အပိုင်း (၁၅)

5.2K 507 58
                                    

ကိုယ့်ကိုကိုယ် ပိုင်ခဲ့တယ် ထင်ခဲ့တာ..
အားလုံးကို တွေးကြည့်လိုက်ရင်
ငါက မင်းအတွက်နဲ့
လည်ပတ်နေတဲ့အရာတစ်ခုထက်
ဘာမှမပိုခဲ့ပါဘူး......။

****

*ဖောင်း.....*

Zawgyi🍀🍀🍀

တန်ခူးလဆန်း (၁)ရက်နေ့...။

ရက်ရာဇာ ပြဿဒါးဆိုတာထက် ကျွန်တော့်ဘဝမှ တစ်စုံတစ်ဦး ထွက်သွားရမည့်နေ့...။ ချစ်မြတ်နိုးရသော ဖေ့ဖေ့အခြေအနေက ဆေးရုံဆေးခန်း ခေတ်မီဆေးပြင် ဆေးမြီးတို တစ်ချို့နဲ့ပါ ကုစားတာကြောင့် အရင်လို အရမ်းကြီးတော့ ရွံ့စောင်းမနေတော့ဘဲ အနည်းငယ်တော့ မပီမသ စကားတစ်ချို့ ပြောနိုင်လေပြီ.....။

ဘာပဲဖြစ်ဖြစ် ကျွန်တော် ကျေနပ်ပါသည်။ အနည်းဆုံးတော့ အဖေသည် ငုံးပေါက်ဆိုသော နာမ်စားတစ်ခုကို ပိုင်နိုင်စွာ သုံးနိုင်လေပြီ...။ အဖေ့ခြေသလုံးတွေကကို လိမ်းဆေးအနည်းငယ်နဲ့ ပွတ်လိမ်းပေးပြီး နှိပ်နယ်မှုပြုသည်..။ အဖေကတော့ ကျွန်တော့်ကိုသာ ငေးကြည့်ပြီး အကဲခတ်နေပုံရသည်.....။

"ဒေါ်လေး.... ဒေါ်လေးရီ သမီးတို့ ခဏ ဝင်ခဲ့မယ်နော်..."

အိမ်ရှေ့မှ ခေါ်သံကြောင့် အမေမှာ သန့်ရှင်းရေး လုပ်နေရင်းပင် ခေါင်းထောင်ကြည့်မိသည်...။ ထို့နောက်...

"သြော်... အေး မိဖြူတို့လား လာလေ ဘာပြောစရာရှိလို့လဲ??"

ထိုအခါမှ အသက်အရွယ်လွန်ပြီး အပျိုကြီး တစ်ဖြစ်လဲ ဟိုင်းနေသော မမဖြူနဲ့အတူ သူ့အဖော် မမကေသီပါ ပါသည်...။ လက်ထဲမှာလဲ Rubyဆေးလိမ်းတစ်ချို့နဲ့ပင် အမွေးဆပ်ပြာခဲ ခေါင်းလျှော်ရည်တစ်ချို့......။

"ဘာကိစ္စလဲ မိဖြူ ဘယ်သူ အခမ်းအနားရှိလို့လဲ??"

ဟုတ်သည်လေ ဒီလိုမျိုး ဆေးလိပ်တစ်ချို့နဲ့ ဆပ်ပြာခဲတစ်ချို့က ရွာတွေမှာဆိုလျှင် သာရေးအတွက်ပဲ သုံးကြသည်လေ...။ ဒါကိုပင် သိရှိလေသော အမျိုးသမီးခေါင်းဆောင် အမေဖြစ်သူက ချက်ချင်း မေးလေပြီ.....။

ရုန်းထွက်ခွင့် (ဆန္ဒလျှံ - နှောင်းကြည်နူးထည်)Where stories live. Discover now