အပိုင်း (၂၂)

5.1K 556 99
                                    

ကျွန်တော် ခင်ဗျားကို ချစ်လွန်း၍သာ...

******

Zawgyi🍀🍀🍀

"အကို.... ကျေးဇူးပြုပြီး... ကျွန်တော် တောင်းပန်ပါတယ်.... "

အကိုကြောင့် ဆုတ်ပြဲသွားသော အင်္ကျီစတစ်ချို့ကို အလျင်အမြန် ပြန်လည်ဆွဲစိလိုက်ပြီး သူ့ဆိုင်ကယ်ပေါ်သို့ ကျွန်တော် လိုက်စီးရမှာ မဝံမရဲမို့...။ ကျွန်တော် ခြေလျင်ပဲသွားပြီး တွေ့ရာကားပဲ စီးဖို့ ပြင်တော့မည်....။

"လာလေကွာ... ဖောင်းရာ.. ကိုယ်တောင်းပန်ပါတယ်ကွာ.."

ကားလဲမူးပြီး ကျွန်တော့်ထံမှလဲ အလွတ်ရုန်းထားရသည်မို့ သူအတော်လေး ပင်ပန်းနေသည်...။ ဒါကိုပင် ယိုင်နဲ့နဲ့ ပင် ကျွန်တော်နဲ့ဝေးရာ ပုပုလုံးလုံးနဲ့ ဇွတ်ပြေးထွက်နေသော ထိုကလေးကို အနောက်ကနေ အတော်လေး ပိတ်ရိုက်ပစ်ချင်သည်...။ ကားမူးလို့ အဆင်မပြေတာကိုပင် ထိုကလေးဆိုသည်မှာက ကျွန်တော့်ဆီမှ ပြေးပေါက်ကိုသာ ရှာနေသည်.....။

ကိုယ့်အပိုင် မဟုတ်သေးလို့နော် ။ ကိုယ့်အပိုင်သာဆို ထိုကလေးကို ကိုက်ဆွဲပစ်လိုက်ချင်သည်...။

"တော်တော့ကွာ.... ဖောင်းပေါက်စရာ စိတ်လျှော့ကွာ တောင်းပန်တယ် ဟုတ်ပြီလား? တောင်းပန်ပါတယ်ဗျာ..."

နောက်ကနေ အတင်းလိုက်ပြီး သူ့လက်ကို ဆွဲယူကာ အတင်းလိုက်ချော့ပေမယ့် ထိုကလေးကတော့ မိမိလက်အကြားမှ ယှက်ကန် ယှက်ကန်နဲ့ အတင်းကို တိုးထွက်နေသည်...။

"ခင်ဗျား... သွားဗျာ ကျွန်တော့်ကို လာမဆွဲနဲ့ ခင်ဗျားကို သေအောင် မုန်းတယ် ကျွန်တော့်ကို ထပ်မလုပ်နဲ့နော်... ခင်ဗျား မျက်နှာ ဆုတ်ပြတ်သွားမယ်... မလုပ်ဘူးမထင်နဲ့"

"စိုးရိမ်လို့ကွာ... ကိုယ်ကတော့ တားမှာပဲ... မင်းသာ အဲ့လိုမဖြစ်စေချင်ရင် အကြောမမာနဲ့လေ...။"

"ခင်ဗျား မဆွဲနဲ့တော့လို့ ပြောနေတာလေ... ခင်ဗျား လုပ်ပစ်မှာနော်..."

ရုန်းထွက်ခွင့် (ဆန္ဒလျှံ - နှောင်းကြည်နူးထည်)Where stories live. Discover now