အပိုင်း (၂)

7.5K 623 44
                                    

မြတ်နိုးမှုဆိုတာ...
မြင်အောင် မပြနိုင်ပေမယ့်
အတိုင်းအဆတစ်ခုအထိတော့
သိပ်သည်းမှု ရှိတာချည်းပဲ......။

******

At 10:00 AM......

"ပန်းမွေ့ယာ ရွှေကော်ဇောလဲ မဟုတ်ပါ...ချစ်သူခြေဖဝါးနုနု...သွေးချည်ဥမှာ စိုးရိမ်သူပါ...မုန်တိုင်းကထန်...လေဆန်ခရီးက ကြမ်းတယ်...ချစ်သူ မပျော်တဲ့ တစ်နေ့မှာ...မျက်နှာညှိုးမှာ စိုးရိမ်သူပါ..."

"ခရောင်းလမ်းနေပူ...ထမင်းရည်ပူ...အတူလျှက်ဖို့မလွယ်...ကိုယ့်ပုခုံးထက် ခေါင်းလေးမှီပြီး...ကိုယ့်ရင်ခွင်ထဲ နွေးစေ...ဖက်ထားချင်တာပေါ့...အချစ်ရယ်..."

"သီချင်းလေးအေးအေးနဲ့ပါလား?? အကိုရ ဘာတွေ ပျော်နေလို့လဲ နောက်ပြီး မျက်နှာက ပြုံးလို့ ရွှင်လို့"

အသံအေးအေးလေးနဲ့ သီချင်းကို ဆွဲဆွဲငင်ငင်ဆိုနေပုံက အတော်လေး ခံစားမှုအပြည့်နဲ့ပင် ဖြစ်သည် သီချင်းဆိုနေစဉ် ပြုံးနေသော မျက်နှာထားနုနုသည်လဲ အဆမတန် နူးညံ့နေသည် မဟုတ်မှ လွှဲရော အချစ်စစ်နဲ့များတွေ့နေတာလား??

ဟာ အဲ့လိုဆိုလျှင် မဖြစ်နိုင်တော့ သူ့အတွက် တစ်စုံတစ်ယောက်ပေါ်လာခဲ့လျှင်ဟူသော စကားလုံးသည် ကျွန်တော့်အတွေးတစ်ချို့ကို ခြောက်ခြားစေသည် ထိုသီချင်းသည် တစ်စုံတစ်ယောက်အတွက်ဟူသော ခံစားမှုက ပင်ပန်းလွန်းသည်......။

"သြော် ဘာမှမဟုတ်ပါဘူး ကြည်နူးရာ ဒီအတိုင်း ဆိုချင်လို့ ဆိုလိုက်တာပါ သီချင်းကလဲ အဓိပ္ပာယ်အပြည့်နဲ့ဆိုတော့..."

ပြုံးလိုက်သည်...။
Please ကျေးဇူးပြုပြီး ဆက်ပြီးမပြုံးတော့ဖို့ တောင်းဆိုပါရစေလား?? တစ်စုံတစ်ယောက်အတွက် ခင်ဗျားနူးညံ့စွာ ပြုံးတတ်ခဲ့လျှင်......။

"ဟုတ်လို့လား အကိုရာ ကျွန်တော်ကတော့ မယုံပါဘူး အကို့ကို ကြည့်ရတာ ဒီရက်ပိုင်း သီချင်းတအေးအေးနဲ့"

သူကတော့ မနက်အစောကြီး တောထဲသွားပြီး ရိတ်သိမ်းခဲ့သော မြက်ထုံးတွေကို နွားစာစဉ်းစက်ပေါ် စနစ်တကျ ချထားသည် ထို့နောက် တင်းကုပ်(N-နွားထားရာ နေရာ)ထဲမှ နွားနီ နှစ်ရှဉ်းအတွက် နွားစာစဉ်းဖို့ ပြင်သည်...။

ရုန်းထွက်ခွင့် (ဆန္ဒလျှံ - နှောင်းကြည်နူးထည်)Where stories live. Discover now