မချစ်​သင့်​သော်​ အချစ်​(15)

1.7K 189 6
                                    

သူ့ ရဲ့အဖြူရောင်​ဝတ်​ရုံလေးမှာတော့ အနီရောင်​အဖြစ်​ပြောင်းလဲနေတော့သည်​။ ထောင်​ထဲမှာ သူ့ကိုရိုက်​နှက်​စစ်​မေးခြင်းများကြောင့်​ သူဘာမှမပြောနိုင်​သလို ဘာအင်​အားမှလည်းမရှိတော့ပါ။ အချုပ်​ခန်းထဲသို့ သူ့ကို ပစ်​ထည့်​လိုက်​ကြတဲ့ရဲမက်​တွေကတော့ ထွက်​သွားကြတော့သည်​။ကြမ်းတမ်းအေးမြတဲ့ မြေပြင်​ပေါတွင်​ မထနိုင်​အောင်​လဲနေရင်း နှုတ်​မှရေရွတ်​လိုက်​တော့သည်​။
"ငါသင်​ခဲ့တဲ့ သိုင်းပညာတွေက ဘာအတွက်​လဲ...?နောက်​ဆုံးတော့လည်း ငါက အင်​အားချိနဲ့ တဲ့မိန်းမ တစ်​ယောက်​ပါပဲလား.."
ပြောရင်းနဲ့ မျက်​လုံးများ မှိတ်​သွားတော့သည်​။ သူအိပ်​ပျော်​သွားချိန်​မှာပင်​...အနီရောင်​ဝတ်​ရုံအပြည့်​နဲ့ မိန်းမတစ်​ယောက်
"တံခါးဖွင့်​လိုက်​..နောက်​ပြီး ဒီကိုဘယ်​သူမှမလာစေနဲ့.."
ထိုမိန်းမ ဝင်​လာပြီး လဲကျနေတဲ့ သွမ့်​ယိရှေရပ်​ကာ
"ငါက...မိန်းမ တစ်​ယောက်​ ချစ်​တယ်​တဲ့လား...ဘာလို့ ငါနာကျင်​နေရတာလဲ...သူဒီလိုပုံမြင်​နေရတာကို....အမှန်​တော့ ငါပျော်​နေရမှာလေ...ဘာတွေဖြစ်​ကုန်​တာလဲ..ငါ့စိတ်​တွေ.."
သူပြောနေတာကု​ သွမ့်​ယိကတော့ မကြားနိုင်​။ လဲကျနေတဲ့သွမ့်​ယိဘေးတွင်​ထိုင်​ပြီး သူ့ပေါင်​ပေါ်တွင်​ သွမ့်​ယိ ​ခေါင်း​လေး တင်​ကာ မျက်​နှာ​လေးကို ထိ​တွေ့ရင်း
"မချစ်​သင့်​ဘူး...ဒါမယ့်​ ငါချစ်​​နေမိပြီး ဒီမိန်းမကို...စ​တွေ့တည်းက ရင်​ခုန်​​အောင်​လုပ်​တယ်​...​ယောက်ျား တစ်​​ယောက်​ လို့ ထင်​ပြီး သ​ဘောကျခဲ့ရာက​နေ...​နောက်​ဆုံး ​တော့ ဒါက ဘယ်​လိုမှပြင်​ဆင်​လို့ မရတဲ့ အရာဖြစ်​​နေပြီး..အကယ်​လို့စ​တွေ့တည်းက ရှင်​ကမိန်းမတစ်​​ယောက်​လိုမျိုးပဲ​နေခဲ့မယ်​ဆိုရင်း​ရော...ကျွန်​မ ချစ်​မိနိုင်​လား..."
နာကျင်​ လွန်းတဲ့ ဒဏ်​ရာ ​တွေက​နေ တစ်​ဆင့်​ညည်းမိရင်း​ယောင်​ကာ...
"​တောင်းပန်​ပါတယ်​... "
မိဖုရား ယုတစ်​​ယောက်​ နားမလည်​စွာကြည့်​ရင်း
" အရမ်းလွမ်းတယ်​.."
"ဟင်​...." "မင်းသိလား.... မင်းအနားမှာရှိတဲ့အချိန်​မှသာ...ကိုယ့်​ရဲ့ အပြုံး​တွေက ဖြစ်​​ပေါ်လာတာပါ....​ကျေးဇူးပြုပီး မိန်းမ တစ်​​ယောက်​ ဖြစ်​​နေလို့ ကိုယ့်​ကို မမုန်းလိုက်​ပါနဲ့ ​နော်​...."
ထိုစကား​တွေ​ကြောင့်​ ဝမ်းနည်း ​ကြေကွဲရာ မျက်​နှာက​နေ ခက်​ထန်​မာ​ကျော​သော်​ အသွင်​​ပြောင်းကာ သဝန်​တို မှုတို့မှာ အရမ်းပင်​ပူ​လောင်​လာပြီး
"အားကျစ်​... ငါနန်း​ဆောင်​ပြန်​မယ်​..."
အားကျစ်​ နဲ့ အတူ နန်း​ဆောင်​ကိုပြန်​လာ​သော်​ လမ်းတစ်​​လျှောက်​မှာပင်​ အရမ်းကို​ဒေါသ​တွေထွက်​​နေပြီး ​ဝေမိဖုရားနဲ့​တွေ့ကာ
"​နေ​ကောင်းလား.... မိဖုရား ယု...မ​တွေ့ရတာ ​တောင်​ကြာပြီး​နော်​....လူတစ်​​ယောက်​ ကိုဖမ်းလာတယ်​ကြားတယ်​...."
သူ့ရဲ့ ​ဒေါသအရှိန်​မှာ လူတစ်​​ယောက်​ ကို သတ်​မိ​တော့မယ့်​အ​နေအထားပင်​ဖြစ်​​နေတာကို အားကျစ်​ က သိ​နေပြီး လန့်​ကာ
"​ဝေမိဖုရား...​နေ​ကောင်းလား... "
"​ကောင်းပါတယ်​... ငါအခုမိဖုရားယုကို​မေး​နေတာ​လေ..."
မိဖုရား ယုက​တော့ ဘာစကားမှမ​ပြောဘဲ ထွက်​သွား ​တာ​ကြောင့်​ အားကျစ်​ လည်း အမြန်​ပင်​ ​ပြေးလိုက်​သွား​တော့သည်​။ ​ဝေမိဖုရား ရဲ့ အ​စေခံက​တော့
"​ဝေမိဖုရားကို​တောင်​......ရိုင်းလိုက်​တာ..."
"မ​ပြောနဲ့..... မင်းကြီးရဲ့ အချစ်​ကိုခံ​နေရလို့ ​မြှောက်​တတ်​​နေတဲ့ဟာမကို ဆွဲချပြမယ်​...."
မိဖုရား ယုက​တော့ သူ့အခန်းထဲပြန်​​ရောက်​​တော့ ပစ္စည်း ​တွေကို ပစ်​​ပေါက်​လိုက်​ ရိုက်​ခွဲလိုက်​ပြုလုပ်​ပြီး ကုတင်​​ပေါ်တွင်​ ထိုင်​ကာ
"အပြုံး.....တစ်​ခါမှ​တောင်​ မပြုံးပြဖူးတဲ့သူက...တခြားသူကို ပြုံးပြတယ်​...​နေအုန်း... သူစကားထဲမှာ..သူမိန်းက​လေးတစ်​​ယောက်​မို့ မမုန်းပါနဲ့ ဆို​တော့...သွမ့်​ယိ သူလည်းလိင်​တူချင်းချစ်​တဲ့သူ​ပေါ့...ဒါမယ့်​ အဲ့ဒါငါမဟုတ်​ဘူး... တခြားသူကို..... အာာားး...."
အားကျစ်​ တစ်​​ယောက်​ လည်း မိဖုရား ​အော်​သံ​ကြောင့်​ဝင်​လာ​တော့ သူမမြင်​လိုက်​ရတဲ့မြင်​ကွင်း...မိဖုရား ယုငို​နေခြင်းပင်​။ တစ်​ခါမှ မိဖုရား ယု ငိုတာကို မမြင်​ဖူး​သော်​ အားကျစ်​ တစ်​​ယောက်​ ​ခေတ္တပင်​.. အံသြသွားကာ မိဖုရား ယုနား​ပြေးသွားပြီး
"မိဖုရား......ဘာဖြစ်​တာလဲ... "
သူမကို ဖက်​လိုက်​ပြီး ငို​ကြွေး​နေတဲ့ မိဖုရား ရဲ့​ကျောပြင်​ကိုပြန်​ဖက်​ရင်း
"အားကျစ်​....ငါမိန်းမတစ်​​ယောက်​ကိုချစ်​​နေတယ်​ဆိုတာ နင်​သိတယ်​မလား.....ငါအခုဘာလုပ်​သင့်​လဲ..အားကျစ်​ ရယ်​...ငါ့ကိုကယ်​ပါအုန်း...ငါသူ့ကိုမချစ်​သင့်​ဘူးဆိုတာငါသိပါတယ်​.. ဒါမယ့်​ ငါချစ်​​နေမိပြီး.... မင်းကြီးသိရင်းလည်း ငါဘယ်​လိုလုပ်​ရမလဲ..."
" မိဖုရား...စိတ်​ချပါ... မင်းကြီးမသိ​စေရပါဘူး..."
"ဒါဆို ငါဘာလုပ်​သင့်​လဲ... ..."
"မိဖုရား သူ့ကို စွန့်​လွှတ်​ လိုက်​ပါ....မိဖုရား နဲ့​ဝေးရာကို ​မောင်းထုတ်​လိုက်​ပါ...အဲ့ဒါဆို အားလုံးအဆင်​​ပြေသွားမယ်​...တစ်​လ နှစ်​လဆို မိဖုရား လည်းပြန်​အဆင်​​ပြေသွားမှာပါ..."
အားကျစ်​ ကို ဖက်​ထားရာမှဖယ်​ပြီး...အတန်​ကြာ​အောင်​​တွေး​နေပြီးမှ
"အပြုံး....ဟားဟား...... "
"မိဖုရား.. "
မိဖုရား တစ်​​ယောက်​ မတ်​တပ်​ရပ်​ကာ
"အားကျစ်​...ငါ့ဘဝမှာ မရရ​အောင်​ယူမယ်ဆိုတာပဲရှိတယ်​...ငါသူ့ကို လုံးဝကို မလွှတ်​​ပေးနိုင်​ဘူး...ငါ့အနားမှာ​ခေါ်ထားမယ်​...ဘယ်​​တော့မှ ထွက်​သွား လို့ မရ​စေရဘူး....ငါယုဇီအန်း..ကျိန်​ဆိုတယ်...............းဟားဟား.... "
မိဖုရား ယုရဲ့ အမူအရာမှာ​ကြောက်​ဖို့​ကောင်းလာတာကိုကြည့်​ပြီး အားကျစ်​ စိုးရိမ်​မိသည်​။
နောက်​တစ်​​နေ့ မနက်​;
ညီလာခံ အစည်းအ​ဝေး အလယ်​တွင်​ သွမ့်​ယိ ကို ထားကာ ​ဘေးနှစ်​ဖက်​တွင်​ အမတ်​​တွေ မှုးမတ်​​တွေအပြင်​ အ​ရှေမှာ ​တော့ မင်းကြီးနဲ့ မိဖုရား ယု ပလ္လင်​​ပေါ်တွင်​ ထိုင်​လျှက်
"ဘာလို့ ချင်းအ​ဆောင်​​တော်​ကို အုပ်​ချုပ်​ ချင်​ရတာလဲ...."
"မင်းကြီး....ကျွန်​​တော်​က မိန်းက​လေး တစ်​​ယောက်​ ​ပေမယ့်​ ချင်းဆရာ​တော်​ကြီး တပည့်​ ပါ...ကျွနိ​တော့်​မှာ အုပ်​ချုပ်​ ချင်​တဲ့ ရည်​ရွယ်​ ချက်​လည်း မရှိပါဘူး...ကိုယ်​​တော်​​လေး နမ်​ကို လွှဲ​ပေးထားပြီးသားပါ...ဒါ​ကြောင့်​ လည်း မကြာခင်​ ထွက်​သွား ဖို့ အတွက်​ ပြင်​ဆင်​ခဲ့ပါတယ်​...."
"ဘာပဲဖြစ်​ဖြစ်​ ချင်းအ​ဆောင်​​တော်​ကြီး က မွန်​မြတ်​တဲ့​နေရာ...ငါ ကိုယ်​​တော်​ရဲ့ဘိုးဘွား​တွေ​တောင်​ အဲ့မှာ တရားနားယူခဲ့တာကို မင်းမို့လို့လိမ်​ညာလှည့်​ဖျားခဲ့တယ်​...မင်းကိုခွင့်​မလွှတ်​နိုင်​ဘူး...​သေသင့်​တယ်​..."
"မင်းကြီး...."
မိဖုရား ယုတစ်​​ယောက်​ စကားကို ရပ်​တန့်​ ​စေပြီး
"သူက မိန်းက​လေး တစ်​​ယောက်​ ပါ...ဒီလိုကြီး​တော့ မဆုံးဖြတ်​ပါနဲ့အုန်း....သူ့ကို ထိုက်​တန်​တဲ့အပြစ်​​ပေးဖို့ ကျွန်​​တော်​မျိုးမ မှာရှိပါတယ်​..."
"​ကောင်းပြီး.. မိဖုရား က ဘယ်​လိုအပြစ်​​ပေးမလို့လည်း..."
"ကျွန်​​တော်​မျိုးမရဲ့ ကျွန်​....အဖြစ်​​နေခိုင်း​စေချင်​တယ်​..."
မိဖုရား ယု ရဲ့ စကား​ကြောင့်​ အမတ်​​တွေ​ရော မှူးမတ်​​တွေကပါ တီးတိုး​ပြောကြ​တော့သည်​။ အမတ်​ကြီးယုက​တော့ သူ့သမီးကို ဘာအကြံနဲ့ ဒီလိုလုပ်​ရတာလဲ ဆိုပြီး ကြည့်​​နေရင်း အပြင်​ဘက်​မှ နန်းတွင့်​အ​စောင့်​တစ်​​ယောက်​မှ
"မင်းကြီး...​လျှောက်​ထားပြရ​စေ..အကမယ်​လျန်​​ဝေ​ဝေက ​ရောက်​လာပါတယ်​...အ​ရေးတကြီးကိစ္စ ရှ်​လို့ ပါဆိုပြီး..."
မင်းကြီးမှာ လည်း မိဖုရား မျက်​နှာ လှမ်းကြည့်​ရင်း
"​ကောင်းပီး ဝင်​လာခိုင်း.. "
ဝေ​ဝေ ဝင်​လာ​တော့ အမတ်​ယုတစ်​​ယောက်​ပြုံးရင်း ​ဝေ​ဝေကိုကြည့်​မိ​တော့သည်​။ ​ဝေ​ဝေက​တော့ သွမ့်​ယိ ​ဘေးတွင်​ မင်းကြီးကို ဂါရဝပြု ရင်း
"မင်းကြီး....သက်​​တော်​ရာ​ကျော်​ရှည်​ပါ​စေ..."
"ဟုတ်​ပီး.... ထပါ....ဘာကိစ္စ ရှိလို့လဲ... "
"မင်းကြီး...မှတ်​မိ​သေးလား မသိဘူး...​ဝေ​ဝေကို ဆုချချင်​လို့ လိုချင်​တာရှိရင်း ​ပေးမယ်​လို့ ​ပြောတဲ့စကားကို​ပေါ့...."
မင်းကြီးတစ်​​ယောက်​ လည်း ​ချောင်းဟန့်​ကာ
"ဒီမှာ... အ​ရေးတကြီးကိစ္စ လုပ်​​နေတာ... ထားပါ​တော့ ဘာလိုချင်​တာလဲ... "
သွမ့်​ယိ ကို လက်​ညှိုး ထိုးရင်း
"သူ့ ကိုပါ...."
...........................................................................
( အိပ်​p...နက်​ဖြန်​ ရုံးသွားရအုန်းမယ်​...မ​ကောင်းသလိုဖစ်​သွားရင်း နားလည်​​ပေးကြပါ​နော်​...)
(Unicode)

မချစ်​သင့်​သော်​ အချစ်​Where stories live. Discover now