မချစ်​သင့်​သော်​ အချစ်​(21)

1.6K 175 16
                                    

အမတ်​ယုတစ်​​ယောက်​ သူဧ။်​အခန်းထဲတွင်​ ရှိသမျှပစ္စည်း​တွေကို ပစ်​​ပေါက်​ လိုက်​ ခုန်​တွင်​ကိုလည်း ​ဆောင့်​ကန်​လိုက်​လုပ်​​နေ​တော့သည်​။ ​ဝေ​ဝေ အခန်းထဲ ဝင်​လာ​တော့ မှ ငြိမ်​ကျသွားပြီး
"​တောင်းပန်​ပါတယ်​.... ကိုယ့်​ရဲ့ ဒီလိုပုံစံကို မင်းမြင်​မိတဲ့အတွက်​ပါ....."

"ရပါတယ်​..... ရှင်​လည်းလူသားတစ်​​ယောက်​ပါပဲ...ရှင့်​မှာ လည်း ဒီလိုခံစားခွင့်​ရှိပါတယ်​....."

"​ဝေ​ဝေ....ကိုယ့်​ရဲ့ သမီးလည်းကို ကာကွယ်​ ​ပေးနိုင်​တဲ့ဖခင်​​ကောင်းတစ်​​ယောက်​မဟုတ်​ဘူး...မင်းအ​ပေါ် ကိုလည်း ခင်​ပွန်း​ကောင်းတစ်​​ယောက်​မဖြစ်​မှာလည်းစိုးတယ်​...မဟုတ်​ဘူး...အစတည်းက ကိုယ်​က ခင်​ပွန်း​ကောင်းတစ်​​ယောက်​မဟုတ်​ခဲ့ဘူး...မင်းကိုအတင်းအကျပ်​လက်​ထပ်​ခဲ့တာ....ကိုယ်​မင်းကို ဆုံးရှုံးရမှာစိုးတဲ့အတွက်​...ဒီလို​တွေလုပ်​ခဲ့တာ...ကိုယ်​​တောင်းပန်းပါတယ်​...."

"အဲ့ဒါ​တွေ က ပြီးခဲ့ပါပြီး...အခုချိန်​မှာ ရှင်​ကကျွန်​မ​ယောကျာ်းပဲ​လေ.....ကျွန်​မကို ဒီ​နေ့ ထိ ကျွန်​မ ခန္ဓာကိုယ်​ကို မထိခဲ့တဲ့ရှင့်​ရဲ့ အချစ်​ကို ကျွန်​မ မြင်​ခဲ့ပါတယ်​....."

"​ဝေ​ဝေ....ကိုယ်​မင်းကို ဖက်​လို့ ရမလား..."

"ရှင်​က ကျွန်​မ​ယောကျာ်းပဲ​လေ...ရှင်​...ကျွန်​မကိုပိုင်​ပါတယ်​...."
အမတ်​ယု လည်း ​ဝေ​ဝေကိုဖက်​ထားရင်း

"​ကျေးဇူးပါ.. အခုလို ကိုယ့်​ကိုနားလည်​​ပေးတဲ့အတွက်​.."
ဖက်​ထားရင်းက​နေ ​ဝေ​ဝေရဲ့ နှုတ်​ခမ်း​လေး​တွေကို နမ်းလိုက်​​တော့သည်​။

ညဘက်​​ရောက်​​တော့
ဝေ​ဝေနဲ့ အမတ်​ယုတို့ အိပ်​​နေရင်းကပင်​ အပြင်​ဘက်​မှ တံခါးလာ​ခေါက်​သံကြား​တော့

"ဘယ်​သူလဲ...."

အမတ်​ယု အသံ​ကြောင့်​ ​ဝေ​ဝေလည်းနိုးကာ အင်္ကျီ အမြန်​ပင်​ ဝတ်​​နေ​တော့သည်​။ အမတ်​ယုရဲ့ အ​စေခံတစ်​ဦးမှ

"သခင်​ကြီး ဧည့်​သည်​ ​ရောက်​​နေတယ်​..."

" ​အေး...ငါလာပြီး..."
အမတ်​ယု အမြန်​ပင်​အဝတ်​အစားဝတ်​ကာ ထွက်​ကြည့်​​တော့ ပိုင်​ရန်​ နဲ့ အားကျစ်​ တို့ ကို​တွေ့လိုက်​ရ​တော့သည်​။
"မင်းကြီးရဲ့ သက်​​တော်​​စောင့်​က ဒီကိုဘာလို့ လာတာလဲ.... "
အားကျစ်​ မှ

မချစ်​သင့်​သော်​ အချစ်​Where stories live. Discover now