မချစ်​သင့်​သော်​အချစ်​ (23)

1.7K 155 5
                                    

သူတို့ အခုအတူ​နေထိုင်​ခဲ့တာ ​ခြောက်​နှစ်​ခန့်ပင်​ရှိသွား​တော့တာကို မိဖုရားယု တစ်​​ယောက်​ အပြင်​ဘက်​တွင်​ ရပ်​ပီး ​တွေး​နေချိန်​မှာပင်​ အားကျစ်​ တစ်​​ယောက်​ အ​နောက်​က​နေ​ရောက်​လာပီး
"မိဖုရား..... ဘာ​တွေ ​တွေး​နေတာ တုန်း...."

"ငါတို့ အခု အတူ​နေထိုင်​ခဲ့တာ ​ခြောက်​နှစ်​​တောင်​ ရှိခဲ့ပြီး...ဒါမယ့်​အခုချိန်​ထိ သူက​တော့ ​အေးတိ​အေးစက်​ ​နေတုန်းပဲ..."

"မိဖုရား... သူ့ကိုတကယ်​ချစ်​သွားတာပဲ..."

"အားကျစ်​ ...နင်​​ပြောဖူးသလိုပဲ...တစ်​စုံတစ်​​ယောက်​ ကိုချစ်​​နေမိရင်း...ရယူလိုချင်​ထက်​အနည်းဆုံး သူအနားမှာအခုလိုရှိ​နေတာကို ပို​ပျော်​မိတယ်​...အချစ်​က ပိုင်​ဆိုင်​ခြင်းမဟုတ်​ဘူး...."

"မိဖုရား... ​နောက်​ဆုံး ​တော့ သ​ဘော​ပေါက်​သွားပြီး​ပေါ့..."

"အင်း....သူပြန်​မချစ်​လည်း...ငါ​ကျေနပ်​ပါတယ်​...ငါကပဲ ဆက်​ချစ်​သွားမှာပါ..."

"မိဖုရား... "

"အားကျစ်​... ငါအရင်​က လိင်​တူချင်းချစ်​တာကို မုန်းခဲ့တယ်​....ငါအဲ့မိန်းက​လေးနှစ်​​ယောက်​ကို ​တောင်းပန်​ချင်​တယ်​...အပြစ်​မရှိဘဲ သူတို့ ချင်း ချစ်​​နေမိတာကို...ငါကဘာလို့ ဒီလိုလုပ်​ရက်​ရတာလဲ...ငါကိုယ်​ငါလည်းမုန်းတယ်​....ဒီနှစ်​​တွေအတွင်းမှာ အရပ်​သူဝတ်​စားပြီး ​နေထိုင်​ခဲ့တယ်​...ငါသာမာန်​လူတန်းစား​တွေအ​ကြောင်းကိုလည်းပိုနားလည်​သွားပါပြီး....သူတို့​နေရာဝင်​ကြည့်​​တော့ ငါခံစားမိသွားတယ်​နဲ့ တူပါတယ်​....ငါလူနဲ့ တူသွားပြီးမလား...."

"အခု ဒီလိုစကား​ပြော​နေတဲ့ မိဖုရား ကို အားကျစ်​ ပိုသ​ဘောကျတယ်​..."

"ငါ့ကို အစ်​မဇီအန်း လို့ ပဲ​ခေါ်ပါ​တော့...ငါကမိဖုရားမှ မဟုတ်​​တော့တာ...."

အားကျစ်​ တစ်​​ယောက်​ ပြုံးကာ
"အစ်​မ ဇီအန်း..."

"အားကျစ်​.... တကယ်​လို့ ဒါက အဲ့မိန်းက​လေးက ​ပေးခဲ့တဲ့ကျိန်​စာ ဖြစ်​​နေလည်း ငါအဲ့ကျိန်​စာကို ​ကျေ​ကျေနပ်​နပ်​ခံယူပါ့မယ်​...ငါနဲ့ ထိုက်​တန်​ပါတယ်​...."

မချစ်​သင့်​သော်​ အချစ်​Where stories live. Discover now