အပိုင်း (၂၀)

5.2K 496 34
                                    

တစ်ခါ တစ်လေမှာ
ကျွန်တော်လဲ အတ္တကြီးမိတယ်....။
ဖောင်းကိုသာ
ကျွန်တော် ပိုင်ဆိုင်ဖို့အတွက်ဆို.....
ဘာပဲဖြစ်ဖြစ်
ကျွန်တော် လုပ်မိတယ် ထင်တယ်....။

ချစ်တယ်...... ဖောင်း.....။

******

Zawgyi🍀🍀🍀

ည၇..နာရီ...။

မနေ့က ကျွန်တော်တို့ နေ့လည် နှစ်နာရီလောက်မှ ရောက်သည်..။ နေလည်လဲပူ လေပူတွေလဲတိုက်၊ သင်္ကြန်အတွင်းလဲ ရောက်နေသည်မို့ ကားသွားကားလာုဖြတ်သွားသည့်ဂိတ်တိုင်းလိုလို ကုသိုလ်ပြုသည်။ ပိုက်တစ်ချို့နဲ့ပင် တားပြီး ပိတ်ပတ်သမျှ တစ်ကိုယ်လုံးလဲ ရေများရွှဲနစ်လို့ပင်..။ ကုသိုလ်ပြုသည့် မုန့်လုံး၊ ဆနွင်းမကင်းတို့အား ချမ်းချမ်းစီးစီးနဲ့ပင် စားလာခဲ့ရသည်.....။

တစ်လမ်းလုံး ကိုယ်က အိမ်ကအဖေကို စိတ်မချရသည့်အကြား စိုးဝင်းနဲ့ ဦးသင်္ဂဟ ရန်သတ်ပွဲကို အခါမလပ် ကြည့်ပြီး ရီနေရသည်....။ တစ်လမ်းစိုရွဲ၍ပင် ကျွန်တော်တို့ အခါရက်အတွင်း လာရသည်မို့ ရွှေစက်တော် အဝင်ဂိတ်မှာတော့ ကားများက စီတန်း၍ပင်....။ တရွေ့ရွေ့နဲ့ စိတ်ရှည်စွာ စောင့်ဆိုင်းအပြီးမှာတော့ ကားထိုးပြီး နမ္မဒါသဲကျောင်းရောက်အပြီးမှာတော့ အလုံးကြီးကျသွားရလေပြီ.....။

ရောက်ရောက်ခြင်း ခဏနား ရေချိုးပြီး ဘုရားဖူးဖို့ ပြင်ရမည်..။ ဒီနှစ်အတော်လေး စီသည်...။ မိမိတို့ တည်းခိုဆောင်က အတော်လေး ချက်ချသည်မို့ ဈေးသည်တစ်ချို့၊ ထမင်းသည်၊ သဘောင်္သီးထောင်း၊ အသုပ်သည်၊ မုန့်လက်ဆောင်းသည်နဲ့ ရွေရင်အေး၊ အဝေးက ရေခဲမုန့်သည်ကလဲ ခေါင်းလောင်းသံ တစ်ချွင်ချွင်နဲ့ပင်.....။

"အကိုလေး..... ရေနွေးယူအုံးမလားဗျ.."

လက်ထဲက ပလတ်စတစ် ခြင်းကြားထဲက ရေနွေးဗူးက လေးငါးခြောက်ဗူးပင်၊ ကောင်လေးပုံစံက အသားက ညိုညို ပိန်သေးသေး အပြုံးချိုချိုနဲ့ပင် ၊ လိမ်းထားသော သနပ်ခါးက ရွေဘို သနပ်ခါးလားတော့ မသိ ၊ ပဲစိဟင်း တစ်အိုးလုံး မှောက်ထားသည်.....။

ရုန်းထွက်ခွင့် (ဆန္ဒလျှံ - နှောင်းကြည်နူးထည်)Where stories live. Discover now