မချစ်​သင့်​သော်​ အချစ်​ (13)

1.8K 177 4
                                    

သူ့ကို တွေ့ပြီး လန့်​ကာ ပြေးသွားတဲ့ မိဖုရားနောက်​ကို မလိုက်​တော့ဘဲ အမြန်​ပင်​ အဝတ်​အစားဝတ်​ကာ ထိုနေရာက ထွက်​လာပြီး အ​ဆောင်​ ​ရှေ​ရောက်​​တော့ ထပ်​ပြီး ရဲမက်​​တွေက ပိတ်​ဖမ်းလိုက်​ကြ​တော့သည်​။ မိဖုရား လည်း ထွက်​လာကာ
"အတင့်​ရဲလိုက်​တာ... မိန်းမ ဖြစ်​ရဲ့ နဲ့ ​ယောကျာ်း​လေးလို ဟန်​​ဆောင်​ပြီး ပြုမူ​နေထိုင်​တယ်​...ပြီး​တော့ ဒီချင်း​ဆောင်​ကိုလည်း အုပ်​ချုပ်​ ချင်​​သေးတယ်​...."
"ကျွန်​​တော်​ က မိန်းမ တစ်​​ယောက်​ ဆိုတာ လည်း လက်​ခံပါတယ်​.. ဒါမယ့်​ ဒီချင်း​ဆောင်​​တော်​ကြီး အုပ်​ချုပ်​ ဖို့ ဆန္ဒလည်းမရှိဘူး.."
"ဒါဆို ဒီကိုဘာလို့ ပြန်​လာ​သေးလဲ...ဘာလဲအဲ့တားမြစ်​​ဆောင်​မှာ မိစ္ဆာစွမ်းအား​တွေ လာကျင့်​​နေတာလား..."
"မိဖုရား ကျွန်​​တော်​ ကိုအထင်​လွဲ​နေပြီး...ကျွန်​​တော့်​ အ​ကြောင်းနဲ့ ကျွန်​​တော်​ရှိပါတယ်​..."
"ငါအခု မင်းကို နန်း​တော်​ကို​ခေါ်သွားပြီး အပြစ်​​ပေးမယ်​...ရဲမက်​​တွေ....သူ့ကို ဖမ်းလိုက်​ကြ...."
သွမ့်​ယိ တစ်​​ယောက်​ ဒီတစ်​ခါ​တော့ တိုက်​ခိုက်​​တော့သည်​။ သွမ့်​ယိ ရဲ့ သိုင်းက မြင့်​တဲ့အတွက်​ ရဲမက်​​တွေ မနိုင်​ကြ​ပေ။ မိဖုရား ယုတစ်​​ယောက်​ ပိုင်​ရန်​ကို ဖမ်းဖို့ အချက်​ပြလိုက်​သဖြင့်​ ပိုင်​ရန်​တစ်​​ယောက်​ သွမ့်​ယိ ကိုတိုက်​ခိုက်​​တော့သည်​။ မင်းကြီး သက်​​တော်​​စောင့်​ ဆိုတဲ့ အတိုင်း သိုင်းပညာမှာ မြင့််​မား​တော့ သွမ့်​ယိ ​မေ့ပြီး အတွင်းအားထုတ်​သုံးပြီး တိုက်​ခိုက်​မိ​တော့သည်​။ အတွင်းအားနဲ့ တိုက်​မိတာ​ကြောင့်​ ​ရောဂါက မ​ပျောက်​သွား​တော့ဘဲ ထပ်​ပြီး ​သွေးများ အန်​လာ​တော့သည်​။ မိဖုရား လန့်​ကာ သွမ့်​ယိ ဆီ​ပြေးသွား​တော့ သွမ့်​ယိ တစ်​​ယောက်​ အခွင့်​အ​ရေး ကိုအသုံးချကာ မိဖုရားကို ဖမ်းချုပ်​ပြီး
"ထပ်​မတိုးလာနဲ့ မိဖုရားကို ဒဏ်​ရာမရ​စေချင်​ဘူးဆိုရင်း..."
ပိုင်​ရန်​ တစ်​​ယောက်​ ဝင်​​ပြော​တော့သည်​။
" မင်းက နိုင်​ငံ မိဖုရား ကို ချုပ်​​နှောင်​ ဖမ်းဆီမှုနဲ့ ​သေဒဏ်​ကျချင်​​နေပြီး လား အခုလွှတ်​စမ်း..."
သွမ့်​ယိ တစ်​​ယောက်​ ပိုင်​ရန်​ ​ပြောတာကိုရယ်​ကာ
"ဟားဟား.... ​သေဒဏ်​....​သေဒဏ်​...."
မိဖုရား ယုတစ်​​ယောက်​ သွမ့်​ယိ ကို အံသြ​နေမိ​တော့သည်​။ ​သေဒဏ်​ လို့ ​ပြောတာက ဘာ​ကြောင့်​ သူ့ကိုရယ်​ရ​စေတာလဲဆိုတာကု​ စိတ်​ဝင်​စား​နေမိ​တော့သည်​။
"ငါပြန်​လွှတ်​​ပေးမှာပါ....အခု​တော့ မဟုတ်​​သေးဘူး....လိုက်​မလာနဲ့ ..."
မိဖုရား လည်း ပိုင်​ရန်​ ကို
"လိုက်​မလာကြနဲ့ သူငါ့ကို သတ်​မှာမဟုတ်​ဘူး..."
"မိဖုရား.... "
သွမ့်​ယိ တစ်​​ယောက်​ ကိုယ်​​ဖော့ ပညာနဲ့ပျံကာ မိဖုရား ကိုပါ​ခေါ်​ဆောင်​သွား​တော့သည်​။ သူတို့်ထွက်​လာပြီး အပြင်​ဘက်​​တောရဲ့လိုဏ်​ဂူးတစ်​​နေရာတွင်​ပုန်း​အောင်းကာ ညဘက်​​ရောက်​​နေသဖြင်​သစ်​​ချောင်း​လေး​တွေကို မီးရှို့ကာ ထိုမီးပုံ​လေး​နေရာတွင်​​နေ​နေကြ​တော့သည်​။
"ဘာလို့ ကျွန်​​တော်​ဆီ​ပြေးလာတာလဲ...ကျွန်​​တော်​ က မိန်းမ တစ်​​ယောက်​ ဆိုတာလည်း မိဖုရား သိသွားပြီးပဲ ဒါဆို ဘာလို့ ကျွန်​​တော်​ဆီလာတာလဲ....."
"ဘာလဲ... ငါက မိန်းမတစ်​​ယောက်​ကို စိတ်​ဝင်​စားတဲ့ မိဖုရား လို့ ထင်​​နေတာလား...ငါကအဲ့လိုမျိုး​တွေ အရမ်းမုန်းတယ်​...​သွေးအန်​​နေတဲ့ မိန်းမ တစ်​​ယောက်​ ကို ထပ်​မတိုက်​ခိုက်​ဖို့ အတွက်​ တားမြစ်​ ဖို့ လာတာ..."
တကယ်​​တော့ မိဖုရား ကိုယ်​တိုင်​ လည်း သူ့ဆီဘာလို့ ​ပြေးမိသွားမှန်း မသိ​တော့​ချေ။
သွမ့်​ယိ တစ်​​ယောက်​ မိဖုရား ကိုကြည့်​ပီး
"​ကောင်းပါပီး... နင်​ဖြန်​မနက်​ မိဖုရား သွားလို့ ရပါပြီး...အခု​တောင်​ သူတို့်​နေရာအနှံလိုက်​ရှာ​နေမှာ...."
"ငါ့ကို ဘာလို့ ပြန်​လွှတ်​​ပေးတာလဲ...."
"ကျွန်​​တော်​ မိဖုရား ကို အကြာကြီး ​ခေါ်ထားဖို့ အစီအစဉ်​လည်း မရှိပါဘူး... အခုဟာက ကျွန်​​တော်​ လုံခြုံ​ရေးအတွက်​ပါ...ကျန်​ရှိ​နေတဲ့ သက်​တမ်းတို​လေး အတွင်းမှာ ခဏတဖြုတ်​ ​တော့​အေး​အေးချမ်းချမ်း ​နေထိုင်​သွားချင်​တယ်​..."
"သက်​တမ်း တို....ရှင့်​မှာ လျှိဝှက်​ချက်​​တွေများသားပဲ​နော်​...ဘာလို့ မိန်းက​လေးလို မဝတ်​တာလဲ...."
"မကြိုက်​လို့ ပါ..."
"​ကောင်းပြီး​လေ....ဒါလည်း အ​ကောင်းမွန်​ဆုံး လိမ်​နည်းတစ်​မျိုးပဲထင်​တယ်​..."
ဒီလိုနဲ့ ညအိပ်​ကြပြီး မနက်​​ရောက်​​တော့ သွမ့်​ယိ တစ်​​ယောက်​ မိဖုရား မသိ​အောင်​ တိတ်​တဆိတ်​ ​လေး ထွက်​သွား ​တော့သည်​။ မိဖုရား အတွက်​ အ​ဆောင်​ ပြန်​ဖို့ လမ်းညွန်​​စာရွက်​​လေးပါ ထားခဲ့​လေ​တော့သည်​။
သွမ့်​ယိ ထွက်​လာပြီး သွား​နေကျ ​ရေကန်​နား​လေးတွင်​ရပ်​ကာ ​နေချိန်​ သူ့ကို ​ပြေးဖက်​လာ​သော်​ မိန်းက​လေး တစ်​​ယောက်​ သူလဘ်း ထိုဖက်​ထားတဲ့ မိန်းက​လေး ကို ကြည့်​လိုက်​​တော့ ဆူရင်းဖြစ်​​နေ​တော့သည်​။
"ဆူရင်း....ဘယ်​လိုလုပ်​ဒီမှာရှိ​နေတာလဲ...."
"ရှင့်​ကို သတိရလို့ ဒီ​နေရာကို အမြဲလာဖြစ်​တယ်​...ဘာလို့ ​ပျောက်​သွားတာလဲ....ကျွန်​မ က ရှင့်​အတွက်​နည်းနည်း​လေး​တောင်​ အ​ရေးမပါဘူးလား...."
"မင်းငါ့ကို သ​ဘောကျ​နေတာမလား....ငါ့အ​ကြောင်း​တွေ ဘာမှမသိဘဲနဲ့ ​တောင်​ ဘာလို့ သ​ဘောကျ​နေတာလဲ....ငါက မင်းထင်​သလို ငါမဟုတ်​ခဲ့ရင်း​တောင်​ မင်းဆက်​ပြီး သ​ဘောကျနိုင်​မှာလား...ငါက​တော့ မထင်​ပါဘူး...မင်းငါ့ကို ဆက်​ပြီး သ​ဘောကျနိုင်​မှာမဟုတ်​ဘူး...အဲ့​တော့ ​မေ့လိုက်​ ပါ​တော့ ငါ့ကို...ထပ်​ပြီးလည်းဒီ​နေရာကိုမလာပါနဲ့ ...."
"ဘာလို့ လဲ ....ဘာလို့ ​မေ့ပစ်​ရမှာလဲ...ကျွန်​မ ရှင့်​ကို သ​ဘောကျတာက​တော့ အမှန်​ပါ....ဘာလဲ အဲ့မိန်းမကို ချစ်​​နေတာ လား....ဟင့်​အင်း မချစ်​ပါနဲ့ ကျွန်​မ ကိုပဲ ကြည့်​​ပေးလို့ မရဘူးလားဟင်​...ကျွန်​မက သူ့ ​လောက်​မလှလို့ လား..."
ပြောရင်းနဲ့ သွမ့်​ယိ ကို တင်းကြပ်​စွာ ဖက်​ထားလိုက်​​တော့သည်​။ သွမ့်​ယိ တစ်​​ယောက်​ မရုန်းဘဲနဲ့ ပြန်​ဖက်​ဖို့ အလုပ်
"ဘာလဲ မိန်းက​လေးချင်း အချစ်​ လား...."
အသံလာရာ ဘက်​လှည့်​ကြည့်​လိုက်​​တော့ မိဖုရား ပင်​ ဖြစ်​​နေ​တော့သည်​။ မိဖုရား တစ်​​ယောက်​ အ​စောကြီးထဲက နိုး​နေပြီး အိပ်​ချင်​​ယောင်​​ဆောင်​ကာ သွမ့်​ယိ ထွက်​သွား ချိန်​ ခိုးလိုက်​လာ​တော့သည်​။
"မိဖုရား...."
သွမ့်​ယိ ပါးစပ်​မှ မိဖုရား လို့ ထွက်​လာတာ​ကြောင့်​ ဖက်​ထားရာမှ ထိုမိန်းမ ကိုကြည့်​လိုက်​​တော့သည်​။ လျန်​​ဝေ​ဝေ ထက်​​တောင်​ပင်​ အရမ်းကို ​ချော​မောလှပသူ ဖြစ်​​နေသူ မိဖုရား ကို ဆူရင်းကြည့်​ကာထပ်​မံဝမ်းနည်းသွားပြန်​​တော့သည်​။ ထိုအချိန်​ သွမ့်​ယိ တစ်​​ယောက်​ ရုတ်​တရက်​ ခန္ဓာကိုယ်​မှာ အားအင်​ကုန်​ခမ်းလာပြီး ထိုင်​ချလိုက်​မိ​တော့သည်​။ မိဖုရား ယု ပြုံးကာ
"မ​နေ့က ရှင်​ အိပ်​​နေချိန်​မှာ ရှင့်​ လက်​​ပေါ်ကို အား​ပျော့​ဆေး သုတ်​လိမ်းခဲ့တယိ ...​ဆေးအာနိသင်​က နက်​ဖြန်​ ထိရှိ​နေအုန်းမှာ...ကျွန်​မကို ရှင်​ သိပ်​အထင်​​သေးလွန်းတယ်​...ရှင့်​ကို လွယ်​လွယ်​နဲ့ လွှတ်​​ပေးမယ်​များထင်​​နေလား..."
"ဘာလို့ ဒီလို လုပ်​ရတာလဲ..."
ဆူရင်းတစ်​​ယောက်​ လည်း သွမ့်​ယိ လက်​ကိုချိတ်​ကာ
"အကို ဘာဖြစ်​တာလဲ.... ထပါအုန်း... "
မိဖုရား တစ်​​ယောက်​ ရယ်​ကာ
"အကို....သူက မိန်းမ တစ်​​ယောက်​ ဆိုတာ မင်းမသိဘူးလား....သွမ့်​ယိ ရှင်​ ဒီက​လေးမ​လေးကိုလည်း လိမ်​ထားတာပဲလား..."
"မဖြစ်​နိုင်​တာ....တကယ်​ပဲ မိန်းမ တစ်​​ယောက်​ လား.. "
"အင်း မှန်​တယ်​...ငါက မိန်းမတစ်​​ယောက်​ပဲ...အခုမင်းသိပြီးဆို​တော့ ဒီ​နေရာက​နေ ထွက်​သွား ပါ​တော့.... "
ပြောရင်းနဲ့ ပင်​ ရဲမက်​​တွေ ​ရောက်​လာကာ
"သူ့ကို ဖမ်းလိုက်​ကြ.... "
သွမ့်​ယိ ကို ချုပ်​​နှောင်​ ကာ ထွက်​သွား ကျ​လေ​တော့သည်​။ ဆူရင်း တစ်​​ယောက်​ ထို​နေရာမှာ ဘာမှမ​ပြောနိုင်​​တော့ဘဲ ရပ်​ပြီးကျန်​ခဲ့​တော့သည်​။ မိဖုရား က​တော့ ဆူရင်းကု​ ကြည့်​ကာ မ​ကောင်းဆိုးဝါး တစ်​​ကောင်​လိုပြုံးပြီး ထွက်​သွား ​လေ​တော့သည်​။
.........................................................................................
(ဒီရက်​ပိုင်း မနားရ​သေးလို့ပါ​နော်​; ​နောက်​အပတ်​ထိ​တောင်​နားရမှာမဟူတ်​လို့ အလုပ်​က... မ​ကောင်းသလိုဖစ်​သွားရင်း နားလည်​​ပေးကြပါလို့ ..ပင်းပန်​​နေ​ပေမယ့်​လည်း ဒီ​နေ့ ​ရေးပြီး တင်​​ပေးလိုက်​တာပါ... ဒါနဲ့ ဘယ်​သူနဲ့ ကြိုက်​မလဲဆိုတာ ရိပ်​မိ​လောက်​ကြပါပြီးလို့ reader​လေးတစ်​​ယောက်​က ​တော့ အ​ဖြေမှန်​ အစတည်းက​ပြောထားတယ်​)

မချစ်​သင့်​သော်​ အချစ်​Where stories live. Discover now