မချစ်​သင့်​သော်​ အချစ်​ (5)

1.9K 170 3
                                    

မိဖုရားယု တစ်​ယောက်​ ည အိပ်​မပျော်​ပဲ ထိုင်​လိုက်​ ထလိုက်​လုပ်​နေတော့သည်​။ သူမ အပြင်​ထွက်​ပီး လေညင်းခံချင်​လာတာကြောင့်​ အားကျစ်​ကိုးလည်း မနှိုးတော့ဘဲ သူမ တစ်​ယောက်​ထဲ အပြင်​သို့ ထွက်​ပီး လေညင်းခံကာ လမ်းလျှောက်​နေတော့သည်​။ ထိုအချိန်​ အနောက်​ဘက်​တောအုပ်​မှ ခေါင်းလောင်းသံ ကိုကြားလိုက်​ရတော့သည်​။ သူမ ထိုအသံကု​ သိချင်​လာတာကြောင့်​ ထိုနေရာကို သွားတော့သည်​။ ထိုနေရာကို ရောက်​တော့ တောအုပ်​ထဲမဝင်​ဖို့ တားမြစ်​ ထားတဲ့ကြိုးတွေနဲ့ ချိတ်​ဆွဲထားသော်​ ခေါင်းလောင်းကို မြင်​လိုက်​ရတော့သည်​။ တဖြည်းဖြည်း အနီးကပ်​ သိချင်​လို့ သွားနေချိန်​ အနောက်​မှ လူတစ်​ယောက်​မှ သူမ ပခုံးကို ကိုင်​လိုက်​တော့သည်​။ သူမ လန့်​ပီး လှည့်​ကြည့်​လိုက်​တော့ သွမ့်​ယိ ပင်​ဖြစ်​နေတော့သည်​။
" အတင့်​ရဲလို့ ငါ့ပခုံးကို ကိုင်​ရဲတာလား..."
သွမ့်​ယိ တစ်​​ယောက်​ လက်​ဖယ်​ကာ,
"ခွင့်​လွှတ်​ ​ပေးပါ....ဒီကိုဘာလို့ တစ်​​ယောက်​ထဲ လာရတာလဲ...ဒီ​နေရာက တားမြစ်​ နယ်​​မြေပါ..."
"ဒီ​နေရာကို ဘာအတွက်​ ​ကြောင့်​ တားမြစ်​ထားတာလဲ...အဲ့​တောအုပ်​ထဲမှာ ဘာရှိလို့ လဲ..."
" ချင်းအ​ဆောင်​​တော်​ကြီး ရဲ့ စည်းမျဉ်းထဲက တစ်​ခုမို့ လို့ ​ပြောပြလို့ မရလို့ ပါ..."
" ငါက မိဖုရား ​လေ...ငါလို မိဖုရား ​တောင်​ မ​ပြောပြဘူးလား..."
"နားလည်​​ပေးပါ... "
မိဖုရား တစ်​​ယောက်​စိတ်​တိုပီး ပြန်​လှည့်​ထွက်​ကာ ​အောက်​မှ ​ကျောက်​တုံးကိုမမြင်​ဘဲ ခလုတ်​တိုက်​မိ​တော့သည်​။
"အားး......နာလိုက်​တာ...ငါ​ခြေ​ထောက်​​တော့..."
ထိုင်​ရက်​သာ ဖြစ်​​နေတဲ့ မိဖုရား တစ်​​ယောက်​ မနည်း မတ်​တပ်​ပြန်​ရပ်​ကာ ​ခြေ​ထောက်​အနာ​ကြောင့် ခန္ဓာကိုယ်​ကို မထိန်းနိုင်​ဘဲ ထပ်​ပီးပြုတ်​ကြ​တော့မည်​အချိန်​ သွမ်​ယိ တစ်​​ယောက်​ ကဝင်​ထိန်း လိုက်​​တော့သည်​။ မိဖုရား တစ်​​ယောက်​ သွမ့်​ယိ ရင်​ခွင်​ထဲသို့ ​ရောက်​​နေ​တော့သည်​။ သူမ ရင်​ခုန်​သံ​တွေမြန်​​နေတာကို ထိုလူကြားမှာကိုလည်းစိုးရိမ်​​နေ​တော့သည်​။
" ​ခြေ​ထောက်​ဒဏ်​ရာ ပြင်းတယ်​... လမ်း​လျှောက်​လို့ အဆင်​မ​ပြေဘူး ထင်​တယ်​.. စိတ် မ ရှိပါနဲ့ ကျွန်​​​တော်​ ကုန်းပိုးရမလား.."
" အင်း.."
ဒီလိုနဲ့ မိဖုရား တစ်​​ယောက်​ သွမ့်​ယိ ​ကျောပြင်​​ပေါ်တွင်​ လိုက်​ပါလာ​တော့သည်​။ သူမရဲ့ အပြုံးပန်း​တွေလည်း မရပ်​တန့်​နိုင်​ပါ။ သူမ အ​ဆောင်​ သို့ ပြန်​​ရောက်​​တော့ အားကျစ်​ နဲ့ ပိုင်​ရန်​ကို အပြင်​ဘက်​တွင်​ ​တွေ့လိုက်​ရ​တော့သည်​။ ပိုင်​ရန်​ တစ်​​ယောက်​ အားကျစ်​ ကို ​ဒေါသထွက်​​နေပုံပင်​။ သွမ့်​ယိ ​ကျောပြင်​​ပေါ်က မိဖုရား ကို မြင်​လိုက်​​တော့ အမြန်​ပင်​ အနားလာကာ
" မိဖုရား ဘယ်​သွား​နေတာလဲ.. ကျွန်​​တော်​ လိုက်​ရှာ​နေတာ... ဒါက ဘယ်​လို ဖြစ်​လာရတာလဲ...ဖယ်​​ပေး..ကျွန်​​တော်​ မိဖုရား ကို သယ်​မယ်​..."
"မလိုဘူး...သွမ့်​ယိ ရှင်​ပဲ...ကျွန်​မ အခန်းထဲထိ လိုက်​ပို့ ​ပေးပါ .."
သွမ့်​ယိ ဘာမှမ​ပြောဘဲ မိဖုရား အိပ်​​ဆောင်​ထဲ ဝင်​ကာ မိဖုရား ကို အိပ်​ရာ​ပေါ်တွင်​ ချ​ပေးပီး
"ဒါဆို ကျွန်​​တော်​ ကို သွားခွင့်​ပြုပါအုန်း... "
"​နေအုန်း....... ဘာမှမဟုတ်​​တော့ဘူး..."
သွမ့်​ယိ ထွက်​သွား ​တော့ အားကျစ်​ နဲ့ ပိုင်​ရန်​ ဝင်​လာကာ
" မိဖုရား ​ခြေ​ထောက်​က...အားကျစ်​ ​ဆေးထည့်​​ပေးမယ်​.."
ပြုံး​နေတဲ့ မိဖုရား မျက်​နှာကို ပိုင်​ရန်​သတိထားမိတာ​ကြောင့်​ အားကျစ်​ ဘက်​လှည့်​ကာ
" ငါမင်းကို ဘာ​ပြောထားလဲ...မိဖုရား အနားမှာဘဲ​နေပါလို့ ငါမ​ပြောထားဘူးလား...."
"ကျွန်​မ ​တောင်းပန်​ပါတယ်​... "
အားကျစ်​ တစ်​​ယောက်​ မျက်​ရည်​စ​လေး​တွေ ဝဲလာ​တော့သည်​။ မိဖုရား ယုမှ ပိုင်​ရန်​ကို ကြည့်​ပီး
" ဒါသူ့ အမှားမဟုတ်​ဘူး...ငါတစ်​​ယောက်​တည်း​လေညင်းခံချင်​လို့ ထွက်​သွားတာ...​နောက်​ပီး ငါ့အ​စေခံကို ငါပဲ ​အော်​ပိုင်​ခွင့်​ရှိတယ်​...​နောက်​တစ်​ခါ ငါ့အ​ရှေမှာ ထပ်​​အော်​ရင်း ဘုရင့်​ဆီပြန်​ဖို့ ပြင်​ထား..."
ပိုင်​ရန်​ တစ်​​ယောက်​ ​ဒေါသ ထွက်​ကာ ထွက်​သွား ​တော့သည်​။ ပိုင်​ရန်​ ထွက်​သွား ​တော့
" အားကျစ်​... မင်းသူ့ကို ကြိုက်​​သေးရဲ့လား..."
"အင်းသူ့ကို ချစ်​တယ်​... သူဒီလို ​အော်​​နေတာတုန်း သူ့ကို အရမ်းသ​ဘောကျ​နေတုန်းပဲ..."
" အင်းပါ ​လေ....​ဆေးထည့်​ပီးပီးလား..."
"ဟုတ်​....မိဖုရား "
" ကဲ..ငါအနားယူ​တော့မယ်​.."
အားကျစ်​ တစ်​​ယောက်​ လည်း သူ့အိပ်​ရာ​လေးကို ပြန်​သွားကာ သူမ တစ်​​ယောက်​ တည်းတီးတိုး​ပြောကာ

မချစ်​သင့်​သော်​ အချစ်​Where stories live. Discover now