စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် Season (2) - Episode (1) (Z+U)

14.4K 466 49
                                    

စစ်နတ်ဘုရား၏အချစ်ဥယျာဉ်

Season(2) – Episode (1)

ဆူမီရာသည်ငှက်ကလေးများ၏ ကျီကျီကျာကျာသံကြောင့် နိုးလာသောအခါ မသိစိတ်ဖြင့် ဘေးဘက်ကို လက်နှင့်စမ်းလိုက်စဉ်အေးစက်သည့်အိပ်ယာကိုသာ စမ်းမိသောကြောင့် အိပ်ချင်မူးတူးမျက်လုံးက ချက်ချင်းပြူးကျယ်သွားပြီးဆတ်ခနဲ ထထိုင်လိုက်စဉ် မျက်နှာနည်းနည်းရှုံ့သွားသည်။ ညက နောင်တော် သောင်းကျန်းထားသည်ကိုသတိရပြီး စောင်အောက်မှမထွက်ခင် နံဘေးတွင်ပုံချထားသည့် ၀တ်ရုံကို ကောက်လျှိုကာ အ၀တ်ပြန်ဝတ်နေစဉ်နောင်တော်က အခန်းတံခါးဖွင့် ၀င်လာခဲ့သည်။

"မီရာလေးနိုးနေပြီလား.. နောင်တော်က မီရာလေးမနိုးခင် လုပ်စရာလေးရှိလို့ ခဏထွက်သွားလိုက်တာ.."

တင်ဂီရိသည်ဆူမီရာအ၀တ်ဝတ်သည်ကို ကူပေးပြီး နဖူးကို ကြင်ကြင်နာနာနမ်းပြီး ပြောလိုက်သည်။

"ကိုယ်မီရာလေးကို သတိရနေတာ.."

"နောင်တော်ကပိုပါပြီဗျာ။ တစ်ညလုံး အတူရှိနေတာကို။ နောင်တော်ထသွားတာ နာရီနှစ်မောင်းလောက်ပဲ ရှိသေးတယ်မလား.."

ဆူမီရာသည်နောင်တော့်လည်ပင်းကို တွဲခိုပြီး ကျေနပ်ပြုံးလေးနှင့် ပြောလိုက်သည်။ တင်ဂီရိသည် သဘောကျစွာရယ်မောကာဆူမီရာ၏နားရွက်ကို ဖွဖွဝါးပြီးပြောလိုက်သည်။

"နောင်တော်ကဆူမီရာလေးကို အာခံတွင်းမှာငုံထားပြီး သွားလေရာ ခေါ်သွားချင်တာ.. အလုပ်လုပ်လို့ မောလာရင်အမောပြေ.. မီရာလေးကို စားချင်တယ်.."

ဆူမီရာသည်နောင်တော့်စကားကြောင့် သဘောလည်းကျ၊ ရှက်သလိုလိုလည်းဖြစ်ကာ ရယ်ရင်းပြောလိုက်သည်။

 "နောင်တော်ကလည်းဗျာ... ဒီဟာတွေချည်း မစဉ်းစားနဲ့လေ..ဒါဆို နောင်တော်အားကုန်မှာပေါ့... အလုပ်လည်းပန်းသေး.. ပြီးတော့ အိပ်ယာထဲလည်း အားစိုက်ရသေးတယ်..မဖြစ်ဘူး.. နောက်ဆို နောင်တော့်ကို အိပ်ဆေးပေးရမယ်.."

 "မလိုဘူး.. ကိုယ်က မီရာ့ကိုယ်ထဲ ၀င်ခွင့်ရရင် အလိုလိုအားပြည့်လာတာ..ဒါကြောင့် ကိုယ့်ကို အမောပြေဆေးလေးတိုက်ပါဦး.. လာ..."

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် - Season (2)Tempat cerita menjadi hidup. Temukan sekarang