အပိုင်း (၇)

4.5K 428 104
                                    

ကျွန်တော် အကို့ကို ချစ်တယ်...
အချစ်တစ်ခုသာ တုံ့ပြန်မှု တစ်ခုထက်သာ
ပိုသာမယ်ဆိုရင်...
ခင်ဗျားဆီက
'အဆင်ပြေလား'လို့
မေးတဲ့အသံလေး တစ်ခုပဲ...
တစ်ခွန်းလေးပါပဲ......

*****

နှစ်ဆန်းတစ်ရက်နေ့......။

Zawgyi🍀

'နှစ်သစ်ကူးလို့ အချစ်ဦးကို ... ရှာဖွေ... ဘယ်ရပ်ဌာနေ...ဘယ်ဆီများ သွားပါလိမ့် ...နေစိမ့်တဲ့ သူရေ...ပန်းပိတောက်ဝါတွေ...ပန်းပိတောက်ဝါတွေ...ရွေရည်လူး ဖူးပွင့်ခဲ့ပြီလေ...ချစ်ဦးသူရေ...ပန်းပွင့်ကို လှမ်းလွင့်ကာ ခြွေ...'

ကိုဂရေဟမ်ရဲ့ နှစ်သစ်ချစ်ဦးသီချင်းလေးသည် ငြိမ့်ငြိမ့်ညောင်းညောင်းလေးနဲ့ပင် နားစည်အတွင်းသို့ လှုပ်ခတ်ဝင်လာလေပြီ ...။ နှစ်သစ်ဆိုတဲ့အတိုင်း အရာရာအသစ်ဖြစ်သွားရင် ကောင်းမည်လေ...။

"ငုံးပေါက် ဥပုတ်သီတင်း စောင့်တည်ပြီးရင် ဘယ်နေရာ သွားမှာလဲ အရင်လို ရေသပ္ပာယ်အုံးမှာလား? အဘိုးအဘွားတွေရော ကုသိုလ်လုပ်အုံးမလား??"

ဘေးနားမှ စိုးဝင်းအပြောကြောင့် မလှမ်းမကမ်းမှ ပိတောက်ပန်းကို ငေးပြီး အတွေးတစ်ချို့ပင် ပျက်ပြယ်လေပြီ......။

"အင်း ဟုတ်တယ်လေ အရင်တုန်းက အတိုင်းပဲ နောက်ပြီး ရွာရှေ့ဘုရားမှာ ညနက်တဲ့အထိ နေဖို့ motherဆီ ခွင့်တောင်းထားတယ်"

"ဟာ ညကြီး မင်းဘာလုပ်ဖို့လဲ?? တစ်ယောက်တည်းလား?? တစ်ယောက်တည်းတော့ မနေသင့်ဘူးနော်..."

"ဟာ...မဟုတ်ပါဘူး ငါက ဒီအတိုင်းလေးပါ နောက် နောက်ပြီး ငါတို့ သင်္ကြန်ပြီးရင် ချက်ချင်း ကျောင်းသွားရမှာလေ..."

စိုးဝင်းကို မကြည့်ရဲစွာပင် မျက်လွှာချပြီး သူ့မျက်ဝန်းတို့ကို ရှောင်ဖယ်လိုက်သည်...။ ဒီကောင်ဆိုသည်က ကျွန်တော်မျက်နှာကို မှန်တစ်ခုကို မြင်နိုင်သောသူ...။ ဘာဆိုဘာမှသူ့ကို ညာလို့မရ သူသာလျှင် တစ်ဦးတည်းသော ကျွန်တော့်ရဲ့ mind readerပင်......။

ရုန်းထွက်ခွင့် (ဆန္ဒလျှံ - နှောင်းကြည်နူးထည်)Where stories live. Discover now