Part 1

20.4K 894 12
                                    


ပင်လယ်မင်းသားလေး

Part 1

" ဗျပ်စောင်းတီးသံကြားတယ် ငါးလေး "

ဝမ်နင် သခင်လေးပြောလို့အသံကိုနားစွံလိုက်သည်။

" ငါရဲ့အဖြူရောင်နတ်သားလေး လာပြီ "

ဝေ့ရင်း ပျော်ရွှင်စွာကန်ပေါ်ခေါင်းဖော်ပြီး ဗျပ်စောင်းတီးတဲ့လူကို ငေးကြည့်နေမိသည်။

"မင်းသားလေး သူကို့ဒီအတိုင်းငေးကြည့်မဲ့အစား သူဆီသွားပါ့လား "

" ဘယ်လိုသွားရမလဲ "

"ကျွန်တော့်ကြားတာက ကုန်းပေါ်တက်ပြီး အမြှီးရေခြောက်ရင် လူခြေထောက်ဖြစ်တယ်တဲ့ "

" အဲ့ဒါတော့ ငါ့လည်းသိတာပေါ့ ဒါပေမဲ့ အဲ့လိုမျိုး ဘယ်သူမှမစမ်းကြည့်ဖူးဘူး တကယ်လို့ သူရှေ့ရောက်လို့အမြှီးကဒီတိုင်းပဲဆက်ရှီနေရင်
ငါ့ကို မိစ္ဆာလို့ထင်ပြီး သူကမုန်းသွားမှာပေါ့"

" သခင်လေး စမ်းကြည့်သင့်တယ်...
အဲ့သခင်လေးကို ငေးနေတာ တစ်နှစ်တောင်ပြည့်ပြီ သခင်လေးသူနဲ့ စကားမပြောချင်ဘူးလား "

" ပြောချင်တယ် သူအနားမှာနေချင်တယ်..ဟီးဟီး "

အတွေးနဲ့တင် ပြုံးပျော်လာတဲ့ ဝေ့ရင်း
ရင်ထဲမှာလည်း အဆမတန်ခုန်နေသည်။

" အဲ့ဒါဆို လုပ်လိုက်တော့ အချစ်မှာ
သတ္တိရှီရတယ် "

" အင်း! သတ္တိရှီရမယ် "

ဝမ်နင်းပြောတဲ့အတိုင်း မြေပေါ်တက်လိုက်တော့ ခြေထောက်အဖြစ်ပြောင်းသွားသည်။ ဝမ်နင်က ပလွေနဲ့ ဝတ်စုံပစ်ပေးလိုက်သည်။  ကျွန်တော့်ပလွေမှုတ်လိုက်တော့ စောင်းသံရပ်သွားသည်။

" မင်းက "

လန်ကျန် ပလွေမှုတ်နေတဲ့ လုလင်လေးကို မေးလိုက်သည်။ ဘာမှပြန်မဖြေပဲ သူကိုမျက်လုံးဝိုင်းဝိုင်းလေးနဲ့ကြည့်နေသည်။

" ငါ့ဒီနားမှာ မင်းကို တစ်ခါမှ မတွေ့ဖူးပါဘူး "

ထိုလူ လန်ကျန်မေးတာကို  ပြန်မဖြေပဲ လန်ကျန့်ကို ပြုံးပြီးကြည့်နေသည်။

"နာမည်ဘယ်သူလဲ "

ထိုလူက တုပ်ချောင်းရှာကာ သူနာမည်ကို သဲပေါ်မှာ စာရေးသည် စကားမပြောတက်ဘူးလား

ပင်လယ်မင်းသားလေးWhere stories live. Discover now