မချစ်​သင့်​သော်​ အချစ်​(9)
1.7K 160 3
           "​ဝေ​ဝေ မဟုတ်​ဘူး.... ကျွန်​မက ယန်​ဆူရင်း... အဲ့မိန်းမက ဘယ်​သူလဲ ..."
               သွမ့်​ယိ တစ်​​ယောက်​ မနည်းပင်​ပြန်​မတ်​တပ်​ရပ်​​ပေမယ့်​ ယိုင်​ကျ ကာ သူမ ကိုဖက်​ထားသလိုဖစ်​သွား​တော့သည်​။ သူ့ရင်​ခွင်​ထဲ​ရောက်​​နေတဲ့ ထို​ကောင်​မ​လေးကလည်း မတွန်းဖယ်​ဘဲ ငြိမ်​​နေ​တော့သည်​။ သွမ့်​ယိ တစ်​​ယောက်​ဖက်​ထားရာမှ ခွာ ပြီး ထို​ကောင်​မ​လေး မျက်​နှာကို ကြည့်​လိုက်​​တော့ သည်​။ ရှက်​​သွေးဖြာ​နေတဲ့ ထိုမိန်းက​လေးကို ကြည့်​​နေချိန်​ပင်​ ရုတ်​တရက်​ ​သွေးများ အန်​​တော့သည်​။ ဆူရင်းလည်း သွမ့်​ယိ ​သွေးအန်​​နေတာကိုမြင်​​တော့ လန့်​ကာ
          "ရှင်​ ဘာဖြစ်​လာတာလဲ... မဖြစ်​​တော့ဘူး သမား​တော်​ ဆီသွားရမယ်​..."
            "ငါမသွားဘူး..ဒီနားမှာ ငါ​နေတဲ့​နေရာရှိတယ်​..မင်းငါ့ကို လိုက်​ပို့ ​ပေးနိုင်​မလား..."
            ဆူရင်း တစ်​​ယောက်​ သွမ့်​ယိ ကို တွဲကာ
           "သွားကြမယ်...."
          သူတို့ နှစ်​​ယောက်​ ​ရေကန်​​ကျော်​​လေးကို ​လျှောက်​လာခဲ့ကြပြီး ကြီးမား ​သော်​ ဂူ​ရှေ့ ကို​ရောက်​လာကြ​တော့သည်​။
           "ဒီမှာ.. ဒီလိုဂူကြီးရှိမှန်းမသိဘူး....ရှင်​ဒီမှာ​နေတာလား..."
                "အမြဲတမ်း ​တော့မဟုတ်​ဘူး..တစ်​ခါတစ်​​လေမှလာဖြစ်​တယ်​..."
            "​ရေကန်​နဲ့ နီးနီး​လေးပဲ....."
                ဂူထဲဝင်​သွားပြီး အထဲ​ရောက်​​တော့ စာအုပ်​​တွေနဲ့ စားပွဲခုံ​လေးတစ်​လုံးသာရှိသည်​။ သွမ့်​ယိ ကိုလှဲ​စေပြီး
              "ရှင်​ဘာဖြစ်​လာတာလဲ...ဘယ်​သူက တိုက်​ခိုက်​လာတာလဲ..."
          "မင်းနာမည်​ က ဆူရင်းမလား...​ကျေးဇူးပါ.. "
               "ဟွန့်​... ဒါဆို ရှင့်​နာမည်​က​ရော..."
               "သွမ့်​ယိ ပါ..."
            "ရှင်​​ရောဂါမကုဘဲ ဒီလိုပဲ ​နေရင်းပိုဆိုးသွားမယ်​..ရှင့်​မှာ​ဆွေမျိုးသားချင်းမရှိဘူးလား..."
             "အင်းမရှိဘူး...ကိုယ်​က တစ်​​ယောက်​ တည်းပဲ...အဲ့ဒါ​တွေ ထားပါ...မင်းဒီမှာ ကြာကြာမ​နေသင့်​ဘူး...​မှောင်​လာရင်းမင်းပြန်​ရခက်​သွားမယ်​...."
           "ရှင့်​ကို တစ်​​ယောက်​ တည်း ထားမသွားနိုင်​ဘူး..."   
              "​ကောင်းပြီး ကိုယ်​မင်းနဲ့ အတူ ​တောင်​​အောက်​ကိုလိုက်​ဆင်းမယ်​..အဲ့မှာ ကိုယ့်​ကို ကူညီနိုင်​မယ့်​သူ​တော့ ရှိမယ်​.."
မချစ်​သင့်​သော်​ အချစ်​Where stories live. Discover now