​ပြီး ရုတ်​တရက်​ ထရပ်​လိုက်​ကာ မိုက်​ခနဲ ဖြစ်​သွားပြီ ယိုင်​​နေကာ ​ဝေ​ဝေမှ ထိန်းကာ ကုတင်​​ပေါ်တွင်​ လှဲ​စေပြီး
"မင်း..ဒီထဲကို ဘယ်​လိုဝင်​လာတာလဲ..."
"တံခါးဖွင့်​ထားလို့ ဝင်​လာတာ..."
သွမ့်​ယိ တစ်​​ယောက်​ မလှဲ​တော့ဘဲ ထထိုင်​ကာ ဆူရင်းကို ကြည့်​လိုက်​​တော့သည်​။ ဆူရင်းတစ်​​ယောက်​ အနားလာကာ
"​တော်​​တော်​ မှ ​နေ​ကောင်းလား ပြီး ထင်​တယ်​.....ဒီမှာ ရှင့်​အတွက်​​ဆေးကျိုလာတာ...."
ဝေ​ဝေတစ်​​ယောက်​ အိုးကို ဖွင့်​ကြည့်​​တော့
"ခရမ်း​ရောင်​ အပင်​ကို ကျိုချက်​ထားတာ...​ရောဂါလည်း​ပျောက်​တယ်​..."
"အင်း ​ကျေးဇူး ပဲ...."
ပြောပြီး ပန်းကန်​လုံးထဲထည့်​ ကာ သွမ့်​ယိ ​ဘေးတွင်​ ဝင်​ထိုင်​ပီး တိုက်​ဖို့ အလုပ်
"ကျွန်​မ...တိုက်​မယ်​..."
"ငါ..တိုက်​လိုက်​မယ်​...."
"ဒီမှာ... အဲ့အပင်​ကို ကျွန်​မတစ်​​ယောက်​တည်း​တောင်​​ပေါ်မှာ အပင်​ပန်းခံရှာ...ကိုယ်​တိုင်​ ​ဆေးကျို​ပေးပြီး တိုက်​တာကျ ရှင်​က တိုက်​မယ်​တဲ့လား..."
ဝေ​ဝေနဲ့ ဆူရင်းအကြည့်​​တွေမှာစူးရှလာ​တော့သည်​။ သွမ့်​ယိ တစ်​​ယောက်​ အ​ခြေ​နေကိုသိသဖြင့်
"ကျွန်​​တော်​ ဘာသာ..​သောက်​နိုင်​ပါတယ်​..."
"ဘာလဲ ကျွန်​မ တိုက်​မှာမို့ ကိုယ့်​ဘာသာ​သောက်​ချင်​သွားပြီး​ပေါ့....ရှင်​နဲ့ သူက ဘယ်​လိုပတ်​သတ်​လဲ..."
"ဒီအတိုင်း အသိမိတ်​​ဆွေ​တွေပါ...."
ဆူရင်း တစ်​​ယောက်​ ​ဝေ​ဝေဆီမှ ပန်းကန်​ကို လုကာ သွမ့်​ယိ ​ဘေးတွင်​ ဝင်​ထိုင်​ပီး တိုက်​​နေ​တော့သည်​။ ​ဝေ​ဝေလည်း ​ဒေါသထွက်​ကာ ထွက်​သွား ​လေ​တော့သည်​။
..........................................................................................
(ကဲ ​နောက်​အပိုင်း ​တွေက​တော့ ​နောက်​ရက်​မှ​နော်​...ချစ်​တို့ )

မချစ်​သင့်​သော်​ အချစ်​Tempat cerita menjadi hidup. Temukan sekarang