အပိုင်း (၈)

4.7K 434 59
                                    

ဒီ့ထက်မနီးလဲ ဖြစ်ပါတယ် အကို.....
ဒီ့ထက် မဝေးဖို့ဘဲ မျှော်လင့်ပါတယ်.......။

Crd:jocole

*******

At 8:30 AM...

Zawgyi🍀

"စာကြိုးစားနော် သား တစ်ခုခုဆို အမေ့ကို မှာနော်သား ပညာတတ်ကြီး ဖြစ်အောင်လုပ် ရွံထဲဗွက်ထဲဆိုတာ သားနဲ့ မလိုက်ဘက်ဘူး "

မေမေကတော့ ကျွန်တော်လိုအပ်သမျှ ထုတ်ပိုးပြင်ဆင်ပေးနေသည် ။ အ၀တ်အစားဟူသမျှ သပ်ရပ်စွာ ခေါက်ပြီး အညာထန်းကျောဖာမဟုတ်သော ပလတ်စတစ် ခရီးဆောင်အိတ်ထဲသို့............။

အိမ်ကတည်းကမေမေပြင်ဆင်ပေးလိုက်သော ရာသီပေါ် မန်ကျည်းရွက်ကို ပုဇွန်ကွေးကွေးထည့်ပြီး ဆီပြန်ပြန်ကြော်သည်။ မိုးရာသီမှာ ငါးမှန်သမျှ ၀ယ်ပြီး ငါးခြောက်ပြုလုပ် ငါးရဲ့မီးဖုတ်ကင်ထားတာက အိုဗာတင်းဗူးနဲ့အပြည့်...။ ထို့နောက် ခရမ်းချဉ်သီးနဲ့ ကြက်သားကိုလဲ လိပ်နေအောင် ကြော်ပေးသည်။ ပဲကြော် လက်ဖက်ချဉ်ကလဲဖန်ဗူးများနဲ့ အပြည့်......။ ကျွန်တော့်အကြိုက် ခေါက်ဆွဲဆီချက်ထုတ်တွေကတော့ ဆယ့်ငါးထုပ်နီးပါးရှိသည်.......။

ကျန်သည့်ဗူးတွေကတော့ အညာထန်းညှက် ပေါက်ပေါက်ဆုပ်နဲ့ အုန်းထန်းညှက် ဇီးယိုများပင်......။

"မယ်ရီရေ နင့်သားက ဘော်ဒါသွားပြီး ဈေးရောင်းမှာလား??? စာသင်မှာလားကွာ နင့်ဟာငက များလှချည်ရဲ့.."

အဖေကတော့အမေလုပ်သမျှ ဘေးကနေ လက်ဖက်သုပ်စားရင်း ကြည့်နေသည်မို့ အမေလုပ်သမျှ လှောင်နေသည်။ အမေကတော့အဖေ့ကို မျက်စောင်းတထိုးထိုးနဲ့ပင် .......

"အမလေးတော်ကိုယ့်သားကို စားစေချင်လို့ ထည့်ပေးတာ ဘာဖြစ်လဲ ဒီအတိုင်း ဆိုင်ကယ်နဲ့ မဆန့်ရင်လဲ ဆယ်ဘီးကားကြီးနဲ့ပဲတင်ပေးရ တင်ပေးရတော် တော်ကြာ ကျွန်မသားလေး မျက်နှာ ငိုရရင် ကျုပ် စိတ်မကောင်းဘူး"

"အေး မယ်ရီ နင်အဲလို ကြပ်ကြပ်လုပ် နင့်သား ၀က်ဖြစ်ရခြင်းအကြောင်းအရင်းက နင်ပဲ တော်ကြာ အဆီပိတ်နေမှဖြင့်_"

ရုန်းထွက်ခွင့် (ဆန္ဒလျှံ - နှောင်းကြည်နူးထည်)Where stories live. Discover now