Intro

32.2K 976 45
                                    


ချစ်မြတ်နိုးရသူကို အဝေးကနေ
ငေးနေရတာကလဲ ကျွန်တော့်ရဲ့
မြတ်နိုးခြင်း တစ်မျိုးပဲလေ......။

*****

Zawgyi💠

At 7:00 AM...

"ကြည်နူးရေ..."

မနက် မိုးစင်စင်ပင် မလင်းသေး နားသောတဆင်နေရတာက ချစ်မြတ်နိုးရသော ချစ်မေမေ၏ နိုးဆော်ခြင်း အသံများ တကယ်ပါပဲ အခုမှ ဆယ်တန်းဖြေပြီးရုံမို့ ပင်ပန်းမှုအဟုန်နဲ့ အတိုးချ အိပ်မယ်ကြံသောငြား မိုးတောင်စင်စင်မလင်းသေး သို့သော် တပေါင်းလ ဆိုတော့ကား ပြောတော့မရဘူး နွေအကူးဆိုသည်မှာတော့ နေတော့ အနည်းငယ် လင်းစပြုလာသည်လေ...။

"ဟဲ့ ကြည်နူးရေ မထသေးဘူးလား?? နင် ထမှာလား?? မထဘူးလား?? မထရင် ငါ ဟိုဘက်အိမ်က ဖိုးဖြူကို ခေါ်လိုက်မှာနော်"

ဖိုးဖြူဆိုသည်နှင့် ကျွန်တော့်မှာ ထိတ်ခနဲ ဆက်ခနဲနဲ့ပင် နှလုံးပင် မသာမယာ အိပ်ချင်မူးတူးဖြစ်နေသော ကျွန်တော်စိတ်သည် ချက်ချင်း ကူးပြောင်းသွားရသည့်အဖြစ်......။

"Motherရာ ထပါပြီ ဟုတ်တယ် ဆကယ်ပါပဲ ကိုယ့်မှာ သားလေးတစ်ယောက်တည်း ရှိတာကို အလိုလိုက်မယ် မကြံဘူး"

ပါးစပ်က ပွစိ ပွစိနဲ့ပင် ပြန်ခံပက်ပြီး ညက ခြုံကာ အိပ်ထားခဲ့သော အညာစောင် ဖျင်ကြားကို စိတ်မပါတပါ ခေါက်နေမိသည် လူကလဲ သေးသွယ်သွယ်နဲ့ ညကမှ fatherအကျီ င်္ပွပွကြီးကို ဝတ်ပြီး အားကစားဘောင်းဘီ အတိုနဲ့ပင် အတော်လေး စိတ်ပျက်စရာကောင်းသည့် fashion လေးပင် သို့သော် ရုပ်ခံလေးက အဆင်ပြေနေတော့ မဆိုး .........။

သိတယ်မလား?? ရုပ်အရမ်းဖြောင့်သည့် ကျွန်တော့်အတွက်တော့ အဝတ်အစားဆိုတာ ပကာသနပင် "လူမှာ အဝတ် တောင်းမှာ အကွတ်" ဆိုသော စကားသည် ကျွန်တော့်အတွက်တော့ အတော်လေးမှားသည်.........။

အိပ်ချင်နေသော မျက်လုံးများကို ပွတ်သပ်ပြီး ရှုပ်ပွနေသော ဆံနွယ်နုနုလေးများကို အနည်းငယ် သပ်တင်လိုက်သည် တစ်ညလုံး လူးလိမ့်ပြီး အိပ်ထားသော အရှိန်ကြောင့် တွန့်ကြေနေသော အကျီ င်္တို့ကို ပြန်လည် ပြင်ဆင်လိုက်သည် .........။

ရုန်းထွက်ခွင့် (ဆန္ဒလျှံ - နှောင်းကြည်နူးထည်)Where stories live. Discover now