မချစ်​သင့်​သော်​ အချစ်​ (22)

1.7K 174 20
                                    

သူမ အသိပြန်​ဝင်​လာကာ ဓားကို ဆွဲထုတ်​လိုက်​ချိန်​မှာပင်​ သွမ့်​ယိ ​မြေပြင်​​ပေါ်သို့ လဲကျသွား​တော့သည်​။ ဆူရင်းလည်း ဓါးကို လွတ်​ချပြီး သွမ့်​ယိ ကိုဖက်​ထားကာ ​အော်​ငို​တော့သည်​။ သွမ့်​ယိ ဗိုက်​မှ ထွက်​လာ​သော်​ ​သွေးများ ကို ဖိထားကာ
" ကျွန်​မကို ကြည့်​ပါအုန်း.....သတိမလစ်​နဲ့ ​နော်​....ရှင့်​ကိုကယ်​မယ်​....​သေခွင့်​မ​ပေးနိုင်​ဘူး....ကျွန်​မကိုထားပြီး..ဘယ်​ကိုမှ ထပ်​သွားခွင့်​မ​ပေးနိုင်​ဘူး....ဟင့်​အင်း....သွမ့်​ယိ မသွားပါနဲ့.... "

ထိုအချိန်​ သူမရဲ့ ​ခေါင်းကို လူတစ်​​ယောက်​ အ​နောက်​က​နေရိုက်​လိုက်​​တော့သည်​။ မူး​ဝေပြီး သွမ့်​ယိ ​ဘေးမှာ ပဲလဲကျသွား​တော့သည်​။ သူမကိုရိုက်​လိုက်​တဲ့သူမှာ အမျိုးသားတစ်​ဦးပင်​ဖြစ်​​နေ​တော့သည်​။ အဲ့လူမျက်​နှာကို မမြင်​ရ​ပေမယ့်​ သွမ့်​ယိ ကို ​ပွေ့ဖက်​ကာ ချီသွားတဲ့ထိုလူကို လိုက်​တားခြင်း​ပေမယ့်​ သူမကိုယ်​တိုင်​ပင်​မလှုပ်​နိုင်​ကာ ​မေ့​မျောသွား​တော့သည်​။
ဒီသတင်းကိုကြားရတဲ့ ​ဝေမိဖုရား တစ်​​ယောက်​ ရဲမက်​​တွေ ကို အမတ်​ယန်​ အိမ်​သို့ အမြန်​ပင်​​စေလွှတ်​ခဲ့သည်​။ လု​ချောင်​ မှာလည်း ဆူရင်းကိုစိတ်​ပူကာ ရဲမက်​​တွေ ကိုဦး​ဆောင်​ပီး အတူထွက်​သွားလိုက်​​တော့သည်​။ နန်း​တော်​ထဲမှာ ရဲမက်​အင်းအားနည်းသွားတာကို သိလိုက်​တဲ့ ပိုင်​ရန်​ နဲ့ အားကျစ်​ တို့ အမြန်​ပင်​ ​ထောင်​​ဖောက်​ကာ ယုမိဖုရား ကို​ခေါ်ပြီးထွက်​သွားလိုက်​​တော့သည်​။ တစ်​ခုခုလွဲမှား​နေပြီးဆိုတာကို သိလိုက်​တဲ့ ​ဝေမိဖုရား တစ်​​ယောက်
" ဟိုမိန်းမ.... ဟိုမိန်းမ ယုဇီအန်း ​ထောင်​ထဲမှာရှိ​နေ​သေးလား.....အခုချက်​ချင်း သွားကြည့်​ကြစမ်း...."

ဝေမိဖုရား အ​စေခံ လည်း သွားကြည့်​ဖို့ လုပ်​တဲ့အချိန်​ မှာပင်​ ​ထောင်​မှူး ​ရောက်​လာကာ
"​ဝေမိဖုရား..... ကျွန်​​တော်​ ကို ခွင့်​လွှတ်​ပါ.....မိဖုရားယု လွတ်​​မြောက်​ သွားပါပြီ...... "

"ဘာာာ ​ပြောတယ်​....... အသုံးကို မကျဘူး...အမတ်​ယန်​ကိုလုပ်​ကြံတာ သူတို့်ပဲဖြစ်​ရမယ်​....နန်း​တော်​ထဲမှာ ရဲမက်​အင်းအားနည်းသွားတာကို အခွင့်​​ကောင်း ယူပြီး ဒီလိုထွက်​​ပြေးကြတာ ဒါသူတို့ အကြံစည်​ပဲ.....အခုချက်​ချင်း သူတို့ ​နောက်​ကိုလိုက်​..​တွေ့တာနဲ့ သတ်​ပြစ်​လိုက်​​တော့....."

မချစ်​သင့်​သော်​ အချစ်​Where stories live. Discover now