အပိုင်း (၂၇)

4.5K 467 40
                                    

တကယ်တော့..
အချစ်ဆိုတာ...
သေလောက်အောင် သူ့ကို လွမ်းနေပါစေအုံး..
အမှတ်တရ ရှိခဲ့တဲ့ သူ့ပုံရိပ်လေးတွေ တွေးပြီး...
အလွမ်းပြေတတ်တာမျိုး..

*******

Zawgyi☘☘☘

"အကို.. ကျွန်တော့်ကို မဖြေသေးဘူးနော်..."

"ဘာကိုလဲ?"

"ဟိုနေ့က မေးထားတဲ့မေးခွန်းနှစ်ခု.."

"သြော်.. အဲ့ဒါကလား? အင်း တစ်ခုတော့ ကိုယ်သေသေချာချာ ဖြေနိုင်တယ် ။ နောက်တစ်ခုရဲ့အဖြေကတော့ ဖောင်းပု ကြိုက်မှာ မဟုတ်ဘူး?"

"ရတယ်.. အကို ကျွန်တော်က ခင်ဗျားဆီက မလိမ်ညာဘူး ၊ ဘာမှ မုသားမရှိတာကိုပဲ လိုချင်တာ..."

"မေးခွန်း နံပါတ် ၁။ ဘာကြောင့် ဒီရွာလေးကို ရောက်ခဲ့လဲဆို.. အဲ့တုန်းက အကိုက ဆယ်တန်းအောင်ပြီး မကြာဘူး ဖေဖေက နောက်မိန်းမ ယူလာတယ်။ ရတယ် အမေသေပြီးနောက်ပိုင်း လူလတ်ပိုင်းပဲ ရှိနေတဲ့ သူ့အသက်အရွယ်နဲ့ တဏှာစိတ်ကို ကိုယ်နားလည်ပါတယ်။ အကို ခွင့်လွတ်ပေးလိုက်တယ်..။ မကြာဘူး ဖေဖေက ဘယ်လိုလိုင်းတွေ ပြောင်းပြီး အကိုနဲ့သက်တူ ရွယ်တူနီးပါး ယောကျာ်းလေးတွေကို ခေါ်လာတယ်။ သူအဲ့လို လုပ်နေတာနဲ့ပဲ အကို့မိထွေးလဲ ထွက်သွားတယ်။"

"........"

"နောက်တော့ ဖေဖေက မိန်းကလေးတွေထက် ယောကျာ်းလေးတစ်ချို့နဲ့ ပိုနေလာတယ်။ တစ်ခါတစ်လေ အကို့ကိုတောင် မညှာဘဲ သူတို့ ဖြစ်ပျက်ချင်တိုင်း ဖြစ်ပျက်နေတာ..။"

"အကို တကယ် ပင်ပန်းနေခဲ့မှာပဲနော်... နောက်ပြီး ကျွန်တော်ကပါ အဲ့လိုဆိုတော့... အကိုမုန်းတဲ့အသိုင်းအဝိုင်းထဲ အကို့ကို ဇွတ်အတင်း ပြစ်ထားမိခဲ့တယ် ထင်တယ်..... "

လုပ်ပြီ...။ အဲ့ဒီမျက်နှာလေးကို ကျွန်တော် အကြောက်ရဆုံး...။ တစ်ခုခုဆိုတာနဲ့ ထိုကလေး ကျွန်တော့်ကို လက်လျှော့သွားမှာ အသေကြောက်တာ..။ အခုလဲ ကျွန်တော့်ကို ငေးပြီး သူကိုယ်တိုင်အပြစ်သားလိုလိုနဲ့ပင်....။

ရုန်းထွက်ခွင့် (ဆန္ဒလျှံ - နှောင်းကြည်နူးထည်)Where stories live. Discover now