အပိုင်း (၃၀)

4.3K 429 41
                                    


♥Zawgyi♥


ကျွန်တော့်အတွက် သူဆိုတ
နှိုင်းယှဉ်လို့ မရသော
တစ်ဦးတည်းသော သူ။

******

ရာသီအလီလီ လည်ပတ်ခဲ့လေပြီ။ ကျွန်တော်ကတော့ အရင်လို လေလွင့်နေသော သင်းကွဲအဟုတ်တော့။ ကျွန်တော့်မှာ ရည်မှန်းချက် အပြည့်နဲ့ပင်။ ကလေးငယ်ရဲ့ အပြုံးများသည် ကျွန်တော်ဖြစ်တည်မှု လမ်းစဖြစ်သည်။ သူမှာကြားခဲ့သလို ကျွန်တော် ဦလေးတို့ကို စောင့်ရှောက်ခဲ့ပါသည်။ သူပြောသလိုနေထိုင်ပြီး သူ့အတွက် ကျွန်တော် ရှင်သန်ခဲ့ပါသည်။

အခုလဲ ကျွန်တော်မှာ နေ့တိုင်းသူ့ဓာတ်ပုံလေးနဲ့သာ အလွမ်းတော် ဖြေခဲ့ပါသည်။ နောက်ထပ် ကလေးငယ် မကြိုက်တာ ဘာမှမလုပ်ချင်တော့။ တစ်သက်တာ ပေါင်းနိုင်ဖို့အတွက် ခဏတာတော့ ဝေးကြရမည် မဟုတ်လား?။

တစ်ရက်။
တစ်လ။
တစ်နှစ်။
ကျွန်တော် ကလေးငယ်ကို မတွေ့ဘဲ နေခဲ့ပါသည်။ ကျန်တာကြောင့်မဟုတ် သူ့ပညာရေးကြောင့်။ သေလောက်အောင်လဲ လွမ်းပါသည်။ တစ်ခါတစ်လေ ဖောင်းပုဆိုတဲ့ ကလေးငယ် ပါးနှစ်ဖက်ကို အသေနမ်းရှိုက်ပြစ်ချင်ပါသည်။ သို့သော်....။

"ဆန္ဒ.. ဟေ... ဆန္ဒ ။"

သူ့အကြောင်းငေးမော တမ်းတနေရင်းပင် ယောက္ခထီးရဲ့ အသံက နားစည်ထဲသို့ တုန်ရီ လှိုက်မောစွာ ၀င်လာသည်။

"ဗျာ... ဦးလေး ကျွန်တော့်ကို ခေါ်လား? ဦးလေး.."

"အေး.. ငါ ခေါ်နေတာ ကြာလှပြီ။ ဘာတွေ တွေးနေတာလဲ? ဆန္ဒ ရဲ့..."

"ဘာမှ မဟုတ်ပါဘူး ဦးလေးရာ ။ ဒီအတိုင်းပါပဲ။ ကျွန်တော် ဘာလုပ်ပေးရမလဲ ဦးလေး..."


"ကျန်တာ မဟုတ်ပါဘူး။ ထွေထွေထူးထူးတော့ မဟုတ်ပါဘူးလေ... ဒီနေ့ မင်း ညီ.. ပြန်လာမှာလေ..။ အဲ့ဒါ သွားကြိုပေးပါအုံးကွယ်။ ဦးလေးက လုံးဝကို မအားတာ လယ်ထဲသွားရအုံးမယ်။ "

"ကျွန်တော်ပဲ.. လယ်ထဲသွားလိုက်ပါမယ်... ဦးလေးရယ်..။"

"ဟင်... ဘာဖြစ်လို့လဲ?"

ရုန်းထွက်ခွင့် (ဆန္ဒလျှံ - နှောင်းကြည်နူးထည်)Where stories live. Discover now